ခမ်းနားလှတဲ့ကျောင်းတော်ကြီး တနည်းပြောရရင်တော့ဆေးကျောင်းပေါ့
ဒီကျောင်းတော်ကြီးထဲ သူသူငါငါအကုန်အဖြူရောင်ကုတ်လေးတွေနဲ့သပ်ရပ်သန့်ရှင်းလျက်ရှိတယ်
ဆရာဝန်လောင်းလေးတွေမို့ယဉ်ကျေးဖော်ရွေကာဆက်ဆံရေးလဲသိပ်ကောင်းကြတယ်ဒီကျောင်းတော်ကြီးမှာFinal yearကseniorတွေကနာမည်အကြီးဆုံးပါပဲ
ဆေးကျောင်းကြီးတစ်ခုလုံးရဲ့မျက်နှာစာလဲဖြစ်တဲ့အပြင်the whole kingဘွဲ့ကိုပါရထားသူကတော့
Kim Jong In ဆိုတဲ့သူဌေးသားလေးပဲဖြစ်ပါတယ်သူကပေါင်းသင်းဆက်ဆံရေးလဲကောင်းသလို အရမ်းလဲဖော်ရွေတာကြောင့်လူချစ်လူခင်အရမ်းပေါများပါတယ်
ပိုက်ဆံချမ်းသာသော်လည်းမမောက်မာတဲ့အပြင်ကူညီတက်တဲ့စိတ်ရင်းလေးကြောင့်လဲမျက်နှာပွင့်လန်းသူပေါ့အဲ့လိုအဘက်ဘက်ကပြည့်စုံတဲ့kim jong inကိုလိုချင်သူမိန်းကလေးတွေကတော့မရေမတွက်နိုင်အောင်ရှိတာပေါ့
ဒါပေမယ့်jong inကအရှုပ်အရှင်းကင်းတဲ့သူမို့တစ်ယောက်ကိုမှလှည့်မကြည့်ခဲ့ပါဘူး
သူတကယ်ချစ်မြတ်နိုးရတဲ့သူနဲ့သာတစ်သက်တာလုံးလက်တွဲချင်ခဲ့သူပါဒါပေမယ့်...............
အဲ့လိုတည်ငြိမ်အေးဆေးတဲ့Kim jong inဘဝထဲကိုအသက်17နှစ်အရွယ်ကောင်ဆိုးလေးတစ်ယောက်ဝင်ရောက်လာချိန်မှာအရာရာဇောက်ထိုးမိုးမျှော်ဖြစ်ဖို့စတင်လာခဲ့တာပေါ့
**********
"ဟေ့ရောင်... jong in
ဟိုမှာမင်းရဲ့bad boyလေး "jong inတို့ကျောင်းဆင်းတော့သူငယ်ချင်းတွေနဲ့မုန့်သွားစားမယ်ဆိုပီးအုပ်စုလိုက်ထွက်လာချိန်ဘေးကသူငယ်ချင်းရဲ့အပြောကြောင့်ကျောင်းပေါက်ဝကိုလှမ်းကြည့်လိုက်တော့ ~~~
အချိန်မှန်ကိုယ်တော်လေးက ဒီနေ့လဲဘယ်အချိန်ထဲကကျောင်းပေါက်ဝမှာလာစောင့်နေသည်မသိ ...
ပြောင်လက်နေတဲ့အနက်ရောင်ပြိုင်ကားကိုမှီလို့နေကာမျက်မှန်အမဲနဲ့ တစ်ကိုယ်လုံးလဲကြိုးပေါင်းတစ်ထောင်လောက်ဆင်မြန်းထားပီးအပေါ်အနက်, အောက်အနက်နဲ့
ဟူးးးးး ကြည့်ရတာမှောင်မဲနေတာပဲ😩