မာမီ ..... သား နောက်အပတ်ထဲ
ချောင်းသာကို Relax လုပ်ဖို့ သွားမလို့
အဲ့ဒါ လွှတ်မယ်မလား ဟင် ...သားက ဘယ်သူတွေနဲ့ သွားမှာလဲ
တစ်ယောက်ထဲဆို မာမီစိတ်မချဘူးနော်
ဟာ မာမီကလဲ သား အသက် 20
ကျော်နေပါပြီ ကလေးမှမဟုတ်တော့တာ
ဘာ စိတ်မချ စရာရှိလဲ ...နေအုန်းသား မာမီ မိတ်ဆွေ
မန္တလေးကနေဆင်းလာမလို့ အဲ့တာ
သူတို့နဲ့ မိတ်ဆက်ပေးချင်သေးတယ်အဲ့ဒါကြောင့် တစ်ပတ်လောက်ပဲ
စောင့်လိုက်ပါ သားငယ်လေးပြီးရင် သွားနော် မာမီခွင့်ပြု့ပါတယ်
မာမီကလဲ သား မိတ်မဆက်ချင်ပါဘူး
ရှုပ်ရှုပ် ရှပ်ရှပ်ဟဲ့သား မာမီ တစ်ခွန်းပဲပြောမယ်နော်
သူတို့လာပြီးမှ သွားရမယ် ဒါပဲ ....ပြီးတာပဲ မာမီ ...
မာမီတို့ သဘော မာမီကြိုက်တာလုပ် ...ဒုန်း ဒုန်း ဒုန်း .......
လင်းညို တစ်ယောက်
စိတ်ဆိုးပြီး အိမ်ပေါ်ပြေးတတ်သွားကာဝုန်း ...... အခန်းတံခါးပိတ်ပြီး
အိပ်နေလိုက်တယ် .....ကလင် ကလင် ကလင် ..
ဟလို အမိန့်ရှိပါရှင်......
ဟလို အန်တီ မာရီမာ နဲ့ပြောချင်လို့ပါ ..
ဟယ် သားကြီး ဘုန်းသိုက် ....မာမီ နေကောင်းရဲ့လား ....
သားရောနေကောင်းရဲ့လား ...
မာမီက နေကောင်းပါတယ်
မင်းညီကြောင့် ခုလေးတင်
စိတ်တိုနေရတယ်လေ ....ဟာ ညီလေး နဲ့ဘာဖြစ်လို့လဲ
ဒီလိုပါပဲ ကလေးဆိုတော့လဲ
စိတ်ကတောက်ကစ ပေါ့ဒီကလေးကတော့ မာမီကို စိတ်ဆင်းရဲအောင်လုပ်နေပြန်ပလား ....
သားကြီး အဲ့ဒါတွေ တွေးမနေနဲ့
ကိုယ့်အလုပ်ကို ကြိုးစားလုပ်အုန်းနော်ဟုတ်ကဲ့ မာမီ
ဒါနဲ့ သား ပြောစရာတစ်ခုခု ရှိလို့
မာမီ ဆီဖုန်းဆက်လိုက်တာလား ...ဟုတ်တယ် မာမီ
ဒီလကုန်လောက် သား
ရန်ကုန် ခဏပြန်လာဖြစ်မယ်
Company က ရှယ်ရာရှင်တွေရဲ့
ဈေးကွက် ချဲ့ထွင်ဖို့ အတွက် အလုပ်ကိစ္စလေးတွေရှိနေလို့လေ ....ပြီးတော့ မာမီ လက်ရာဟင်းတွေကိုလဲ
လွမ်းလို့လေ ဟီးဟီးဟုတ်ပါပြီ ဟုတ်ပါပြီ ...
ဒါဆိုရင် ဝမ်းသာစရာပဲ သားကြီးရေ
မာမီ သတိရနေတာနဲ့ အတော်ပဲ ..
ဟားဟားအဲ့ဒါဆို See you မာမီ
Ok see you သား ........
မိကြီး......မိကြီးရေ လာအုန်း..
ဟုတ် မာမီကြီး ဘာခိုင်းစရာရှိလို့လဲ
သားငယ် အခန်းဘေးက ဧည့်သည်ခန်းရယ်
သားကြီး အခန်းရယ်ကို သန့်ရှင်းရေး
သေချာပြန်လုပ်ထား ..ပြီးရင် အခန်းစီးတွေကအစ
အသစ်လဲထားမယ်နော် ...ဟုတ်ကဲ့ မာမီကြီး
...အေး သွားတော့ ....
YOU ARE READING
Blue Sky
RomanceBoy love book လေးဖြစ်ပါတယ်။ 18 +နည်းနည်းပါပါမယ် ။ ပြီးတော့ အားလုံးလဲကြိုက်ကြမယ်လို့ထင်ပါတယ်။