လပြည့်ရက်တွေဟာ သိပ်သာယာတာပဲ။
အနက်ရောင် ချန်ချင်ပုလွေသံသဲ့သဲ့ဟာ ကြာကန်ကိုဖြတ်ပြီး အနီးတစ်ဝိုက်ကိုပျံ့နှံ့သွားတယ်။
ကြာကန်ထဲမှာ ပန်းရောင်ကြာပွင့်ကြီးတွေက စွင့်လို့ကားလို့။ ကြာခွက်တွေထဲက ကြာစေ့တွေဟာ စားလို့မခမ်းနိုင်အောင်ပဲ။
ယွင်မုန့်ကျန်းနန်းဆောင်က နတ်ဘုရားပေါက်စလေးတွေက ကြာရိုးစွပ်ပြုတ်ကို ဗိုက်ကားအောင်စားပြီးကြလို့ စည်းစိမ်ရစ်နေကြတဲ့အချိန်။ မြေခွေးဖြူလေး ကျန်းချန်က မိုးမခပင်အကြီးကြီးပေါ်မှာ မျက်လုံးလေးစင်းပြီး ငိုက်နေတာဖြစ်ပြီး မမကျန်းယန်လီက စားထားတဲ့ စွပ်ပြုတ်ပန်းကန်တွေကို သိမ်းဆည်းကာနေခဲ့တယ်။
မြေခွေးနီလေး ရှောင်းကျန့်ကတော့ ချန်ချင်နှင့် မြူးကြွတဲ့သံစဉ်ကို တီးမှုတ်နေဆဲ။အခုတလော ကောင်းကင်ဘုံမှာ ထူးထူးခြားခြားသတင်းတွေရှိတယ်။
ကူးစူးလန်နန်းဆောင်က နန်းဆောင်သခင် စာမဏီမျိုးနွယ်နတ်ဘုရားချင်းဟန့်ကျွင်း ဂူအောင်းပြီးကျင့်ကြံသတဲ့။
ယွင်မုန့်ကျန်းနန်းဆောင်က မြေခွေးမျိုးနွယ်မင်းသမီးလေး ကျန်းယန်လီဟာ ဥဒေါင်းမျိုးနွယ်က ကျင်းဇီရွှမ်းမင်းသားလေးနဲ့ စေ့စပ်ထားမှုကို တရားဝင်ကြေညာလိုက်တယ်။ နှစ်ဦးဟာ နှစ်နှစ်ထောင်ပဲရှင်သန်ရသေးပြီး ငယ်ရွယ်သေးတာမို့ လက်ထပ်ဖို့အတွက် အလျင်မလိုသေးဘူး။
နောက်သတင်းက ရေခဲမျက်နှာနဲ့ လန်ဝမ့်ကျီး...
ကူးစူးလန် စာမဏီမျိုးနွယ်က အာ့ထျန်းရှ(ဒုတိယမင်းသားလေး) ဟန်ကွမ်ကျွင်း... လူ့ပြည်ကိုဆင်းသွားတယ်။
အကြောင်းအရင်းကတော့ ရေခဲလိုနှစ်တစ်သောင်းနေထိုင်ခဲ့တဲ့ ထိုနတ်ဘုရားမှာ ဖူးစာရေးကံကြမ္မာမြင်ရသတဲ့။ ကံကြမ္မာကို လက်သင့်မခံပဲ ဖြတ်တောက်ဖို့အတွက် လူ့ပြည်ကိုပြန်လည်ဝင်စားပြီး ကံလမ်းကြောင်းကို သွေဖယ်မယ်။သတင်းတိုင်းဟာ ကောင်းကင်ဘုံကို ကိုင်လှုပ်စေတယ်။
နှစ်တစ်ထောင်မြေခွေးနတ်ဘုရားလေးတွေကတော့ အပူအပင်ကင်းလှတယ်။ ဆော့ဖို့ စားဖို့နဲ့ ကျင့်ကြံဖို့ကလွဲရင် တစ်နေ့တစ်နေ့ လုပ်စရာမရှိသလောက်ပဲ။
BẠN ĐANG ĐỌC
ကျွန်တော်ကမင်းမျက်လုံးထဲမှာပန်းသီးလေး🍎[Completed]
FanfictionYibo×XiaoZhan WeiYing×LanZhan