ep.1

162 19 4
                                    

'ကောင်မရေမြန်မြန်လာဟ ဟိုမှာကျောင်းတက်တော့မယ် ..ဟဲ့...ရတီမြန်မြန်လုပ်ပါဆို '

'အစ်မရယ်ဘာလို့အဲ့လောက်တောင်အော်နေတာလဲ ဒီမှာဖိနပ်ကြိုးပြေနေလို့ချည်နေတဲ့ဟာကို'

' ဟဲ့ ဟိုမှာကျောင်းတံခါးကပိတ်တော့မယ်လေ
တော်ပြီ နင့်ဟာနင်လိုက်ခဲ့ ငါသွားပြီ'

'ကြွ..ကြွ..'

နဒီဖြိုးနဲ့ ရတီဖြိုး ဆိုသည့် ဒီအမြွှာညီအစ်မနှစ်ယောက်ကတော့ နံနက်ခင်းတိုင်းအားရန်ပွဲလေးနှင့်စတင်လိုက်ရမှကျေနပ်သူတွေပါ အခုလည်းကျောင်းသွားသည့်လမ်းတစ်လျှောက်ညီအစ်မနှစ်ယောက်သတ်နေသည်လေ ကျောင်းနဲ့အိမ်က နှစ်လမ်းလောက်ပဲကွာတာမလို့ညီအစ်မနှစ်အတူတူလမ်းလျှောက်ပြီးပဲသွားကြသည်လေအခုတော့ရတီတစ်ယောက်တည်းလမ်းလျှောက်နေရတာပေါ့ အစ်မဖြစ်သူနဒီကတော့ ကျောင်းနောက်ကျမှာစိုးလို့ဆိုပြီးသုတ်ခြေတင်ပြီးပြေးလေရဲ့ရတီကတော့အေးဆေးလမ်းလျောက်လာတာပေါ့ကျောင်းရှေ့ရောက်တော့ ကျောင်းစောင့်ဦးလေးကြီးတံခါးပိတ်နေတာမြင်တော့မှသာ ရတီတစ်ယောက်မနေနိုင်တော့ပါ

''ဦးလေးကြီး... ဦးလေးကြီး ...ခဏခဏ''

'ဟယ်ငါ့တူမနောက်ကျပြန်ပြီလား'

'ဟာ..ဦးလေးကြီးကလည်းအချိန်မှီပါပဲ'

'ဟုတ်ပါပြီ ..ကဲ..ကဲ အထဲဝင်တော့'

'ဟုတ်ကဲ့'

ရတီလည်းအတန်းချိန်မှီအောင်အမြန်ပြေးလာရင်းလမ်းအကွေ့
"ဘုတ် .."

"အ! ..ခွမ်း.."

ရတီလည်းထိုင်ရက်နဲ့ဘေးကကျကွဲနေသောဖုန်းလေးအားကြည့်ရင်း
သေပြီ ငါသေပြီ ပြန်လျော်ရတော့မှာလားမသိဘူး
သူ့phလေးကဈေးကြီးမယ့် ပုံပဲ သွားပါပြီ ငါ့မုန့်ဖိုးလေးတွေကုန်တော့မှာပဲဒါနဲ့နေပါဦးကျောင်းကိုphယူလို့မရဘူးမဟုတ်ဘူးလား
အတွေးများနဲ့နယ်ချဲ့နေစဉ် ထိုဖုန်းလေးအားကောက်လိုက်သောလက်တစ်စုံကြောင့်သူမ၏အကြည့်များမှာထိုဖုန်းလေးဆီမှဖုန်းပိုင်ရှင်ဆီသို့သာ

ခံစားချက်ကင်းမဲ့နေသောမျက်ဝန်းတစ်စုံ ပြုံးခြင်းမဲ့ခြင်းမရှိသောနီဆွေးဆွေးနှုတ်ခမ်းတို့ကိုတင်းတင်းစေ့ထားသောသူမ ညိုစိမ့်စိမ့်အသားအရေနှင့်ခါးေ လာက်ထိရှည်သည့်သူမ၏နက်မှောင်သည့်ဆံကေသာတို့ကိုသဘာဝအတိုင်းချထားသည့်သူမမှာ ရတီလောကကြီးနှင့်အဆက်ပြတ်သွားလောက်အောင်ငေးရသည်အထိလှပလွန်းပါပေသည် ထိုစဉ်...

My little moonWhere stories live. Discover now