ကာင်မလေးတယောက် နဲ့ Golden Retriver ရွှေရောင်ခွေးတကောင် ထင်ရှူးတောလမ်းလေးအတိုင်း လမ်းလျှောက်နေကြသည် တခါတလေ ကောင်မလေးက ဝက်ဝံရုပ်သေးသေးလေးကို ပစ်လိုက်သည် ခွေးလေးကလည်း ထိုအရုပ်နောက်ကို ပြေးပြီး လိုက်ဖမ်းနေသည် ရယ်ရင်း ပြုံးရင်းနဲ့ လမ်းလျှောက်ထွက်နေကြသည်
ထိုစဉ် ကားတစီးက သူတို့ လမ်းလျှောက်နေသော လမ်းမအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်လာသည် လမ်းအကျယ်ကြီးမို့ အရှိန်ပြင်းစွာ မောင်းလာသော်လည်း ကောင်မလေးက အေးဆေးဘဲလမ်းဆက်လျှောက်နေလိုက်သည် ဒါပေမယ့် နီးလာလေလေ ကားရဲ့ ဦးတည်ရာက သူမဆီဆိုတာ သူမရိပ်မိလာသည်မို့ ကြောက်လန့်တကြားနဲ့ ပြန်လှည့်ပြေးဖို့ ကြိုးစားလိုက်သည်
ဒါပေမယ့် သူမရဲ့ ကြိုးစားမှုက အချည်နှီးသာ
"ဒုန်း"
အသံနဲ့အတူ သူမ လေထဲမြှောက်တက်သွားသည် ထို့နောက် ကားလမ်းပေါ် ပြန်ပြုတ်ကျသည် ကားလမ်းမပေါ်မှာ သူမတယောက်တည်း သွေးသံရဲရဲနဲ့ ငြိမ်သက်နေသည်
Mark2 ငွေမှင်ရောင်ကားလေးကတော့ နောက်ကို အနည်းငယ်ဆုတ်ပြီး အရှိန်ပြင်းစွာ ဆက်မောင်းသွားသည်
************* ************* ********
ဆောင့်ကြီးအောင့်ကြီး ရပ်သွားသော czi ဆိုင်ကယ်ပေါ်မှ ဆင်းကာ ဆိုင်ကယ်ကို သူ ခါးထောက်ရင်း ကြည့်နေလိုက်သည် အလုပ်သွားလျှောက်တာမှ အဆင်မပြေရတဲ့အထဲ ဆိုင်ကယ်က တမှောက် သူတွေးရင်း တွေးရင်း ဒေါသထွက်လာတာကြောင့် ဆိုင်ကယ်လက်ကိုင်ကို ယမ်းခါလိုက်သည်
"ဝုန်း "
မထိန်းနိုင်တော့ဘဲ သူရော ဆိုင်ကယ်ပါ လမ်းဘေးဘက် လဲကျသွားသည်
"အား"
ဘာမှအဆင်ပြေဘူးဟု ခံစားချက်ကို ခံစားမိသောကြောင့် သူ အာလောင်လြစ်အော်လိုက်သည် သူဘယ်လောက်တောင် ယမ်းခါလိုက်သည်မသိ လဲကျသွားသော အရှိန်က အတော်ပြင်းသည် ဆိုင်ကယ်လဲကျချိန်မှာတော့ သူ့ရဲ့ ပင်ကို အသိစိတ်အရ သူ အသာလေး ခုန်ရှောင်လိုက်သည် လမ်းနဲအတော်ဝေးဝေးနေရာမှာ သူဖင်ထိုင်ရက် ပြန်ကျသည်
ခိုးလို့ ခုလု အထိအတွေ့ကြောင့် သူပြန်ထရင်း ဘောင်းဘီဖင်ကို ခါလိုက်သည်
"အယ် "
သူဖင်ထိုင်ရက်ကျခဲ့သော နေရာမှာ bluetooth နားကြပ်လေးတခု လမ်းဘေးမှာကျနေတာကြောင့် အကောင်းရော ဟုတ်ပါ့မလား
