[UNOCODE]
-နွေဒဏ္ဍာရီ၏ အစ-
(နွေရိပ်၏ ခန့်)
မြစ်တွေလို တစ်သက်စာ
သူ့အမည်နာမနှင့်စသည့်
အနည်အနှစ်များ သယ်ဆောင်ချင်ပြီး
ဘဝဆုံးကာမှ နုန်းမြေတွေအနေနဲ့
ပစ်ရက်ခဲ့နိုင်မည်။
ထိုဖြစ်ရပ်တို့သည် ပညာ့ရိပ် ဘော်ဒါ၊ အမရပူရမြို့ တွင် စတင်ခဲ့ ပါသည်။
နွေရိပ်က ခန့်နှင့် သူငယ်ချင်း ဖြစ်ချင်သည်။ နောင်ဆိုလျှင် ညီအစ်ကို တွေ ဖြစ်လာဦးမည်မဟုတ်လား။ နွေရိပ်ချော့တော့ သူ အငိုတိတ်သွားသည်။ ဒီလို နှင့် နွေရိပ်တို့ တစ်နှစ်တာ ဖြတ်သန်းရမည့် အဆောင်သို့ ရောက် လာခဲ့သည်။
ခန့်ကတော့ ကားပေါ်ကမဆင်းဘူးဟု ဂျစ်ကန်ကန်လုပ်သေးသည်။ ဖိုး ငယ်ခဏနေလာမှာပါဆိုပြီး အကြိမ်ကြိမ်နားချမှ ကားပေါ်ကဆင်းလာသည်။ ရုံး ခန်းတွင် စည်းကမ်းချက် တချို့နားထောင်ပြီး လိုက်နာနိုင်မလားဟု ကျောင်းအုပ် ကြီးက နှစ်ယောက်လုံးအားမေးသည်။ နွေရိပ်က လိုက်နာပါမည်ဟုဖြေသော်လည်း ခန့်ကတော့ ပါးစပ်လေးတောင် မဟသဖြင့် အေးက ဆရာမကြီးကို တောင်းပန် ရသည်။
ဆရာမကြီးမှာ အေး ပညာရေးကောလိပ်တက်တုန်းကခင်ခဲ့သည့် အေး ၏ သူငယ်ချင်း ကျော့ကေခိုင်စိုး၏ အဒေါ်ဖြစ်သည်။ ထိုဆရာမကြီးသည် ဓာတု ဗေဒ သင်ပြီး အေး၏သူငယ်ချင်း ဆရာမ ကျော့ကေခိုင်စိုး ကလည်း အင်္ဂလိပ်စာ သင်သည်ဆို၍ အေးကယုံယုံကြည်ကြည်လာထားခြင်းဖြစ်သည်။
"ကျော့က ခုနကပဲ မြို့ထဲခဏသွားတာ၊ နောက်တစ်ခေါက် ဧည့်တွေ့ လာမှ စကားပြောကြပေါ့" ဆရာမကြီးက အရပ်မြင့်မြင့်၊ ဝဝနှင့် မျက်နှာထားတော့ နည်းနည်း တင်းသည် ဟုထင်မိသော်လည်း ဖွားဖွားလောက်မဆိုးနိုင်ဘူးဟု နွေရိပ် တွေးမိ လိုက်သည်။
"ရပါတယ် ဆရာမကြီး၊ အေးနဲ့ကျော့က အမြဲတွေ့နေကြတာ၊ ဒါဆို အေးတို့ သူတို့ကိုအခန်းမှာထားခဲ့ပြီးရင် ပြန်ပါရစေ..." ဟု အေးက ချိုချိုသာ သာပြော၏။
ခန့်ကတော့သူငိုတာမမြင်အောင် ခေါင်းကြီးငုံ့ကာထိုင်နေပေမယ့် သူ့မျက်ရည်တွေက သူ့ဘောင်းဘီ အဖြူပေါ် တစ်ပေါက်ချင်းကျနေ၏။ ဒါကြောင့် နွေရိပ်က ခန့်လက်ကို ဆွဲပြီး ရုံးခန်းအပြင်ဘက်သို့ထွက်ခဲ့သည်။
YOU ARE READING
နွေဒဏ္ဍာရီ
Romanceငါတို့က မေ့ပစ်နိုင်ပေမယ့် ကြယ်တွေက မှတ်မိနေဦးမှာ ငါတို့က မုန်းပစ်နိုင်ပေမယ့် ခြေရာတွေက ထင်နေဦးမှာ ငါတို့ ကမ္ဘာပေါ်ကပျောက်ကွယ်သွားတဲ့အခါ ငါတို့အတူရှိခဲ့ကြတယ်ဆိုတဲ့ အရာပေါင်းများစွာဟာ.... ငါတို့က မေ့ပစျနိုငျပမေယျ့ ကွယျတှကေ မှတျမိနေဦးမှာ ငါတို့က မုနျးပ...