အပိုင်း(၁)
9K 318 4
ကျန်းနန်အဆင့်မြင့်ပုဂ္ဂလိကတက္ကသိုလ်
အဆင့်မြင့်ကျောင်း ဆိုတာနဲ့အညီ မူလတန်းကနေ တက္ကသိုလ်ထိ ရှိတဲ့အပြင် ကျောင်းမှာရှိသမျှ ကျောင်းသားကျောင်းသူတွေဟာ နာမည်ကြီး စီးပွါးရေးသမားတွေ အစိုးရလူကြီးပိုင်း ပုဂ္ဂိုလ်တွေ နာမည်ကြီးအနုပညာရှင်တွေရဲ့ ရိပ်မြုံကနေ ပေါက်ဖွားလာကြတဲ့ မျိုးဆက်သစ်တွေများပါတယ်။
ကျောင်းဝင်ခွင့်ဟာလည်း အင်မတန်ကို ခက်ပါတယ်။
ဝင်ခွင့်ခက်တယ် ဆိုတာနဲ့အညီ လူတော်တွေလည်း သိပ်များတဲ့ကျောင်းရယ်ပါ၊ စာညံ့သူတွေ အနေနဲ့က တစ်နိုင်ငံလုံး အဆင့်ဇယားအရဆိုလျှင်တောင် အဆင့်(၁၀၀)အတွင်း ရှိသူတွေပါ။
မိဘတွေရဲ့ဂုဏ်ရှိန်ဝါတွေကြောင့် သားသမီးတွေကလည်း အဆင့်လိုက်ရိုသေသမှုထားရကာ ပိုချမ်းသာသူက အမြဲတမ်း အထက်မှာပေါ့။
ကျောင်းသားအချင်းချင်း အဆင့်လိုက်ကြောက်ရတာထား၊ ဆရာတွေကပါ မိဘတွေကြောင့် တပည့်တွေကို တချို့နေရာတွေမှာ မသိချင်ယောင်ဆောင်လိုက်ရတာ အများကြီးရှိသေးတယ်၊ ဒီအထဲမှာမှ ကျောင်းရဲ့ Founderလဲဖြစ် ကျောင်းရဲ့ ထောက်ပံ့သူလည်းဖြစ်တဲ့ မြို့ရဲ့မျက်နှာဖုံး မစ္စတာXiaoရဲ့ တစ်ဦးတည်းသော ရင်နှစ်သည်းခြာ သားလေးကို ဘယ်သူတစ်ဦးတစ်ယောက်မှ မထိရဲ မပြောရဲ ယုတ်စွအဆုံး မော်ပင်မကြည့်ရဲကြချေ။
သူက အထက်တန်း နောက်ဆုံးနှစ် ကျောင်းသားလေး Xiao Zhan!!!
"မောနင်း Xiao Zhan"
"အင်း"
Canteenရှိရာ အခန်းထဲ ချိုးကွေ့ပြီး သီးသန့်ခန်းထဲ ဝင်လိုက်တော့ သူငယ်ချင်းဖြစ်သူ Yu Binက လှမ်းနှုတ်ဆက်ပြီး လှည့်လက်စ Cubeကိုဆက်လက် ဆော့ကစားနေလေသည်။
"Bingo!!!1min 55sec...but ငါခုထိ မင်းစံချိန်ကိုမချိုးသေးဘူး"
"ညနေ Clubသွားမလို့"
"ချိန်းပွဲလား"
"အင်း"
Club သွားတာ ပျော်ဖို့မဟုတ်ပဲ ချိန်းပွဲဆိုတာ လူတိုင်းသိသလို ရှုံးပွဲလည်း တစ်ခါမှမရှိတဲ့ Xiao Zhan။