ဂစ်တာမှာ လာနားတဲ့ လိပ်ပြာလေး...1

670 30 0
                                    

"Can...''
ရုတ်တရက် canကို တွေ့လိုက်တော့ နုတ်ခမ်းတေက အလိုလို ပြုံးပြလိုက်မိတယ်....
ဒါပေမဲ့ မျက်နှာကို တည်လိုက်ကာ မျက်နှာလွှဲလိုက်တဲ့ canကြောင့် peteတောင်ရှက်သွားရတယ်
Canဆပင်အရောင်ကို အပန်းရောင်ဆိုးလိုက်တာပဲ
အရင်က အနက်ရောင်ရှိတဲ့ဆံပင်တေကအစပြောင်းလဲသွားတာ canပါလား....

"Can..အဲ့တာ နင်ပြောပြတဲ့ peteဆိုတာလား သူသိပ်လှတာပဲလား သြော် သိပ်ချောတာပဲလို့ပြောတာ...''

Pingစကားကြောင့် can မျက်နှာကို မဲ့လိုက်မိတယ်...

"အရင်က သူအဲ့လောက်မချောဘူး သာမာန်ပဲ အခုမှ ပိုချောလာတာ...လာပါဟာ သွားမယ် သူ့အကြောင်းမပြောချင်ဘူး''

Canလဲ peteလက်တေကို ဆွဲကာ မြန်မြန်ထွက်ခဲ့လိုက်တယ်

"ဟာ...sorry ကျနော် မမြင်လို့ပါ....''

Peteရဲ့ လည်ပင်းက လက်ကိုင်ပဝါအနီလေးက လေထဲလွင့်ကာ လူတယောက်က နင်းမိသွားခြင်းပါ...

"ရပါတယ်..မတော်တဆပဲ...''

ထိုသူက လက်ကိုင်ပဝါကိုကောက်ကာ နှမြောနေသယောင်...
"ကျနော် ပြန်ဝယ်ပေးပါ့မယ်...''

"ရတယ်...အဟောင်းကြီးပါ...''

Peteလဲ မြန်မြန်ပဲ ထိုလူရှေ့ကထွက်လာခဲ့လိုက်တော့တယ်

အိမ်ကို ပြန်ရောက်နေလဲ စိတ်က မတည်ငြိမ်သေးဘူး...
အချစ်ဆုံး သူငယ်ချင်းက စိမ်းကားရက်စက်သွားခဲ့သူလေ...
အခုလိုပြန်ဆုံတော့ သူ့ကို မသိသလို မျက်နှာ လွဲသွားတယ်...

"သားရေ ဒယ်ဒီလေးရဲ့ ညီမ မင်္ဂလာဆောင် လိုက်ခဲ့အူးနော်...''

မေမေက တမျိုး... သူ့ပထွေးကို ဒယ်ဒီလေးလို့ ခေါ်ခိုင်းတဲ့အပြင်အခုလဲ သူ့အမျိုးမင်္ဂလာဆောင်ကို ထပ်ဖိတ်နေပြန်တယ်..

"မေမေ သား ပုံနှိပ်တိုက်မှာ စာချုပ် သွားချုပ်ရမှာ အဲ့နေ့က မလိက်ုတော့ဘူး... ''

Pete အလိမ္မာလေးနဲ့ပဲငြင်းလိုက်မိတယ်...

"အေးးပါ  သားရယ်....''

Peteလဲ ရေမိုးချိုးပြီး စာကြည့်ခန်းထဲဝင်ကာ စာရေးနေလိုက်တော့တယ်...

"ဟေ့ရောင် Ae....'''

"ဟာ...pond မင်းဘယ်က လှဲ့လာတာတုန်း......မတွေ့တာတောင်ကြာပြီ....''

Pondကို မြင်လိုက်ရတော့ Aeပျော်သွားတယ်...
Ae မင်္ဂလာဆောင်တခုမှာ ဖျောေ်ဖြရမှာမို့ အိမ်မှာ နားကာ သီချင်းတိုက်နေတာ...
"မင်းက အဆိုတော်ကြီးဖြစ်နေပြီဆိုတော့ ငါတို့နဲ့တွေ့ဖို့ ဘယ်အားမလဲ...''
"ဟေ့ရောင် မင်း အားမချောင်နဲ့... ထုထဲ့လိုက်မယ်...
လက်ထဲမှာလဲ လက်ကိုင်ပဝါကြီးနဲ့ ဘာလုပ်တာလဲ....''

"ဒီလိုကွ.... ငါကွာ................အာ့ပဲ... ''

"မင်းက ဖြစ်ရမယ်.... ''

"မင်းငါ့ကို မလှောင်နဲ့... သူက ယောကျားလေးသာဆိုတယ် အရပ်မြင့်မြင့်နဲ့ အသားကလဲ ဖြူဖွေးပြီး ကြည်လင်နေတာ...
ဆံပင်က နီညိုလေး နုတ်ခမ်းတေဆိုလဲ ရဲလို့ကွာ....''

"ဟင်...မင်းတွေ့ခဲ့တာ peteလားမသိဘူး....''

Ae ...ရုတ်တရက် နှလုံးသားတေ ပြန်လှုပ်ရှားလာတဲ့ လူသေလို နှလုံးခုန်သံတေကို ကိုယ့်ကိုတောင်ပြန်ကြားနေရတယ်
Pete ကိုယ့်အမှားတေကို ပြင်ဆင်ပြီး မင်းရှေ့မှာ လူကောင်းတယောက်ဖြစ်ဖို့ အသင့်ရှိနေပြီ ဆိုတာ သိစေချင်လှပြီ...

"မင်းရဲ့ peteဟုတ်လား....''

"အေးကွ...ငါမင်းတို့ကို မပြောပြရသေးဘူးလား
အေးထားပါ မင်းပြောတဲ့ထဲမှာ ဆံပင်နီညိုလေးပဲကွာတယ်..
ကျန်တာ အကုန်peteမှpeteပဲ....''

ဟုတ်တယ် pond အိမ်လာတာ Aeအတွက် လမ်းစပဲ...

"မင်းနောက်တခါများ ဆုံခဲ့ရင်ကွာ ငါ့ကို အကြောင်းကြားပေး...ဟုတ်ပြီလား''

Ae ရင်တေ တ်ေတော်ခုန်နေတယ်...
Peteကို စတွေ့တုန်းကလို အရမ်းနဲ့ တတ်ကြွနေတဲ့ ကောင်ငယ်လေးတယောက်လိုပေါ့....

ရုတ်တရက် လေပြေလေးတိုက်ခတ်သွားတယ် ဖျက်ကနဲသစ်ရွက်လေးကြွေကျသွားတယ် ဖျက်ကနဲဆို နှလုံးသားလေးလဲ ခုန်သွားတယ်

The end

Part2 is coming soon

#NoraHnintThitOo
#PerthSaintforever
#ဂစ်တာမှာလာနားတဲ့လိပ်ပြာလေး

ဂစ်တာမှာလာနားတဲ့ လိပ်ပြာလေးWhere stories live. Discover now