(2)

474 83 11
                                    

(Zawgyi)

အပြင်မှာ မိုးက ပိုသည်းလာသည်…
တစ်ညလုံး ရွာမယ့်ပုံပဲ ။

ဂျွန်မြောင် ရေမိုးချိုး ညစာစားပြီးတာတောင် အိတ်ပိုင်ရှင်က အခုထိ ပေါ်မလာခဲ့ ။

ဘာလဲဟ ဒီကောင်!

ဂျွန်မြောင် ကုတင်ရဲ့ တစ်ဖက်ခြမ်းမှာ ဝင်ထိုင်လိုက်တယ် ။ ဖယ်ပစ်လိုက်ရင် ရပေမယ့် ကိုယ်နဲ့ မဆိုင်တဲ့ သူများပစ္စည်းကို ထိတောင် မထိချင်ပေ ။

ည (၈) နာရီ …။

အပြင်က အဆောင်တွေနဲ့ မတူဘဲ ဂျွန်မြောင်တို့ ကျောင်းအဆောင်က  ည(၈) ခွဲဆိုတာနဲ့ တံခါးပိတ်မှာ…
ဒီအချိန်မှတော့ လာမှာ မဟုတ်တော့ဘူး ။

ပုံမှန်ဆို ဂရုစိုက်မိမှာ မဟုတ်ပေမယ့် အဆောင်မှူးက ပထမတစ်ရက်လေးတော့ အလိုက်အထိုက်နေပေးဖို့ သေချာမှာထားလို့သာ ။

ဂျွန်မြောင် စာကြည့်စားပွဲမှာ ဝင်ထိုင်ရင်း သူ့စိတ်အာရုံကို ကြည့်ရမယ့် စာတွေထဲမှာ နစ်မြှုပ်လိုက်သည်။အရာအားလုံးက နေ့စဉ် ဖြစ်ရိုးဖြစ်စဉ် ပုံမှန်အတိုင်း နေသားတကျ ။

…………

အချိန်တွေ ဘယ်လောက်ကြာသွားမှန်း မသိလိုက်ချေ။ 

မိုးသံ လေသံတွေကြားကနေ အခန်းတံခါးဆီက တဂျစ်ဂျစ် အသံကြောင့် ဂျွန်မြောင် မတ်တပ်ထရပ်မိသည် ။

ဒီအချိန်ကြီး ဘယ်သူက ?

လွန်ခဲ့တဲ့ နာရီအနည်းငယ်က အဆောင်မှူး လာစစ်ပြီးသွားပြီ ။ ဂျွန်မြောင် စာလုပ်နေတာမို့ တံခါးတောင် ထမဖွင့်ပေးဖြစ် ။ အကြောင်းသိနေတဲ့ အဆောင်မှူးကလည်း ဘာမှ မပြောဘဲ ထွက်သွားသည် ။

အသံက တဖြည်းဖြည်း ကျယ်လာတာမို့ သတိအနေအထားနဲ့ ရပ်နေရင်း လက်ထဲမှာ ခေါက်ထီးရိုးကို အသင့်ထုတ်ထားလိုက်သည်။

ဂျွန်မြောင် ရှေ့ကို နှစ်လမ်းလောက် ဆက်တိုးလိုက်တဲ့ အခါမှာတော့ တံခါးက တဖြည်းဖြည်းပွင့်လာလေသည် ။ ဂျွန်မြောင် မျက်တောင်မခတ်စတမ်း ရှေ့ကို စိုက်ကြည့်နေခဲ့သည်။

အဲ့ဒီ့အချိန်မှာ တံခါးနောက်မှာ တဖြည်းဖြည်းပေါ်လာတဲ့ အမည်းရောင်အရိပ် ကလည်း ဂျွန်မြောင့်ကို  အံ့သြတကြီးနဲ့ ကြည့်နေ၏။

Love in the rainWhere stories live. Discover now