"အလကားရနည်းလား"
သူဘာမှ မစဉ်းစားဘဲ ကောက်ယူလိုက်သည် မကောင်းတော့လည်း အိမ်ကျလွှင့်ပစ်လို့ရတာဘဲ မဟုတ်လား လဲနေသော ဆိုင်ကယ်ကို ရှိသမျှအားအကုန်နီးပါးသုံးကာ ဖျစ်ညှစ်ပြီး သူ ပြန်ထူလိုက်သည်
"ဟူး"
သူသက်ပြင်းချပြီး ဆိုင်ကပ်နား ထိုင်ချလိုက်သည် ပလပ်လဲသင့်ပြီ ခဏခဏဖြစ်နေရင်တော့ မကောင်းတော့ဘူး သူ ခဏထိုင်ပြီး ဟိုငေးဒီငေးလုပ်နေလိုက်သည် ဒီရက်ကွက်က အတော်လူနည်းတာကိုး
ဆိုင်ကယ်ပေါ် ပြန်ခွလိုက်သည် ဒီအချိန်ဆို ဆိုင်ကယ်ကောင်းလောက်ပြီ ကိုယ့်ပစ္စည်းနဲ့ကိုယ်က အထာသိပြီးသားပါ
သူဆိုင်ကယ်ကို အသာမောင်းထွက်လိုက်ချိန် ရုတ်တရက် အေးသွားကာ ကြက်သီးထသွားသည် သူ့စိတ်ထဲ ထိတ်သွားကာ အမြန်မောင်းထွက်ခဲ့သည် သရဲကတော့ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ပေါက်စဖြစ်ဖြစ် ကြောက်သည်
အိမ်ဝင်းထဲသို့ ဆိုင်ကယ်ကို မောင်းဝင်ရင်း သူစိတ်လေးလာမိသည် အမေကတော့ ပူညံပူညံ လုပ်ဦးမှာ အသေအချာဘဲ
"မရခဲ့ဘူးမလား"
သူအိမ်ထဲဝင်ဝင်ချင်း ထိုင်ရာမှမထဘဲ မေးလိုက်သောအမေ့စကားကြောင့် သူပိုစိတ်လေသွားသည် ကြာတော့ အမေလည်း အထာနပ်နေပြီ ဒီလို တပ်ခေါက်ပြန်လာရတာ တခါ နှစ်ခါလည်းမဟုတ်တော့ အမေလည်း အထာနပ်နေပြီထင်ပါ့
"မရမှန်းသိသိနဲ့ အမေက ဇွတ်လျှောက်ခိုင်းတာကိုး"
သူ စိတ်ပေါက်ပေါက်နဲ့ အမေ့အား ပြန်ပြောလိုက်သည်
"နင် ဘွဲ့ရတာ ဘယ်လောက်ကြာပြီလဲ ငါတို့ကတော့ နင့်ကို ခြံထဲမခိုင်းရက်လို့ အလုပ်ကောင်းကောင်း ရပါစေဆိုပြီး ပညာတတ်အောင် အပင်ပန်းခံ အကုန်ကျခံပြီး ကျောင်းထားတာ နင်က အခုထိ အလုပ်မရသေးဘူး "
သူ ထိုင်ခုံပေါ်ထိုင်ချပြီး မေးထောက်ပြီး အမေ့စကားကို နားထောင်နေလိုက်သည် ဘွဲ့ရပြီးတာနဲ့ အလုပ်ကောင်းကောင်းရပြီး အေးဆေးနေရမည်ထင်နေသော အမေ့ရဲ့ ခေတ်မမှီတော့သော အတွေးအခေါ်ကို သူ ဘယ်လိုဖျောက်ရပါ့မလဲ
"ဗိုက်ဆာလာပြီမလား"
အမေကပြောပြောဆိုဆု အဖီချထားသော မီးဖိုချောင် ထဲ ဝင်သွားသောကြောင့် သူထိုင်ရာမှ ထလိုက်လာခဲ့သည် အပြင်မှပြန်လာတိုင်း ထမင်းကျွေးတတ်သော အမေ့ကြောင့် သူအပြင်သွားတိုင်း ဘာမှမစားတတ်ပါ စားစရာ ပိုက်ဆံ မရှိတာကြောင့်လည်း ပါတာပေါ့လေ
