အရာရာတိုင်းမှာ ကိုယ် မှန်နေရင်တောင် တောင်းပန်နေရတာ ခေါင်းငုံ့နေရတာ ငါတို့ ကမိဘ ငါတို့ပြောတာ မှားမှား မှန်မှန် နားထောင် နင်ကလက်ခံရမယ် နင်ကိုယ်တိုင် အသုံးမှမကျတာ နင့် ကိုပံ့ပိုး ပေးနေရတာ အချိန်ကုန်တယ် နင်မှားလဲတောင်းပန် ငါတို့မှားလဲ နင်တောင်းပန် ဟုတ်ကဲ့လို့ပဲပြော ပြင်လိုက်ပါမယ် မှားသွားပါတယ် တောင်းပန်ပါတယ် ပိုကြိုးစားပါမယ် အမြဲတမ်း ပြောနေရတဲ့စကားတွေ ဟက် လောကကြီးက သိပ်တရားတာပဲ ကိုယ့်ဘက်က မှန်နေတာတောင် ခေါင်းငုံ့နေရတာ ဒီဘဝ ကြီးနဲ့ အသားကျနေပါပြီ တစ်ခါတစ်လေ အရာအားလုံးကို စွန့် လွှတ် ချင်မိတယ် လောကကြီးထဲကနေ ထွက်သွားချင်တယ် နောက်ဆုံးတော့လည်း ငါကပဲမှားတာလို့ ပြောရင်း နေခဲ့ရတဲ့နေ့တွေ ညလုံးပေါက် ငိုခဲ့ရတဲ့ညတွေ သူတို့ကတော့ ပြောပါတယ် ငါတို့ တုန်းက နင့်လောက်မပြည့်စုံဘူးတဲ့ အဲ့ တာကြောင့် စာပေါ်သိပ် အာရုံမစိုက်နိုင်ခဲ့ဘူး နင်ကတော့ စာကိုကြိုးစားရမယ်တဲ့ ငါ့မှာဖိအားတွေ အဖက်ဖက်က ရှိတယ် သူတို့ပြောတာတွေကြောင့် စာကို ပိုကြိုးစားတယ် ဒါပေမဲ့ အချည်းအနှီး ပါပဲ ငါကအစ ကတည်းက သူတို့မျက်လုံးထဲမှာ အိမ်က မွေးထားတဲ့ ခွေး သာသာ အဆင့် ရီရတယ် သူတို့လိုချင်တာရှိရင်ငါ့ကို ချော့မော့ နေလိုက်ကြတာ ငါလဲတစ်ခါတစ်လေ အဲ့လိုမျိုး နေရတာသဘောကြမိတယ် သူတို့နှစ်ယောက် ကငါ့ကို ခနခန ပြောတယ် ငါတို့က ယောက်ျား လေး တစ်ယောက်လိုချင်တာတဲ့ နင်မွေးလာတဲ့အချိန်မှာ ငါတို့မျှော်လင့်ချက်တွေပျောက်ဆုံးသွားခဲ့ရတာ တဲ့ တောင်းပန်ပါတယ် ဖေဖေနဲ့မေမေ သမီးက မမွေးဖွားလာသင့်တဲ့လူ တစ်ယောက် မွေးဖွားလာဖို့် တောင်မထိုက်တန်တဲ့သူတစ်ယောက်ပါ တောင်းပန်ပါတယ် တောင်းပန်ပါတယ်
YOU ARE READING
My Life Is . . . .
FanfictionOwn Creation Story Of Fangirl Life Chanyeol And Readers 💛💛💛💛💛