ပန်းလေးပွင့် (က) 🌼

493 28 7
                                    

                     (unicode)

AN / တစ်နှစ်ကြီးနီးပါးတောင် update နားထားတဲ့ficလေးမို့ အစကနေတစ်ခေါက်ပြန်နွေးကြပါအုံး
နော် ပြီးမှဆက်ဖတ်နော် hehe ^--^

"ခွီး! "

ရင်ခေါင်းသံကြီးနဲ့ခွီချလိုက်သံကြီးကြောင့်နောက်လှည့်ကြည့်မိတော့ အခန်းဝမှာတစ်ဖက်တစ်ချက်စီမှီကာရပ်နေတဲ့ ကလေးမနဲ့မြေခွေးအကိုကြီး....

'ခွီ'သံကတော့ အခုထက်ထိပုခုံးကြီးနှိမ့်လိုက်မြင့်လိုက်နဲ့ကြိတ်ခွီနေသေးတဲ့ မြေခွေးအကိုကြီးထံမှ....

ခွီးခံရတဲ့ကျွန်တော်ကတော့ ကုတင်ပေါ်မှာ
ဖင်ဖူးခေါင်းကိုမိုးထိအောင်ထောင်လျက်သား...

ထောင်ရတဲ့အကြောင်းရင်းက မဟားတရားမျိုစို့ခြင်းရဲ့side effect "စားပိုးနင့်ခြင်း..."

တရားခံက ဖင်ဖူးခေါင်းထောင်ထားရင် အစာကြေလွယ်တယ်ဆိုပြီးထောင်ခိုင်းထားသောကုတင်ဘေးမှာရုပ်တည်ကြီးနဲ့လက်ပိုက်ကြည့်နေတဲ့ ဟိုအဘိုးကြီး...

"ဘယ်လိုတွေဖြစ်နေရတာလဲ အိမ်ရှေ့စံလေးက..''

ခပ်သော့သော့ရီရင်းမေးလာတဲ့ကလေးမကြောင့်
အဘိုးကြီးလက်ချက်ဖြစ်ကြောင်း မျက်စောင်းနဲ့သာအဖြေပြန်ပေးလိုက်သည်...

"မင်းကတော့ကွာကလေးကို ရုပ်တည်ကြီးနဲ့...''

မြေခွေးအကိုကြီးက လက်မောင်းကိုအသာလှမ်းရိုက်ရင်းပြောတော့ ချောင်းတွေထဟန့်တဲ့အဘိုးကြီး... အော်...ငါ့ကိုဂျင်းထည့်တယ်ပေါ့စောင်အဘိုးကြီး
ငါထင်သားပဲ...ထောင်ထားတဲ့ဖင်ကို 'ဖတ်' ခနဲပစ်ချရင်း လူသတ်ချင်နေကြောင်းsignalတွေကိုသာ အဘိုးကြီးဆီကြိတ်လွှတ်နေလိုက်တယ်...

"မအိပ်သေးဘူးလား အိမ်ရှေ့စံလေးက...''

ကုတင်ဘေးလာပြီးရုပ်တည်ကြီးနဲ့ ပြာကြမတတ်စိုက်ကြည့်နေမှတော့ဘယ်လိုလုပ်အိပ်ရမှာလဲ အဘိုးကြီးကဝမ်းတွင်းရူးနေလားမှမသိတာ...တော်ကြာအိပ်ပျော်သွားမှ လည်ပင်းတတ်ညှစ်နေရင် စောက်ကျိုးတွေနည်းကုန်မှာပေါ့လို့...

မအီမလည်ရုပ်ကလေးနဲ့အကြည့်တွေက ရီအိုဆီဝဲဝဲပြနေပြီး အကူညီတောင်းနေတဲ့သနားကမားရုပ်ကလေးနဲ့မို့ 'ဖယ်'ကပဲမနေနိုင်စွာ...

ပန်းတစ်ပွင့်ကောက်ကြောင်းWhere stories live. Discover now