(Zawgyi)
မနက်မိုးလင်းလာတော့ နေရောင်ခြည်က Xiao Zhanမျက်နှာပေါ်ဖြာကျလာပေမဲ့ ချက်ချင်းပြန်ပျောက်သွားတာကြောင့် Xiao Zhanမျက်လူံးဖွင့်ကြည့်လိုက်တော့ နေရောင်ကိုလက်နဲ့ကာပေးထားကာ သူ့ကိုငုံ့ကြည့်နေတဲ့ Yiboကိုမြင်လိုက်ရ၍ ရယ်ပြလိုက်ပြီး ထထိုင်လိုက်တယ်..
"ရောက်တာကြာပြီလား??"
"နဲနဲတော့ ကြာပြီ"
"အဲ့တာများ Geကိုတော့မနှိုးဘူး"
"Zhan Geအိပ်ရေးပျက်မှာဆိုးလို့လေ..ခုလဲနိုးလာပြီပဲမဟုတ်လား?? 😁ဟီး ပြီးတော့လေ Zhan Geအိပ်နေတဲ့ပုံလေးကချစ်စရာလေး"
စပ်ဖြီးဖြီးရုပ်လေးနဲ့ ပြောကာ အခန်းထဲကပြေးထွက်သွားတဲ့Yiboကိုကြည့်ပြီး Xiao Zhanခေါင်းတခါခါဖြင့်ရယ် လျက်ရေချိုးခန်းထဲဝင်သွားလိုက်သည်။
🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀🎀
Xiao Zhanအခန်းထဲထွက်လာတော့ ဧည့်ခန်းထဲမှာ Yiboကိုမတွေ့၍ ထမင်းစားခန်းထဲဝင်ကြည့်လိုက်တော့မှ Yiboကကော်ဖီနဲ့မုန့် ပြင်ပြီး သူ့ကိုထိုင်စောင့်နေတာတွေ့လိုက်ရတာကြောင့် Xiao ZhanလဲYiboနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီး...
"Wangလေး လုပ်ထားပေးတာလား??"
"😁ဟီး ဟုတ်"
"ဒီနေ့ပျော်စရာများရှိလို့လား?? Wangလေးစောစောထဲကရယ်နေတာ"
"ရှိတာပေါ့ ကျတော် ပါးပါးcom.မှာအလုပ်လုပ်မယ်ပြောတာ ပါးပါးကလက်ခံတယ်တဲ့"
"တကယ်လား?? ဂုဏ်ယူပါတယ်ဗျ"
"ဂုဏ်ယူရင် နေ့ခင်းစာချက်ကျွေး ကျတော် ညနေလောက်မှပြန်မှာ"
"အွန်းပါ ဒီနေ့ကWangလေးမပြောတောင် Geချက်ကျွေးဖို့စဉ်းစားပြီးသား ကဲပါခုတော့စားရအောင်နော်"
"ဟုတ်ဟုတ်"
ကော်ဖီသောက်ပြီးတော့ နှစ်ယောက်လူံးဧည့်ခန်းထဲထွက်လာရင်း Yiboက..
"Zhan Ge ခုဘာလုပ်ရင်ကောင်းမလဲ??"
"အွန်းး TV ကြည့်ရအောင်လေ "
"ဟုတ်ပြီ ကြည့်ကြမယ်Zhan Ge"
Yiboကပြုံးပြုံးရွှင်ရွှင်ပြောနေပေမဲ့ Xiao Zhanမပြုံးပဲ Yiboမျက်နှာကိုပဲစိုက်ကြည့်နေတာကြောင့်..
YOU ARE READING
လူဆိုးလေးရဲ့ဒေါက်တာ
RomanceGeက ကျတော့်အပိုင်နော် ဘယ်သူမှမပေးဘူး (Yibo) မင်းသိပ်ဆိုးတာပဲ ဝမ်လေး (Zhan) Wang Yibo & Xiao Zhan