(Zawgyi)
ပျော်ရွှင်ခြင်းဆိုတာ ကိုယ်တိုင်ဖန်တီးယူရတာမျိုး။ ဥပမာပြောရရင် ပျော်ပွဲရွှင်ပွဲတွေနဲ့ စိတ်ရွှင်အောင် လုပ်ပေးနေပေမဲ့လည်း ပျော်ချင်မှ ပျော်တာလေ။ ကိုယ်တိုင် ကိုယ်ကျသာလျှင် ဒီအရာသည် ပျော်ရွှင်ခြင်းဖြစ်သည်ဟု မှတ်ယူလိုက်လျှင် ပင်ပန်းပါစေ၊အချိန်တွေကုန်ဆုံးသွားပါစေ အဓိပ္ပါယ်ရှိနေမှာပါ။
YiBoအတွက်ပျော်ရွှင်ခြင်း အစစ်အမှန်ဆိုတာ ဘာကိုသတ်မှတ်ထားခဲ့တာလဲ။ သံစဉ်မြူးမြူးနဲ့ ကကွက်အသစ်တွေကို ဖန်တီးခြင်းလား။ သို့မဟုတ် ဖန်သားပြင်ပေါ်မှာ အပြုံးတု၊ မျက်ရည်အတုတွေနဲ့ သရုပ်ဆောင်ဖျော်ဖြေမှုတစ်ခုလား။ ကခြင်းကိုဝါသနာထုံခဲ့ပြီး ဒီခရီးရှည်လျှောက်ခဲ့ရတဲ့ YiBoအတွက် ပျော်ရွှင်ခြင်းအစစ်အမှန်ဆိုတာ ရှားပါသည်။ ကိုယ်တိုင်လည်း မသတ်မှတ်ဖူးသလို တာဝန်အရဆိုသည့် ကိစ္စရပ်များနှင့်သာ အချိန်ကုန်ခဲ့ခြင်း။
အခုအလုပ်သစ်တစ်ခု၊ တာလမ်းအသစ်တစ်ခုပေါ် စတင်ပြေးဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ စိတ်ပါဝင်မိသည်က ဒီဇာတ်လမ်းအတွက်ပင်။ ရှေးခေတ်ကာလကားဖြစ်သည့်အတွက်ကြောင့် လူအင်အားများမည်။ ဇာတ်ကောင်စရိုက်တွေကလည်း များလှသည်။ ထို့ကြောင့် ရိုက်ကွင်းတစ်ခုအတွင်း အဆက်အဆံပြုရမည့် လူပေါင်းများစွာနှင်အတူ တာဝန်ဆိုသည့် ကိစ္စရပ်ကြီးတစ်ခုအဖြစ် မကုန်ဆုံးချင်သောကြောင့် ဒီတစ်ခါတော့ YiBo အသင်းသားတွေနှင့်ဆီလျော်စွာ အမှတ်တရကောင်းများကို ဖန်တီးနိုင်ဖို့မျော်လင့်မိသည်။
"YiBo ဒါရိုက်တာကြီးက မင်းကိုမနက်ဖြန်ထပ်လာဖို့အတွက် ဖုန်းဆက်တယ်။ အခြေအနေကောင်းပြီထင်တာပဲ။"
ဝမ်းသားမိပါသည်။ Xiao Zhan Geရော အတူပါဝင်ခွင့်ရရင်သိပ်ကောင်းမှာပဲ။
"ဘာတွေ စဉ်းစားနေတာလဲ။ငါပြောတာကောကြားရဲ့လား။ "
"ကြားပါတယ်။"
YOU ARE READING
''The Best Present''
FanfictionZhan Geနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့ ကံကြမ္မာကြီးကို ကျွန်တော်အရမ်းကျေးဇူးတင်တာပဲဗျာ။ ။