Part (1)

5.9K 47 10
                                    

ကလင်​ ကလင်​ ကလင်​ .......

သားငယ်​​ရေ ဖုန်းလာ​နေတယ်
ကိုင်​လိုက်​ပါအုန်း

ဒေါ်မာရီမာ သိုး​မွှေးထိုးရင်း လှမ်း​ပြောလိုက်​တဲ့အသံ​ကြောင့်​.....

လင်းညို တစ်​​ယောက်​ ဖတ်​လက်​စ
စာအုပ်​​လေးကို ​မှောက်​ခဲ့ပြီး
ဖုန်း​ကိုင်​လိုက်​တယ်​ .

ဟလို .... ဟလို
ဘယ်​သူလဲလို့ အသံမာမာနဲ့ ​မေးလိုက်​တယ်

အခုကိုင်​တာဘယ်​သူလဲလို့ ​ဒေါ်​ဝေစီရဲ့
အ​မေး​ကြောင့်​ လင်းညို တစ်​​ယောက်
ဒေါသ​ထောင်းခနဲ့ ထသွားပြီး

အခု​မေး​နေတဲ့ သူက​ရော ဘယ်​သူလဲလို့
ဘောက်​ဆပ်​ဆပ်​ပြန်​​မေးလိုက်​တယ်​။

ဟလို .. မာရီ ရှိလား
အန်​တီက သူ့ရဲ့ သူငယ်​ချင်း ​​ဒေါ်​ဝေစီပါ

မာမီ မာမီ ....ဖုန်းလာတယ်

ဘယ်​သူလဲ သား ...

မာမီ သူငယ်​ချင်းလို့​တော့​ပြောတာပဲ

ကဲ​ပေး​ပေး ...

ဟလို အမိန့်​ရှိပါရှင်​ မာရီ​ပြော​နေပါတယ်

ဟဲ့​ကောင်​မ မာရီ အမ​လေး
နင့်​ဆီဖုန်း​ခေါ်ရတာလဲဟယ်
လည်​ပင်းကိုရှည်​​နေတာပဲ ​စောင့်​ရတာ

ဘယ်​သူတုန်း နင်​က ...

အံမာ ငါ့အသံ​တောင်​မမှတ်​မိဘူးလား

ဒေါ်​ဝေစီ အ​ပြော​ကြောင့်
ဒေါ်မာရီ  အနည်းငယ်​​တွေ​ဝေသွားတယ်​ ..

ငါ​ဝေစီ​လေဟယ်​ .....

ဟယ်​ ​သူငယ်​ချင်း ​ကောင်​မကြီး
အရမ်းသတိရ​နေတာ

ဟို​နေ့က​တောင်​ ကိုတင်​​ဖေ နဲ့ဘုရားမှာ
ဆုံတုန်း ​ဝေစီနဲ့​တွေ့ရင်​ သတိရတယ်​လို့
ပြော​ပေးအုန်းလို့ ​ပြော​နေတာ

ငါလဲသတိ အရမ်းရ​နေလို့ ဖုန်းဆက်​လိုက်​တာ
မာရီ​ရေ ...

ဒီလထဲမှာ ငါသားနဲ့ ရန်​ကုန်​ဆင်းလာမလို့
ဘာလက်​​ဆောင်​ဝယ်​လာရမလဲ ... ​မာရီ

ဝေစီ ငါ့အကြိုက်​ကို နင်​သိပါတယ်

အမ​လေး အမ​လေး သိပါတယ်
ဗေဒါ​ရွှေကြာရယ်​ မြင့်​မြင့်​ခင်
မလိုင်​ထိုးမုန့်​ရယ်​ မလား

ဟားဟား ငါ့သူငယ်​ချင်းက
ငါ့အကြိုက်​​တွေ မ​မေ့​သေးဘူးပဲ ...

မေ့စရာလား မာရီ
မင်းနဲ့ကိုယ်​နဲ့က ဘယ်​လိုပတ်​သက်​မှုမျိုး​တွေလဲ 

ဒါနဲ့ ခုနက ဖုန်းကိုင်​တာ ဘယ်​သူလဲ
လေသံကမာ​နေတာပဲ ...

အော်​ ​ဝေစီရယ်​ ဟင်းဟင်း
အဲ့ဒါ ငါ့သား အငယ်​​ကောင်​ လင်းညိုတဲ့

အ​မေတိုင်းပဲ​နော်​ ခပ်​မာမာပဲ
ဟားဟား ...

အ​မေတူသား​လေး​လေ ....
ဒါနဲ့ ​လာရင်​ ငါ့အိမ်​မှာပဲတည်းရမယ်​​နော်
သူငယ်​ချင်း .... အားနာစရာမရှိဘူး.

အားမနာပါဘူး နင့်​ဆီမှာပဲတည်းမယ်
မာရီ

အေး​အေး ​ပြောစရာ​တွေအများကြီးရှိတယ်
သူငယ်​ချင်း

ရောက်​မှပဲ တို့​တွေ မအိပ်​ပဲ​ပြောကြမယ်
မာရီ​ရေ ဟင်းဟင်း ..

ဒါဆိုဖုန်းချလိုက်​​တော့မယ်​​နော်

Ok ok See you ....bye bye

.......






Blue Sky Where stories live. Discover now