"အဖေရော "
သူထမင်းစားရင်း အဖေ့ကို မေးလိုက်သည် အပြင်မှပြန်လာကတည်းက အဖေ့ကို မမြင်မိသေးပါ
"နင့်အဖေ ပန်းပင်တွေ ရိုးတံခြွေနေတယ် ထမင်းစားပြီးရင် သွားလုပ်ကူလိုက်ဦး"
အမေ့ကို ခေါင်းညိတ်ပြရင်း သူထမင်းသာ ဆက်စားနေလိုက်သည် အဖေနဲ့အမေက သူတို့မောင်နှမ နှစ်ယောက်အား ခြံစိုက်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့သည် ညဆိုလျှင်တော့ အမေက သိုမွှေးဆွယ်တာထိုးပြီး ပြင်ဦးလွင်မြို့ပေါ်က ဆိုင်ကြီးတွေဆီ သွင်းသည် ကြီးပွားချမ်းသာချင်သော စိတ်နဲ့အတူ သူကိုယ်တိုင်ကလည်း အလုပ်ကြိုးစားသည် ထို့ကြောင့်လည်း ကျွန်တော့်အားပိုကြည့်မရပုံပေါ်သည်
ထမင်းစားပြီးတော့ သူပန်းညှပ်သည့် ကတ်ကြေးယူကာ ခြံထဲဆင်းလာခဲ့သည်
"အဖေ "
သားအဖနှစ်ယောက် ပန်းအငုံပွင့်များကို အာရုံစိုက်နေရာမှ သူအဖေ့အား လှမ်းခေါ်လိုက်သည်
"အင်း"
အဖေကတော့ ထူးတယ်ဆိုရုံမျှသာ ထူးသည်
" သုအပြင်မှာ အလုပ်မလုပ်ဘဲနဲ့ ခြံထဲမှာဘဲ အလုပ်လုပ်လို့မရဘူးလား "
သူ့စကားနားထောင်ပြီး အဖေကပြုံးသည်
"သုအမေကို ရအောင်ပြောလေ သုအမေသဘောတူရင်ရတယ်"
အဖေ့စကားကြောင့် သုမျက်နှာ ရှူံ့မိသည် အမေ့ကို ပြောလို့ကတော့ နင့်ကို ဘွဲ့ရအောင် ပညာသက်ခိုင်းတာ ခြံစိုက်ဖို့မဟုတ်ဘူး ခြံစိုက်စေချင်မှတော့ ဘွဲ့ရအောင်မထားဘူး ၄တန်းအောင်ရင် ကျောင်းနှုတ်တယ် ဒီစကားတွေဘဲလာလိမ့်မယ် ဘွဲ့ရလည်း ခြံစိုက်ချင်စိုက်မှာပေါ့ ဘာဘဲဖြစ်ဖြစ်ပါ အလုပ်ရှာမရသေးသရွေ့တော့ သူ ခြံစိုက်လို့ရနေသေးတာဘဲ air con ခန်းထဲ အလုပ်လုပ်ဖို့ထက် ရွှံတွေ ဗွက်တွေကြားမှာ အပင်ပြုစုနေရတာကို ပိုပျော်တာ အမှန်ပါ
ငုံ့ကျသွားသော သမီးမျက်နှာကိုကြည့်ရင်း ဦးစံလင်း ပြုံးလိုက်သည် သူ့အမေနဲ့ ကတောက်ကဆ မဖြစ်ချင်၍သာ သမီးဆန္ဒကို သူခွင့်မပြုတာ တကယ်ဆို သမီးရဲ့ ခြံစိုက်ချက်သောစိတ်ကို သူနားလည်သည် လိုက်လည်းလိုက်လျောပေးချင်သည် ယောကျိားလေးပုံစံသာနေတတ်သော သမီးအတွက် အလုပ်ရှာရတာ သူများတွေထက် ပိုခက်ခဲမယ်ဆိုတာ သူသိနေပေမယ့် ချစ်ဇနီးနဲ့တော့ ပြဿနာမတက်ချင်ပါ
