နာကျင်ဆွေးမြေ့သောအမည်နာမ

4 1 0
                                    

အစ်ကို...

တသသရေရွတ်တမ်းတမိတိုင်း
တစ်စစီကျိုးကြေပျက်စီးရတဲ့ ဒီစိတ်နဲ့ခန္ဓာ..

လူတစ်ယောက်ကိုချစ်မိသွားတာက
ဆန်းကြယ်တဲ့အရာမဟုတ်ပေမယ့်
အစ်ကိုဆိုတဲ့လူသားကိုမှ
ချစ်မြတ်နိုးမိခြင်းကတော့ ဒဏ်ရာ..

ပိုချစ်မိလေ ဒီနှလုံးသားဟာ
လေစလနလေးတောင်
အတို့အထိမခံနိုင်တော့လေ ...
ပိုမြတ်နိုးမိလေ ပိုဆုံးရှုံးရလေ
အမြင့်မှာဘဲထားတာပါ
ဘာကြောင့်များ ခဏခဏမြင်ကွင်းထဲကနေ
ပျော်ကွယ်သွားရတာလဲ

butterfly effect •Where stories live. Discover now