ကျွန်တော်ကိုကို့ကိုစမြင်မြင်ချင်းချစ်ခဲ့တာပါ love at first sight လို့ပဲပြောရမလားကိုကို ဒါပေမဲ့ကျွန်တော်မာနကြီးတယ်ကိုကို အချစ်ကိုကျွန်တော်ကအရင်မဖော်ပြချင်ဘူး ကျွန်တော်ကတော့အရင်စချစ်တဲ့လူအရှုံးလို့သတ်မှတ်ထားတယ်ကိုကို။ကျွန်တော်နှင့်ကိုကို ကမိဘပေးစားလို့ယူခဲ့တာမလား တော့်ကိုမုန်းမှာပေါ့နော်ကျွန်တော်ကငြင်းမှမငြင်းခဲ့တာ။ ကျွန်တော်အချစ်ကိုမဖော်ပြတတ်ပေမဲ့နောက်ကွယ်ကတော့ပေးဆပ်တတ်ပါတယ်ကိုကို မေမေကဖေ့ဖေ့ကိုအရင်ချစ်ခွင့်ပန်ခဲ့တာတဲ့ အခုထိဖေဖေကဘာပြောလဲကိုကိုသိလား မင်းအမေက ငါ့ကိုမှမရရင်သေမှာမို့လို့ငါကယူတာတဲ့ငါကထာဝရအနိုင်သမားတဲ့။ ကျွန်တော်ချစ်တတ်တယ် အောက်ကျို့တော့မခံတတ်ဘူး ကျွန်တော်အမြဲတမ်းအပေါ်စီးကနေလာတာ ဒါပေမဲ့ကျွန်တော်ချစ်တာယောက်ျားတစ်ယောက်ဖြစ်မယ်လို့မထင်ခဲ့ဘူး။ကျွန်တော်ရှုံးပါတယ်ဒါပေမဲ့ဆက်မရှူံးချင်ဘူး။ ကိုကိုကျွန်တော့်အတွက်ထာဝရအလှကြည့်ရမယ့်အရုပ်တစ်ခုပါကိုကို ။
နှင်းစက်ဒိုင်ယာရီစာအုပ်ကလေးကိုပိတ်၍ အိပ်ရာဝင်ခဲ့သည်။ ဒီနေ့လည်းကိုကိုဘယ်မိန်းမဆီသွားနေတာလဲဟင်။
"နှင်းစက် နှင်းစက် မင်းဘာလို့ဒီလောက်ထိအိပ်နေတာလဲ သွား မနက်စာသွားပြင်တော့" လည်ပင်းမှာရှိတဲ့ကိုကိုရခဲ့တဲ့အကြင်နာအရာတွေကိုမဖျက်ဘဲလာပြောတဲ့ကိုကိုကမျက်နှာပြောင်တာလားဟင်။
"ခင်ဗျားဘာလို့လာနှိုးနေတာလဲခင်များကိုယ့်ဘာသာကိုပြင်စားပါလား ကျွန်တော်အိမ်ရှင်မ မဟုတ်ဘူး အောက်ထပ်မှာကြီးကြီးတို့လည်းရှိတယ် သွားဗျာလာမရှုပ်နဲ့" ကျွန်တော်ဒေါသထွက်မိပြန်ပြီ ကျွန်တော်မှားသွားပြီလား
"အေးပါ ငါမှားသွားတာ မင်းလိုမျိုး ရည်းစားရှိရက်နဲ့ မငြင်းဘဲ ငါ့ကိုယူတဲ့ လူမျိုးက လင်ယောက်ျားအိမ်ဦးနတ်ဆိုတာရောသိပါ့မလား အဟမ့်"ကိုကို့မဲ့ပြုံးကသိပ်လှတယ်နော် ကိုကိုပြောတဲ့ရည်းစားဦးဆိုတာကဘာလဲ
"ခင်ဗျားဘာပြောချင်တာလဲ"
"တော်ပြီငါမင်းနဲ့ဆက်မပြောချင်တော့ဘူး"