" ဒုန်း ဝုန်း "
ပျဉ်ထောင်အိမ်လေးပေါ် ဆောင့်တက်သွားသော ခြေသံများကြောင့် သုလင်းစံ ပြန်လာပြီမှန်း သူမသိလိုက်သည်
"ဗိုက်ဆာတယ်"
အသံလေးတဆာဆာနဲ့ ပတ်အော်နေတော့သည်
"သားလေး ရေချိုး ပြီးရင် မေမေ ထမင်းကျွေးမယ်"
အမေကတော့ သူ့သားဆို သည်းသည်းလှုပ်ပြီးသားပါ သုလင်းစံနဲ့ သူမနဲ့က အရွယ်တော်တော်ကွာသည် သူမ ဘွဲ့ရပြီးတောတောင် သူ့ခမျာ နှစ်တန်းဘဲရှိသေးသည် အဖေနဲ့အမေ အသက်ကြီးမှ ကံပေါ်ပြီးမွေးလာသော ကလေးလေး သူ့ကိုသာ သမီးမွေးပြီး သားလိုချစ်ခဲ့ရသမျှ သုလင်းစံ မွေးလာတော့ ဖေဖေနဲ့ မေမေခမျာ ပုံအောချစ်တော့သည်
သိပ်အပြည့်စုံကြီး မဟုတ်ပေမယ့် ပွစိပွစိပြောနေတတ်တဲ့ မေမေရယ် အေးဆေးနေတတ်တဲ့ ဖေဖေရယ် ချစ်ဖို့အရမ်းကောင်းပြီး စလို့ကောင်းတဲ့ မောင်လေးတယောက်ရယ်နဲ့ နေရတာကို ပျော်ပါသည် အမေက အပြင်မှာ အလုပ်ဇွတ်လုပ်ခိုင်းနေတာကလွဲရင်ပေါ့လေ
သူတောင်တွေးမြောက်တွေး တွေးနေရာမှ နေ့လည်က ကောက်ထည့်ခဲ့သော bluetooth နားကြပ်ကို သတိရလိုက်သည် ကောင်းမကောင်း စမ်းကြည့်ရမည်
သူ ဖုန်းနှင့် ချိတ်ပြီး စမ်းနားထောင်ကြည့်ရန် လုပ်နေစဉ် ရုတ်တရက် အိမ်သာသွားချင်စိတ် ပေါက်လာသည် အိမ်သာက အိမ်အပြင်ဘက်မှာမို့ သူဖုန်းပါကောက်ယူပြီး အိပ်ရာထဲမှ ထလာလိုက်သည် bluetooth နားကြပ်လေးကတော့ သူ့ရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားလျက်ပါဘဲ
ခါတိုင်းလည်း သွားနေကြဖြစ်တာကြောင့် လရိပ်အောက်မှာလှနေသော ပန်းပင်များကို ကြည့်ရင်း အိမ်သာဆီလာခဲ့သည်
"ရှပ် ရှပ်"
နောက်မှကပ်ပါလာသော ခြေသံကြောင့် မေမေ ထကြည့်သလားလို့ သူလှည့်လိုက်သည် ဘာမှမတွေ့ဘဲ လေနဲ့အတူ ယိမ်းနေသော ပန်းပင်များကိုသာ တွေ့ရသည် အိမ်သာက ခြံထောင်စွန်းမှာမို့ သူ ဆက်လျှောက်လာခဲ့သည်
"ရှပ် ရှပ်"
နောက်မှ ထပ်ကြားလိုက်ရသော ခြေသံကြောင့် သူစိတ်တုန်လှုပ်မိသည် သရဲများလား ဒီခြံထဲမှာ တသက်လုံး နေခဲ့သမျှ ဒီလိုအဖြစ်မျိုး အခုမှသာ ကြုံဖူးတော့သည်
သူအိမ်သာဆီပြေးသွားကာ အထဲဝင်ပြီး တံခါးဂျက်ချလိုက်သည်
"ဟူး"
