"Hyung.."
ကျောင်းအားလပ်ချိန် အပြင်မထွက်ချင်တာမို့ ဆူညံပွက်နေသော အတန်းထဲ၌သာ ခုံပေါ် ခေါင်းမှောက် အိပ်နေစဉ် အော်သံလေး ကြားလိုက်ရသလို။
'ဟိုကလေးများလား...မဟုတ်တာ baekhyuneeရယ်..အဲ့ကလေးက ခုမှ အလယ်တန်း ပထမနှစ်၊ ဘယ်လို ဒီကို ရောက်နေနိုင်မှာလဲ..၊ ကျောင်းချင်းလည်း တူတာမှ မဟုတ်'
'ဒါပေမယ့် အသံက သေချာကြားလိုက်တာပါ'
စာရေးစားပွဲပေါ် ခေါင်းတင်ကာ မှောက်အိပ်နေရာမှ ထပြီး ဘေးဘီဝဲယာဆီ ဝေ့ဝဲ ကြည့်ပါသော်လည်း အရိပ်အယောင်မျှ မမြင်။
ကလေးဆိုလို့ ပုပုသေးသေးလေးလို့ ထင်ရင် မှားလိမ့်မယ်၊ အနှီParkChanလေးက လူကသာ အလယ်တန်း ၊ အရပ်ကဖြင့် အထက်တန်းပထမနှစ် ကျောင်းသားတွေနှင့် မတိမ်းမယိမ်း။အထက်တန်း နောက်ဆုံးနှစ် ကျောင်းသား ကျွန်တော်ထက် အနည်းငယ်သာ နိမ့်သည်။
ပါးဖောင်းဖောင်း၊မျက်လုံးဝိုင်းဝိုင်းလေးနှင့်၊ပြုံးလိုက်လျှင် ချိုင့်ဝင်သွားသော ပါးမို့မို့ထက်က ပါးချိုင့်လေး။ဝဝဖောင်းဖောင်းလေးနှင့် ချစ်စဖွယ်အတိ။နားရွက်ကားကားလေးတွေက အူယားဖွယ်။ပြုံးမိပြန်သည်။ထိုကလေးအကြောင်း တွေးလိုက်သည်နှင့် စိတ်လိုလက်ရ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသည်။
ခုံပေါ် အိပ်နေရာမှ ထကာ ဟိုဒီကြည့်ပြီးနောက် ခုံပေါ် ပြန်ထိုင်သွားသော ကောင်လေးကို အကွယ်လေးမှ တိတ်တခိုး ကြည့်နေသူ ရှိသည်ကိုတော့ သူ့အတွေးနှင့်သူ ပြုံးနေသော ထိုကောင်လေးကဖြင့် သိနိုင်မည် မဟုတ်။
**************
"Hyung ကျောင်းဆင်းပွဲအတွက် ဘာလက်ဆောင်ပေးမှာလဲ.."
အလယ်တန်းကျောင်းဆင်းပွဲအတွက် တလက်လက်တောက်နေသော မျှော်လင့်ချက် မျက်ဝန်းလေးနှင့် လက်ဆောင်တောင်းနေတဲ့ Yeollieကြောင့် ပြုံးမိပြန်သည်။
ဒီကလေးနှယ် ချစ်စရာကောင်းအောင် လုပ်နေပြန်ပြီ။ ချစ်ဖို့ကောင်းသည် ပြောပြန်လျှင်လည်း မကြိုက်ချင်။ ကျွန်တော် ကလေး မဟုတ်တော့ဘူးဆိုပဲ။"Yeollieက ဘာလိုချင်လို့လဲ.."
အမေးစကားအဆုံး နွေးခနဲ ဖြစ်သွားသော ပါးတစ်ဖက်ကြောင့် လူက မလှုပ်မယှက် ကြောင်တောင်တောင်နှင့် ထိုကလေးကို ကြည့်မိတော့ ပါးဖောင်းဖောင်းလေးတွေ မို့တက်သွားသည်အထိ ပြုံးပြနေသည်။
YOU ARE READING
ထာဝရ(Undying)
Fanfictionထာဝရအတွက်... အမြဲတမ်းအတွက်... အချစ်ဆိုတာ... Hyung... ထာဝရအတှကျ... အမြဲတမ်းအတွက်... အချစ်ဆိုတာ... Hyung...