Zawgyi version
"ဆရာ....ဆရာ...!"
အသံကိုကြားနေရတယ်, ခေါင်းတစ်ခြမ်းမူးနောက်နောက်ဖြစ်ပြီးရှုပ်ထွေးမှုတွေနဲ့သူနိုးလာခဲ့တယ်. သူခေါင်းထဲကိုကျွဲဝင်ခွေ့ထားသလားတောင်အောင်းမေ့ရတယ်,သူခေါင်းကြည်အောင်လုပ်လိုက်တယ်,သူမျက်လုံးကိုဖွင့်လိုက်ပြီးကြည့်လိုက်တယ်,ပထမဆုံးမြင်လိုက်ရတာက မှုန်ဝါးဝါးဖြစ်နေတဲ့ အနက်ရောင်ကောက်ကြောင်းလေးကိုမြင်ရတယ်
ကြည့်ရတာသူ့ကို 'ဆရာ' လို့အော်ခေါ်နေတဲ့တစ်ယောက်နဲ့ တူတယ်... ငါက ဆရာ မဟုတ်ဘူးလေ သာမန်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ပါ ဝတ္ထုတွေကအသက်လို့ခံယူထားတဲ့သူလေးပါနော်..အား...! ဘာတွေလား...
သူ့ရဲ့အမြင်တွေကြည်လင်လာတဲ့အခါ....ချန်းရီဟိုက် တစ်ယောက်သတိထားမိတယ် သူ့ဘေးနားမှာ အသက်ငယ်ငယ်နဲ့ကောင်လေးတစ်ယောက် ကထိုင်နေတယ်ဆိုတာကို,သူ့ကိုစိတ်ပူပြီးစိုးရိမ်တဲ့အကြည့်တွေနဲ့စိုက်ကြည့်နေတယ်.....
"ဆ...ဆရာ! နောက်ဆုံးတော့နိုးလာပြီပေါ့, ဘုရားမလို့ ဘာမှမဖြစ်တာ..."
အသက်ငယ်ငယ်နဲ့ကောင်လေးက သူရဲ့စိုးရိမ်ပူပန်တဲ့မျက်နှာလေးနဲ့ပြောနေရှာတယ်
"ဆရာ,ဘယ်လိုဖြစ်တာလဲ တနေကုန်လုံးနီးပါး အပြင်ထွက်သွားပြီးပြန်မလာဘူး! ကျနော်နဲ့ တခြားတပည့်တွေကစိတ်ပူနေကြတာ....အဲ့တာနဲ့ကျနော်တို့ဆရာ့ကိုအပြင်ထွက်ပြီးလိုက်ရှာနေကြတာ"
ချန်းရီဟိုက် ရဲ့ဦးနှောက်ထဲကို ဘာအချက်အလက်မှ မရောက်သေးတော့ သူ့ခဗျာ အတော်အတန်ဘာမှမပြောနိုင်ဖြစ်နေတယ်:သူပါးစပ်ကနေတခုခုပြောတော့မဲ့ဆဲဆဲ သူ့စိတ်ထဲကနေရင်းနှီး တဲ့အသံကစကားပြောလာတယ်....
[707:: Hello!... Host ကြည့်ရတာနိုးလာပြီနဲ့တူတယ်! 'ကောင်းကင်ဘုံနတ်သတ်ကြွေခြင်း' ဆိုတဲ့ကမ္ဘာကနေကြိုဆိုပါတယ်ခင်ဗျာ~!... ]
ချန်းရီဟိုက် တောင့်တောင့်ကြီးဖြစ်သွားတယ်, သူ့စိတ်ထဲကနေပြီးတော့ အသိစိတ်ပြန်ဝင်လာပြီး
*မင်းကဘယ်သူလဲ?*
[707: O_o. ဟင်အခုကတည်းကကျနော်ဘယ်သူလဲဆိုတာမေ့နေပြီလား? ကျနော်စစချင်းပြောတဲ့ဟာတွေကောမမှတ်မိတော့ဘူးလား! host ကအရမ်းသွေးအေးတာပဲနော်.ဘား..T-T ကျနော်ပါ System 707]

YOU ARE READING
NO VILLAIN? No Problem
Fantasyချန်းရီဟိုက် ကသာမန် တက္ကသိုလ်ကျောင်းသားလေတစ်ယောက်နဲ့ မလိုက်အောင် အကြွေး လေးတွေပတ်လည်ဝိုင်းနေရှာတယ် သူက villain ဇာတ်ကောင်တွေကိုပဲသဘောကျနေရာကနေ ဝတ္ထုထဲရောက်သွားပြီး ဘယ်လိုပေါက်ကရတွေနဲ့ ဇာတ်လိုက်လိုက်နဲ့ ဘယ်လိုကတိကအောက်လေးတွေဖြစ်မလဲဆိုတာ.......အဟမ်း...သိ...