♡ 29 ♡

10.2K 929 65
                                    

#Unicode
အသက်ရှုတွေကြပ်ကာ ထိတ်လန့်စွာ လန့်နိုးလာ ၍ နာရီကိုကြည့်မိသော် မနက် ၂နာရီ ...... တကိုယ်လုံးလည်းမောဟိုက်ကာ ချွေးတွေရွှဲနစ်ကာ တုန်ယင်နေ၏ ......
သူအိမ်မက်ဆိုးတွေထပ်မက်နေပြန်ပြီဖြစ်သည် ..... ဒီအိမ်မက်တွေကိုသူမက်မက်နေတာ ကြာခဲ့ပြီ ..... မက်လိုက်တိုင်းလည်း အမြဲတမ်းမကောင်းတဲ့ ခံစားချက်ကြီးကကြီးစိုးကာ ရင်၌ကျန်ရစ်၏ ...... ထိုခံစားချက်တို့ကိုသေချာစွာပုံဖော်ဖို့ကြိုးစားတိုင်း ခေါင်းတွေကိုက်လာခြင်းကိုသာခံစားရ၏ .....

ဘာတွေလည်း ..... သူဘာတွေကိုပြန်မှတ်မိချင်နေတာလဲ ...... ထိုအတွေးတို့ကိုသေချာစွာပုံပြန်ဖော်လို့မရပေမယ့် သေချာတာကတော့ မကောင်းတဲ့အဖြစ်အပျက်တွေဟုသူယုံကြည်သည် ..... ထိုအိမ်မက်တွေမက်ပြီးတိုင်း သူ့ရင်တွေအောင့်ကာကျန်ရစ်သည် ..... သူအတိတ်မမေ့ခင်ကဘာတွေဖြစ်ခဲ့လဲသူသိချင်သည် ..... အရာအားလုံး ကိုသူပြန်မှတ်မိချင်၏ ......

သူကြည့်လိုက်တော့ ချစ်ရတဲ့ hyung က အိပ်မောကျနေဆဲ ....... အိပ်ယာပေါ်ပြန်လှဲချကာ ဘေးတစောင်းအိပ်နေသော ကိုယ်လုံးနွေးနွေးလေးကို အနောက်မှနေပွေ့ထားမိသည် ...... Hyung ကရော သူအတိတ်ကိုပြန်သတိရရင် သူ့ကိုမုန်းသွားမှာဆိုပြီးဘာလို့ပြောနေရတာလဲ ...... သူနဲ့ hyung ကြားမှာဘာတွေဖြစ်ခဲ့လို့လဲ .......

အနောက်မှနေပွေ့ဖက်ကာ ရွှေအိုရောင်ဆံနွယ်ပျော့ပျော့လေးတွေကို နှာဖျားလေးနဲ့တိုးဝှေ့ကာ နမ်းရှုံ့မိတော့ လူးလွန့်သွားတဲ့ ခန္ဓာငယ်လေး ..... ချစ်ဖို့ကောင်းလွန်းတဲ့ ဒီလူသားလေးကသူ့အပေါ်ဘာတွေလုပ်ခဲ့လို့သူမုန်းမှာကြောက်နေရတာလဲလေ ...... စိတ်ချပါ hyung ပိစိလေးရေ...... ကျွန်တော်က ဘာတွေဖြစ်နေနေချစ်နေမှာ .....

>>>>>>>>>>>>>

ချိန်းထားရာကော်ဖီဆိုင်သို့ သူရောက်လာခဲ့
လျင်ထောင့်ဆုံးစားပွဲဝိုင်းကနေသူ့ကိုလက်လှမ်းပြသော Jungkook ကြောင့် လျောက်လာခဲ့လိုက်သည် ......

"ကဲပြော ဘာကိစ္စ...... ထူးထူးဆန်းဆန်း ငါ့ကိုချိန်းတွေ့လို့ ...... "

"မင်းစကားကြီးကလည်း ချိန်းရင်လည်းချိန်းလို့ပေါ့ ..... ကြက်သီးထဖို့ကောင်းအောင် ..... "

The only one of my soul [ Completed ] Nơi câu chuyện tồn tại. Hãy khám phá bây giờ