ကျွန်မတို့တွေအားလုံးအချစ်ကိုစောင့်မျှော်နေကြတယ်။ ပြီးတော့ကျွန်မတို့တွေကအစားထိုးမရတဲ့သူတွေပါ။
တစ်စုံတစ်ယောက်ရဲ့ရင်ထဲမှာအစားထိုးလို့မရ
နိုင်အောင်ရှိနေတတ်ကြတယ်။ကျွန်မလည်းအချစ်ကိုစောင့်နေခဲ့တယ်။
ကျွန်မအတွက်အစားထိုးလို့မရနိုင်လောက်အောင်
တန်ဖိုးရှိတဲ့သူတစ်ယောက်ရှိခဲ့တယ်။
သူ့ကိုစတွေ့ခဲ့တာ ကျွန်မ ဂျီမင်းနဲ့လမ်းခွဲပြီးတဲ့
ညနေခင်းတစ်ခုမှာပေါ့။ဂျီမင်း ကျွန်မရဲ့အချစ်ဦးပေါ့။
ကျောင်းအတူတက်ရင်း ခံစားချက်တွေထပ်တူညီရင်း
နှစ်နှစ်လောက်တွဲဖြစ်ခဲ့ကြတာပါ၊ ခုလိုအလုပ်အကိုင်
တွေအတည်တကျဖြစ်ကာမှာလက်ထပ်ဖို့တိုင်ပင်
ကြတော့သူ့ရဲ့မိဘတွေက သဘောမတူဘူးတဲ့လေ။
ကျွန်မလိုဘာပိုင်ဆိုင်မှုမှမရှိတဲ့သူတစ်ယောက်ကို
ဘယ်သူကလက်ခံချင်မှာတဲ့လဲ။ဂျီမင်းနဲ့ရေစက်မပါဘူး
လို့ပဲသတ်မှတ်ရင်းကျွန်မမျက်ရည်တောင်မကျမိဘူး။
ကျွန်မသိပ်ကိုသွေးအေးလွန်းနေတာပဲဖြစ်နိုင်တယ်။ကျွန်မတို့ရပ်ကွက်မှာကလေးကစားကွင်းတစ်ခုရှိတယ်။
လေးလံနေတဲ့ခြေလှမ်းတွေနဲ့ ကစားကွင်းထဲကို
ခြေချမိလိုက်တယ်။ဘာရယ်မဟုတ် အသည်းကွဲလာသူတစ်ယောက်ကအရက်ဆိုင်မှာ
မဟုတ်ဘဲကလေးကစားကွင်းထဲသွားမိနေတာ။ညနေခင်းဖြစ်တာကြောင့် ကစားကွင်းလေးကတိတ်ဆိတ်နေပြန်တယ်။
ကစားကွင်းမှကျွန်မထိုင်နေကျဒန်းလေးရှိတယ်။
ဒါပေမယ့် ဒီနေ့မှာတော့အဲ့ဒီနေရာလေးကို
ကောင်မလေးတစ်ယောက်ကနေရာယူထားတယ်။အင်္ကျီအဖြူရောင်လေးရယ် ဂျင်းလေးရယ်ကို
ဝတ်ဆင်ထားပုံပါပဲ။နောက်ကျောလေးကကြည့်လို့
ကောင်းနေလိုက်တာ။အနက်သိပ်မဆန်တဲ့ သူ့ရဲ့ဆံပင်လေးတွေကနေညိုချိန်မှာကြည့်ကောင်း
နေပြန်တယ်။" ဟိတ် ကလေးမ အဲဒါ ငါ့နေရာ "
သူလေးကိုစချင်လာတာကြောင့် သူ့ရှေ့တည့်တည့်
ရပ်ကာပြောလိုက်တော့ ခေါင်းငုံကာနေတဲ့သူက
မော့ကြည့်လာတယ်။တစ်ကယ်ကိုမျက်ဝန်းလေးတွေကအသက်ဝင်လိုက်တာ။ကြယ်လေးတွေလိုတောက်ပနေတာများ
ကျွန်မမျက်တောာင်ခတ်ဖို့တောင်မေ့သွားမိတယ်။