#28

102 15 1
                                    

တစ်ယောက်ယောက်ရဲ့ အမည်နာမက
မင်းဘဝရဲ့ အဓိပ္ပာယ်ဖြစ်နေပြီဆို မင်းရှုံးပြီ John

ဒါတွေက illusion တွေချည်းပဲ
ပန်းပွင့်လာတာ
လေတိုက်သွားတာ
ဆံစလေး လွင့်ပျံသွားတာ
ရုတ်တရက်ထ သင်းပျံ့လာတဲ့ ရနံ့
အတူရှိခဲ့ဖူးသလို တွဲလက်တွေ
လမ်းလျှောက်ရင်း
လက်တွဲဖော်ပျောက်သွားတာမျိုးတွေလေ
ဘဝမှာ ပျောက်ရှရမယ့်အရာတွေကိုမှ
မြတ်နိုးတွယ်တာနေမိတာမျိုး ပေါ့

မင်းသေချာသိပါတယ်
ဒါဟာ တိုက်ဆိုင်မှုမဟုတ်သလို
ကံအကြောင်းမလှခြင်းတွေလဲမဟုတ်
ဘဝထဲက ပြယုဂ်တွေပဲ
၁ ပြီးရင် ၂ ဆိုပေမယ့် ၁၃ရက်နေ့
သောကြာဆိုတာမျိုးတွေလဲ
တန်းရောက်လာနိုင်တာပဲ
ပုံသေမရှိခြင်းဟာ ဘဝရဲ့အမည်နာမ
တည်မြဲခြင်းဆိုတာကတော့ ငြီးငွေ့လာခြင်းပဲ
အချိန်တွေကြာလာလေလေ
ငါတို့ သွေးအေးလာလေလေပဲ
ဆုံးရှုံးရခြင်းဟာ ဘဝရဲ့ အနှစ်သာရပေါ့
အဆုံးရှုံးခံရဲတာကလဲ ချစ်ခြင်းမေတ္တာပေါ့
တန်ဖိုးအကြီးဆုံးအရာတွေက တိုတောင်းတဲ့
အချိန်နဲ့လာတတ်တယ်
ကြည်နူးချမ်းမြေ့မှုဆိုတာကတော့
ငါတို့ ဘယ်လောက် လွမ်းဆွေးနေနိုင်မလဲဆိုတဲ့
အပေါ်မှာ မူတည်ပါတယ်

#Moriarty

You've reached the end of published parts.

⏰ Last updated: Sep 26, 2019 ⏰

Add this story to your Library to get notified about new parts!

'John'Where stories live. Discover now