မနက်၎နာရီလောက်တွင်
ကျင်းလင်တစ်ယောက်
ခေါင်းကိုက်လို့ အိပ်ရာကနိုးလာခဲ့သည်
သောက်ထားတဲ့အချိန်မပြေသေးတော့
အမြင်နဲနဲဝါးနေသည်
မျက်လုံးမဖွင့်ပဲခဏနေလိုက်သည်
ကျင်းလင်
စစ်ကျွေးနှင့်အတူတူအိပ်နေတယ်ဆိုတာမသိသေးပေ
သူ့ခန္ဓာကိုယ်လေးနွေးနေပြီးအိပ်လို့အရမ်းကောင်းတာပဲလို့တွေးနေသည်
ခေါင်းလေးကိုနံရံဘက်စောင်းလိုက်တော့
နှာခေါင်းထဲသို့ထိုးဝင်လာသောစံနကူးနံ့သင်းသင်းလေးကိုသူသဘောကြမိသည်
ခဏလောက်ကြာတော့
သူမျက်လုံးဖွင့်ကြည့်လိုက်တော့
သူ့ရှေ့တွင်စစ်ကျွေးကအိပ်နေပြီး
သူကစစ်ကျွေးကိုဖက်ထားသည်
စစ်ကျွေးကလဲပြန်ဖက်ထားသည်
ကျင်းလင်လဲလန့်ပြီးထအော်လိုက်မိသည်"အားးးးး…"
ကျင်းလင်အော်လိုက်သဖြင့်စစ်ကျွေးအိပ်နေရာမှလန့်နိုးလာခဲ့သည်
"ဘာဖြစ်လို့လဲအားလင်"
"စစ်ကျွေး…မင်းဘာလို့ငါ့အိပ်ယာပေါ်ရောက်နေတာလဲ"
"အမ်…အားလင်ဒါကိုယ့်ရဲ့အိပ်ရာလေ
အားလင်ကကိုယ့်အိပ်ရာပေါ်မှာလာအိပ်တာလေ""ဒါမင်းအိပ်ရာဖြစ်လဲ…မင်း…မင်းငါ့ကိုအပေါ်မတင်ပေးတာမဟုတ်ဘူးလား"
"မဟုတ်ပါဘူးအားလင်…အားလင်ကိုညကကိုယ်အပေါ်ပို့ပေးတာပဲလေ…အားလင်ကပြန်ဆင်းလာပြီး ကိုယ့်ဘေးကိုဝင်အိပ်နေတာလေ"
"ဟုတ်လို့လား…"
"ဟုတ်တယ်အားလင်"
"ဘာမှမဖြစ်ဘူးမဟုတ်လား…😒"
"ဟင်…ဘာဖြစ်ရမှာလဲအားလင်"
"ဘာမှမဟုတ်တော့ဘူး…ထားလိုက်တော့"
"အင်း…😊😊
အားလင်ညကမူးထားတာဆိုတော့
ထပ်အိပ်ဦးလေ""အင်း ခေါင်းနည်းနည်းကိုက်နေတာ ခဏအိပ်လိုက်ဦးမယ် "
ကျင်းလင်တစ်ယောက်အပေါ်ကုတင်သို့မြန်မြန်တက်သွားပြီးခဏအိပ်လိုက်သည်
တစ်ဖက်တွင်လဲ
ဇီကျင်းတစ်ယောက်မိုးလင်းတဲ့အထိ
အိပ်မပျော်နိုင်သေးပါဘူး
အိပ်မယ်လို့လုပ်လိုက်တိုင်း
ဟိုအကြောင်းကခေါင်းထဲဝင်ဝင်လာပြီး
ရင်တွေခုန်နေသည်
YOU ARE READING
အတွဲနှစ်တွဲရဲ့အလွဲလေးများ
Fanficဒီficလေးကmdzs fan ficလေးပါ အခုခေတ်စတိုင်မျိုးလေးပါ oocဖြစ်ပါတယ် အသိပေးတာပါ သာသာကသူတို့လေးယောက်ကိုကြိုက်လို့ စိတ်ကူးရှိရာလေးတွေးပီးရေးတာပါ