သက်ပြင်းလေးလေးကို မှုတ်ထုတ်ရင်း သူ ကြောက်စိတ်တချို့ကို ဖြေလျော့လိုက်သည် သရဲတော့မဖြစ်နိုင်ပါဘူး တခုခုနေမှာပါ သူ့စိတ်ကို ဖြေတွေးရင်း သူအိမ်သာတံခါးဖွင့်လိုက်ချိန်မှာတော့
သူကျောက်ရုပ်လို တောင့်တောင့်ကြီးရပ်ကာ သူ့မျက်စိရှေ့မှ မိန်းမပျိုကို ကြည့်နေမိသည် အသက်ရှူနေမိသလား မရှူမိသလားတော့မသိ သေချာတာကတော့ မျက်တောင်မခတ်မိပါ
အားကစားဝတ်စုံဝတ်ထားပြီး ညိုးငယ်သောမျက်ဝန်းအစုံနဲ့ မိန်းကလေးဟာ သရဲဆိုရင်တောင် ချသ်စရာအရမ်းကောင်းနေသည် သူစကားပြောရန် ပြင်နေချိန်မှာဘဲ ထိုမိန်းမပျိုက ပျောက်သွားသည် သူလည်း တချိုးတည်းပြေးကာ အိပ်ရာထဲဝင်ပြီး စောင်ကို လုံအောင်ခြုံလိုက်သည်
အဲ့ဒီမိန်းကလေးက သရဲလား သရဲဆို ဘာဖြစ်လို့လှနေရတာလဲ ရုပ်ဆိုးတဲ့သရဲက ငါ့ကိုဖမ်းစားဖို့များ တမင်လှအောင် ရုပ်ပြောင်းထားတာလား သူတွေးရင်းတွေးရင်း သူ့စောင်လှုပ်လာသလို ခံစားရသည် ထို့ကြောင့် အောက်ကို မကြည့်ရဲကြည့်ရဲ ကြည့်လိုက်ရာ တဆတ်ဆတ်တုန်နေသော သူ့ဒူးကို တွေ့လိုက်ရသည်
"အဖေ အမေ"
စောင်ကိုခေါင်းထိခြုံပြီး အဖေတို့အခန်းရှေ့ တံခါးခေါက်လိုက်သည်
"ဘာလဲ"
အမေ့ရဲ့ ထူးသံကို အရင်ကြားရသည်
"အမေတို့ အခန်းထဲလာအိပ်မလို့"
သူ့စကားအဆုံးမှာ အမေက တံခါးဖွင့်ပေးသည် သူ့ကို ဘာမှတော့ မမေးပါ အမေတို့အခန်းထဲရောက်မှ သုလည်း စိတ်ဒုန်းဒုန်းချပြီး အိပ်ပျော်တော့သည်
"သုသုရေ သုသုရေ"
အော်သံနဲ့အတူ ခြေသလုံးပေါ်မှာ လေးလံစွာ ခံစားလိုက်ရသည် သူမျက်လုံးကို အတင်းဖွင့်ကြည့်တော့မှ သူမ ခြေသလုံးကို ကျော်ခွလိုက် တက်နင်းလိုက် ခုန်နေသော မောင်ဖြသ်သူကို တွေ့လိုက်ရသည်
"နိုးပြီဟ ငါနိုးပြီ "
သူမခြေသလုံး ကျိုးသွားမည်စိုး၍ အသံပေးလိုက်သည်
"နိုးရင် ဒီနေ့ သားကို ကျောပိုးအိတ် လိုက်ဝယ်ပေး"
"ဟာ အမေ့ကို ဝယ်ခိုင်းလေ ငါ့မှာ ပဆံမရှိဘူး"
"ဟာ သုသုနဲ့ဘဲ ဝယ်ချင်တာ လိုက်ဝယ်ပေး အမေ့နားက ပဆံတောင်းလိုက်လေနော်"
ဇွတ်ပြောနေသော မောင်ဖြစ်သူအား မျက်နှာရှူံ့မဲ့ ခေါင်းယမ်းပြပြီး အိပ်ခန်းအပြင်ထွက်လာခဲ့သည်
ညက သူကြုံတွေ့ခဲ့ရတာတွေက ဘယ်လိုသဘောပါလိမ့် သူ သွားတိုက်ရင်း တွေးနေမိသည် သူဘဲတမျိုးဖြစ်နေတာလား ဒီအိမ်မှာနေလာတာကြာပြီဘဲဟာ
