[Unicode]
လုံးဝကို Bromance ဆိုတာ နီတို့ကိုသိစေချင်လတ်ထှာ..//
ကျန်းချန် character လေးရေးပြစီ
...............
ငယ်စဉ်ကတည်းက အဖေခေါ်လာတဲ့ ခွေးကြောက်တဲ့ကောင်လေးကြောင့် သူချစ်တဲ့ နတ်သမီးလေး စံပယ်လေး တွေကိုအဝေးကိုပို့ပစ်ခဲ့ရတယ်
မင်းကြောင့် မင်းကြောင့်ငါချစ်တဲ့ခွေးလေးတွေကို စွန့်ပစ်ရတာမင်းကြောင့်သွားမလာနဲ့ ခွေးနဲ့ရှူးတိုက်ပစ်မယ်ဆိုလို့
ဝေ့ရင်းတယောက်ညကြီးမိုးချုပ် တောထဲထွက်ပြေးလို့ မမယန်လီကိုပြော လိုက်ရှာခိုင်းတာတောင် နောင်တော်ဝေ့ရင်း ကိုရှာမတွေ့မှာစိုးလို့ ကိုယ်တိုင်ထွက်ရှာသူလေး
သွက်လက်ထက်မြက်ပီး သိုင်းပညာတော်တဲ့ နောင်တော်ကို အားကျရင်း အဖေဆူသမျှ အားမလိုအားမရဖြစ်သမျှကို သိမ်ငယ်ပေမယ့် သွေးမတော်တဲ့နောင်တော်ကို ဘယ်တော့မှအပြစ်မမြင်ခဲ့ပဲ ချစ်ရှာတဲ့ညီ အမေရှေ့မှာတောင်အကိုတော်ကို ကာကွယ်ပေးရှာသူ
ကံဇာတ်ဆရာ မျက်လှည့်ပြလို့ ဝေ့ရင်းအနေမတတ်ပဲ ဝင်ပါမိတဲ့ အမှန်တရား ၊ကူးစူးလန်ဘက်ကဝင်ပါမိလို့ ယွင်မုန့်တခုလုံးပြာကျ မိဘတွေသေလို့ မောင်နှမတွေထွက်ပြေးခဲ့ရတာတောင် နောင်တော်ဝေ့ကို ဖမ်းမိမှာစိုးလို့ သူကိုယ်တိုင် ငါးစာလုပ်အဖမ်းခံခဲ့ရတာကို နောက်ဆုံးထိ မပြောခဲ့ရှာဘူး
ဒီညီအကိုနှစ်ယောက် တစ်ယောက်က ရွှေသဒ္ဒိ ထုတ်ပေးလို့ ညီကိုပေးမသိစေဘူး အမှောင်လမ်းကိုလျောက်လို့ အဆုံးထိ ကာကွယ်ပေးရှာတယ်
..............
ဘာတွေများမှားခဲ့ကြသလဲ ဝေ့ရင်း ဂရုစိုက်ပါဆိုတဲ့ စကားတခွန်းတောင် မင်းမျက်နှာကြည့်လို့ ငါမပြောနိုင်ခဲ့ဘူး
အဖေနဲ့အမေ ပြီးတော့ မမသေရတာမင်းကြောင့်လို့ ငါခေါင်းမာစွာ အပြစ်တင်ခဲ့ပေမယ့် ဝေ့ရင်း ငါ့လက်နဲ့ မင်းကိုသတ်ဖို့တဲ့လား ဟင့်အင်း မဖြစ်နိုင်ခဲ့ဘူး
မင်းပြုတ်ကျသွားတဲ့ချောက် ငါဆင်းရှာတော့ မင်းရုပ်အလောင်း ငါရှာမတွေ့ခဲ့တာ သိပ်ဝမ်းသာခဲ့တယ် ဝေ့ရင်း
ဒါပေမယ့် ၁၆နှစ်လုံး အမှောင်လမ်းစဉ် ကျင့်ကြံသူမှန်သမျှ ငါ့ဇီတျန်း နဲ့မလွတ်ခဲ့ဘူး ဝိညာဉ်ပူးခံရတယ် ငါကြားရင်ဇီတျန်း နဲ့ ငါရိုက်ထုတ်တယ် ငါ့ပါးစပ်ကတော့ ဝေ့ဝူရှန့်လမ်းစဉ်လိုက်သူမှန် သမျှ သတ်ပစ်မယ်ပေါ့
ဘယ်သူသိမှာလဲ ငါ့မှော်ဝင်အိတ်မှာ မင်းရဲ့ချန်ချင် အမြဲပါတယ်ဆိုတာကိုပေါ့
YOU ARE READING
ရင်နှင့်အမျှခံစားမိပါသော TU Casts
Короткий рассказ[Unicode] TU casts တဦးတယောက်ချင်း စီအတွက် ခံစားမှု အပိုင်းအစ များ Unicode and Zawgyi fonts၂မျိုးလုံးနဲ့ရေးပေးခားပါတယ်။ Su Yun [Zawgyi] TU casts တဦးတယောက်ချင်း စီအတွက် ခံစားမှု အပိုင်းအစ များ Unicode and Zawgyi fonts၂မျိုးလုံးနဲ့ရေးပေးခားပါတယ်။ Su Yun
