♡ .

9.4K 684 27
                                    

" ဝမ်​ရိ​ပေါ် "

" ဝမ်ရိ​ပေါ် . . . အိုက်​ယား မင်းအခုလို ဆက်​ပြီး​နေ​နေမယ်​ဆို စိတ်​ဆိုးမယ့်​သူကငါဖြစ်​သွားလိမ့်​မယ်​​နော်​ ရိ​ပေါ် "

ရုတ်​တရက်​ ​မြေပြင်​​ပေါ် ထိုင်​ချပြီး အသားကုန်​​အော်​ဟစ်​​နေ​သော ရိ​ပေါ်​ကြောင့်​ ​ရှောင်​ကျန့်​ မျက်​လုံးများပြူးသွားရပြန်​သည်​ ။

" ကျန့်​​ကောက ကျွန်​​တော့်​ကိုဆိုသိပ်​အနိုင်​ကျင့်​တယ်
ကျန့်​​ကော မ​ကောင်းဘူး ။ ကျန့်​​ကောကိုမ​ခေါ်​တော့ဘူး"

ဒီက​လေး ​ပြော​နေပုံကိုက မသိရင်​ ကိုယ်​ကပဲသူ့ကို အနိုင်​ကျင့်​​နေသလိုလိုနဲ့

လွန်​ခဲ့​သောတစ်​နာရီခန့်​ ,

" ဟဲ့ ​နင်​ နင်​ ​ရှောင်​ကျန့်​မလား "

မနက်​ဖြန်​သူ​ရောကိုယ်​​ရော ​ကျောင်းပိတ်​ရက်​မို့လို့ အိမ်​မှာhot potလုပ်​စားမည့်​အစီအစဉ်​အား ယခု ကုန်​တိုက်​သို့လာ၍ အ​ကောင်​အထည်​​ဖော်​​နေစဉ်

နောက်​​ကျောဘက်​မှ စူးစူးဝါးဝါး ဖြန်းကနဲ ရိုက်​ချခံလိုက်​ရသည်​မို့ ကြည့်​လိုက်​​တော့ အထက်​တန်းတုန်းက တစ်​တန်းတည်းတက်​ခဲ့သည့်​ မိန့်​မိန့်​ဖြစ်​​နေသည်​ ။

ငယ်​ကတည်းက မိန်းမ မဆန်​ လက်​သံ​ပြောင်​သည့်​သူမက အခုအသက်​ကြီးသည့်​တိုင်​​အောင်​ မ​ပြောင်းလဲ​သေးသည်​မို့ ​ရှောင်​ကျန့်​ ပြုံးလိုက်​မိသည်​ ။

" နင်​က ဒီကိုဘယ်​လိုလုပ်​​ရောက်​​နေတာလဲ ဟဲ့ သူက​ရောဘယ်​သူလဲ အ​ချော​လေး​နော်​ ဟိဟိ "

မယ်​မင်းကြီးမကသာ တဟိဟိလုပ်​​နေတာ

ထို​ကောင်​​လေး ဝမ်​ရိ​ပေါ်က​တော့ လက်​ထဲကိုင်​ထားသည့်
ဟင်းသီးဟင်းရွက်​များဖြင့်​ သူမအား ပြစ်​​ပေါက်​​တော့မည့်
အလားသဏ္ဍာန်​ပင်​ ။

" အာ ဒါက ငါ့ညီ​လေး နာမည်​က ဝမ်​ရိ​ပေါ်တဲ့ "

မိတ်​ဆက်​စကားသံအဆုံးမှာ မိန့်​မိန့်​​ရော ရိ​ပေါ်ပါ ​ရှောင်​ကျန့်​ကိုအထူးအဆန်းသဖွယ်​ကြည့်​လာကြသည်​ ။

You've reached the end of published parts.

⏰ Last updated: Oct 01, 2019 ⏰

Add this story to your Library to get notified about new parts!

 Don't Touch My GeGe ( One Shot )Where stories live. Discover now