"သွားတိုက်တာ မြန်မြန်တိုက် ထမင်းကြော်စားရအောင်"
အမေ့အသံကြားမှ သူသွားတိုက်တာကို လက်စသတ်လိုက်သည် ထမင်းဝိုင်းကတော့ သုလင်းစံရဲ့ တစာစာအသံရယ် အမေ့ရဲ့ အော်သံရယ်နဲ့အတူ ဆူညံနေသည် သူရယ် အဖေရယ်ကတော့ ထုံးစံအတိုင်း အေးအေးဆေးဆေးပါဘဲ
"ဖေကြီး ဒီနေ့ ဘာလုပ်စရာရှိလဲ"
"အင်း ဘာမှထွေထွေထူးထူးမရှိပါဘူး ညနေမှ§ရေလောင်းရမှာ"
အမေ့ရဲ့ အမေးကို အဖေက ခပ်အေးအေးဘဲ ဖြေသည်
"အဲ့ဒါဆို သုသုရေ သုလင်းစံကို ကျောပိုးအိတ် လိုက်ဝယ်ပေးလိုက်ပါဦး သိပ်လည်း မကြာကြနဲ့နော်"
အမေ့စကားအဆုံးမှာတော့ သုလင်းစံက သူ့ကို ပြုံးဖြဲဖြဲ လုပ်ပြသည် အမေကတော့ အလိုလိုက်သလားမမေးပါနဲ့တော့
"နင်အမေ့ကို လိုက်ဝယ်ခိုင်းလည်း ရသားနဲ့ ဘာလို့ ငါ့ကိုလိုက်ဝယ်ခိုင်းတာလဲ"
သူကျောပိုးအိတ်တွေကိုငေးရင်း သုလင်းစံကို မေးလိုက်သည်
"အမေနဲ့ဆိုရင် သားစိတ်ကြိုက် ဝယ်ချင်မှဝယ်ရမှာပေါ့ ပြီးတော့ ဆိုင်ကယ်အကြာကြီး ပတ်စီးချင်လို့"
သူ့ရဲ့အမေးကို မခိုးမခန့်ပြုံးရင်း ဖြေလာသော ကောင်သူငယ်လေးကိုကြည့်ရင်း ရယ်လိုက်သည် တစ်အိမ်လုံးရဲ့ အသည်းကျော်လေး မဟုတ်ပါလား
ကျောပိုးအိတ်ဝယ်ပြီး သူတို့မောင်နှမ နှစ်ယောက်ဆိုင်ကယ်ပတ်စီးကြသည် မထင်မှတ်ဘဲ bluetooth နားကြပ်လေးကောက်ရသော နေရာနားရောက်တော့ ဦးတည်ချက်ပြောင်းကာ မောင်းလိုက်သည်
ခြံဝန်းကျယ်ကျယ်ကြီးထဲမှာ ရဲတိုက်ပုံစံတိုက်အသေးလေး ဆောက်ထားသောတိုက်ရှေ့ရောက်တော့ သူတို့မောင်နှမနှစ်ယောက် ငေးသွားရသည် ငေးနေစဉ်မှာဘဲ ခြံထဲမှ ရွှေရောင်အမွှေးဖွားဖွား ခွေးကြီးတကောင် ပြေးထွက်လာပြီး သူတို့ဆိုင်ကယ်နောက်ပြေးလိုက်လာသည်
"အီး မောင်း မောင်း ခွေးကြီး"
သုလင်းစံ အော်သံအဆုံးမှာ သူလည်း ကြောက်အားလန့်အားနဲ့ ဆိုင်ကယ်ကို အိမ်ဘက်သို့ တရကြမ်း မောင်းခဲ့သည်
ညနေရေလောင်းအပြီးမှာတော့ သူbluetooth နားကြပ်လေးကို နားမှာတပ်လိုက်သည်
"ကျေးဇူးပြုပြီး မကြောက်ပါနဲ့"
"ကျေးဇူးပြုပြီး"
ကောင်မလေးတယောက်ရဲ့ ညိုးငယ်တဲ့အသံထွက်ပေါ်လာချိန်မှာ သူ့ခန္ဓာကိုယ် အေးစက်တောင့်တင်းသွားရသည် သူမှ ဖုန်းနဲ့မချိတ်ရသေးတာ