Unicode
စိတ်လှုပ်ရှားနေတယ်!!!
တိတ်တဆိတ်လေး ဖုန်းနဲ့ ဆက်သွယ်ဖြစ်ပေမယ့် schedulတွေ ကိုယ်စီနဲ့မို့ လူချင်းမတွေ့ရတာ ကြာပြီ.. ဒါကြောင့် အခုပွဲမှာ ပြန်ဆုံရမှာကို စိတ်လှုပ်ရှားနေတယ်...... Phone screen ပေါ်မြင်နေကျ ပုံရိပ်လေးက ဘယ်လိုလုပ် အလွမ်းထုထည်ကို ဖြိုခွင်းနိုင်မှာလဲ????ကျွန်တော်ကတော့ ကိုယ်စားပြု ဖြစ်တဲ့ အနက်ရောင်ကို ဝတ်လာပေမယ့် အစ်ကိုကရော အနီရောင်လေး ဝတ်လာမလား.... ကျွန်တော်တို့မတိုင်ပင်ထားပဲ နှလုံးသားတွေ ထပ်တူကျသေးရဲ့လား သိချင်တယ်!!
လှုပ်ရှားနေတဲ့စိတ်ကို ခဏမေ့ပျောက်အောင် ဖုန်းကို ဖွင့်ကြည့်ရင်း သိရတာက အစ်ကိုနဲ့ ကျွန်တော် ထိုင်ရမှာက P' Mean တစ်ယောက်ကို ခြားပြီးတော့တဲ့လေ...... ကိုယ်တိုင်တောင်မသိပဲ ပြုံးမိတော့ ဘေးက P'Titleတို့ စ,နောက်တာကိုခံရသေးသည်။
"အဲ့ရုပ်က ဘာဖြစ်နေတာလဲ"
"ဘာဖြစ်လို့လဲ....."
"မင်း.... Saintနဲ့တွေ့ရမယ်ဆို အဲ့လို ပြုံးစိစိဖြစ်ဖြစ်နေတာ ငါတို့ကို မသိဘူးများထင်နေလား"
"အဟမ်း..... ဟုတ်တယ်လေ မတွေ့ရတာ ကြာတော့ နည်းနည်းပျော်တာပေါ့"
"Awwww....."
သူတို့ရဲ့ မျက်စိဒေါက်ထောက်ကြည့်မှုနဲ့ နောက်ပြောင်နေမှုက တော်တော် နေရထိုင်ရခက်စေသည်။ ပွဲချိန်နီးလေ ကျွန်တော် စိတ်လှုပ်ရှားလေပဲ.....
နောက်တော့ ပွဲလုပ်တဲ့ နေရာကို ရောက်ခဲ့ပြီ.... နားနေခန်းထဲ အရင်ဝင်ပြီး ပြင်ဆင်စရာရှိတာပြင်ဆင် လေ့ကျင့်စရာ ရှိတာ လေ့ကျင့်ရင်းနဲ့ ပွဲချိန်တောင်နီးကပ်လာပြီ..... အစ်ကို ဘယ်ရောက်နေလဲ???
............................................................အနက်ဝမ်းဆက်အပေါ်ကနေ ကျားသစ်ကွက် Long coatကို ထပ်ဝတ်လိုက်တော့ ဘာမှမလိုအောင် ပြည့်စုံလို့.... ကိုယ့်နေရာကိုယ်ထိုင်ရင်း ဘေးတစ်ခုံကျော်က လူကိုမျှော်နေရသည်။
ဘာလို့ အဲ့လောက်ကြာနေတာလဲ???
ခဏနေတော့ တွေ့ပါပြီ!!! ကျွန်တော်ရဲ့ ကမ္ဘာကြီး..... လူတွေကြားမှာဟန်ဆောင်ရင်း ကိုယ့်ရင်ခုန်သံ ကိုယ်ပြန် စမ်းစစ်မိရသည်အထိပင်.....
ကမ္ဘာပေါ်က လူတွေသားတွေထဲမှာ ကျွန်တော့်အတွက် အစ်ကိုလိုလူ နောက်ထပ် မရှိတော့ပါဘူး..... ကျွန်တော်ထင်ထားတဲ့ အတိုင်းပဲ အနီရောင်ကို ဝမ်းဆက်ဝတ်လာတယ် ဘောင်းဘီက နဂါးရုပ်လေးက အချစ်သင်္ကတလေးပေါ့ ကျွန်တော့် အင်္ကျီက ကျားကွက်အဆင်လေးနဲ့အတူလေ....
YOU ARE READING
August 26th Memory (One shot)