"ဒါဆိုလည်းပြီးရော" တူ_တူ_ တူ ဖုန်းမြည်လာလို့ကိုကိုပြောတဲ့နာမည်ကသဲတဲ့လား ကွှန်တော်နားမထောင်ချင်တော့ဘူးကိုကို ကိုကိုမသိတာက မနက်စာကို ကျွန်တော်၅နာရီ ထပြီးပြင်ဆင်ထားတယ်ဆိုတာကို ကိုကိုပွေပါကျွန်တော်မပြောဘူး ဘာလို့လဲဆိုတော့ ကျွန်တော်က အကျိုးအမြတ်ကိုလက်လျှော့ပြီးရင်းနှီးမြုပ်နှံချင်လို့။
နှင်းစက်အိပ်ရာထကာပြင်ဆင်၍ အလုပ်သွားရန်အောက်ကိုဆင်းခဲ့တယ်
"သဲ ဘာလို့ဒီကိုရောက်လာတာလဲ ကိုယ်လာမယ်ပြောထားတယ်လေ" နေကောင်းကင်ထိုကောင်းမလေးကိုဖက်လိုက်တယ်။
"ခင်ဗျားတို့ကြူချင်ရင် အပြင်မှာသွားကြူ ဒီမှာတော့လာမကြူနဲ့" နှင်းစက်ရင်ထဲကအောင့်ပေမယ့်လည်းအပြုံးမပျက်ပြောလိုက်သည်
"မင်းက ကိုကိုရဲ့တရားဝင် ယောက်ျားလို့ ခေါ်တဲ့လူပေါ့ ဆောရီးပဲနော် တို့ကကိုကိုညက ကျန်ခဲ့တဲ့နာရီလေးကိုလာပေးတာ ကိုကို ညကအရမ်းပင်ပန်းသွားတယ်ထင်တယ် " ကျွန်တော်မကြိုက်ဘူးကိုကို သူပြောနေတဲ့ပုံစံကို ကိုကို့လက်မောင်းကိုချိတ်တာလည်းကျွန်တော်မကြိုက်ဘူးခုနက နမ်းထားတဲ့ ပါးပေါ်နှုတ်ခမ်းနီရာလည်းကျွန်တော်မုန်းတယ် ဒါပေမဲ့ကျွန်တော်ဘာပြောရမလဲ ဒီတစ်ယောက်က ကိုကိုအကြာဆုံးတွဲတဲ့တစ်ယောက်ပဲ နှင်းစက်မဒီဆိုတဲ့ကောင်မလေးကကျွန်တော်နဲ့ဆင်တယ်နော်အသားဖြူပီးမျက်တောင်ရှည်တာကလွဲရင် ဘာမှကြည့်စရာမရှိတဲ့ကျွန်တော့် ထက်ကာလာစုံခြယ်ပြီးတင်ရင်ရှိတဲ့သူကပိုလှတာပေါ့ ။ ကျွန်တော်မျက်ရည်ကျချင်ပါတယ် ဒါပေမဲ့ ကျွန်တော်မငိုချင်ဘူး
မျက်ရည်ကျတာကဖုန်ဝင်တာလို့ပြေလို့ရပေမဲ့ ငိုတာက ပျော်လို့လို့လိမ်ဖို့ခက်တယ်နော်"ကျွန်တော်သွားပြီ ပျော်ရွင်သောနေ့ဖြစ်ပါစေနော် အိမ်ထောင်ဦးစီးကောင်းကြီး" နှင်းစက်မဲ့ပြုံးပြုံးပြကာကားပေါ်သို့တက်ခဲ့သည်။ ကားပေါ်ရောက်မှမျက်ရည်တို့ကိုကျဆင်းခွင့်ပေးလိုက်သည် နှင်းစက်မမြင်ခဲ့တာက မီးဝင်းဝင်းတောက်နေတဲ့မျက်ဝန်းတစ်စုံကို။
YOU ARE READING
LOVE HAS NO BENEFIT
Randomအကျိုးကျေးဇူးဆိုတာကိုယ်မျှော်လင့်မှရတာပါလို့ကိုကိုကပြောတယ်ကျွန်တော်မျှော်လင့်ပေမယ့်လည်းမရတာကိုကိုကြောင့်လား