အပိုင်း(၈)

2.4K 165 17
                                    

သွန်းတစ်​​ယောက်​မိုးသာလင်းသွားသည်​....
အခုထိမအိပ်​စက်​နိုင်​​သေး​ပေ.....
စီးကရက်​​လေး​သောက်​ရင်းအ​တွေး​တွေနယ်​ချဲ့​နေရှာသည်​....

"လူနာက​ကျောက်​ကပ်​အစားထိုးမှဖြစ်​မယ်​"

"ရှင်​"

"​ရွှေရည်​လှူ လို့ရမလားရှင့်​"

"ဘာ​သွေးအမျိုးအစားလဲ"

"B​သွေးပါ"

"လူနာကO​သွေးပါ...."

"ဟင်​...ဒါဆို​ရွှေရည်​​ပေးလို့မရဘူး​လား...
စိတ်​ညစ်​ပါတယ်​...​ရွှေရည်​တို့မှာဒီညီအမနှစ်​​ယောက်​ပဲရှိ​တော့တာ"

"ကျွန်​မကO​သွေးပါဆရာ...ကျွန်​မလှူ ပါ့မယ်​"

"မမ....မမ..."

မေတစ်​​ယောက်​သွန်းအနားသို့​ဖြေး​ဖြေးချင်း
လျှောက်​သွား​လေသည်​။

"​ခေါင်း​တွေကလည်းကိုက်​လိုက်​တာ"

"မမ..."

"ဟမ်​"

မေ အသံ​ကြောင့်​အ​တွေး​တွေ​ပျောက်​ကွယ်​သွားရှာသည်​။

"ဟာ မမ ​ဆေး​လိပ်​​တွေ​သောက်​ပြန်​ပြီကွာ"

"​မေ...ကိုယ်​တို့"

"မမ"

သွန်း စကား​တွေကိုဆက်​မ​ပြောနိုင်​​အောင်​​မေ တစ်​​ယောက်​မမ ဟုဆိုကာဖက်​ထားလိုက်​​လေသည်​။

"မမရယ်​...လမ်းခွဲစကား​တွေ​မေမကြားပါရ​စေနဲ့​နော်​ ...​ကျေးဇူးပြုပြီး" ဟုသာတစ်​​ယောက်​တည်း​ရေရွတ်​​နေမိသည်​။

နှစ်​​ယောက်​သားတိတ်​ဆိတ်​မှုကိုဖုန်းသံကဖြို
ခွဲလိုက်​သည်​....

"​မေ...ခဏ​နော်​"

"ဟဲလို..."

"မမသွန်း ..​ရွှေရည်​ပါ"

"​အွန်း...​ပြော​လေ​ရွှေရည်​"

"မမသွန်း အခု ​ဆေးရုံသွား​ပေးပါလား.."

"ဟမ်​"

"မမ ​ကျောက်​ကပ်​ပြန်​ဖြစ်​​နေလို့အခုပဲ အိမ်​က ​ကောင်​မ​လေးက​ဆေးရုံတင်​လိုက်​ရတယ်​တဲ့...​ရွှေရည်​တို့ကအခုပုဂံသွား​နေတာ"

ချစ်​ကြိုး​လေးဖြင့်​ချည်​​နှောင်​သည်​....Where stories live. Discover now