( Zawgyi version )
ဟောခန်းမကြီးရဲ့ အလယ်မှာ မိန့်ခွန်းစကားကို ဆိုနေလေသည်။
လူအများစုက ဆရာကြီးရဲ့ စကားတွေကို သေချာ လိုက်နားထောင်နေပေမယ့် ထိုလူများထဲတွင် ရီပေါ် မပါပေ။
ရီပေါ်ရဲ့ အတွေးတွေထဲမှာတော့ လူတစ်ယောက်အကြောင်းသာ ရှိနေလေသည်။ရှောင်ကျန့်မှာ ရီပေါ်၏ တစ်ခုံကျော် ယွီပင်းကို အလယ်ကြားညှပ်ကာ ထိုင်နေကြခြင်း။ အစောပိုင်းက ဟောပြောပွဲ မစခင် ရီပေါ်နဲ့ ရှောင်ကျန့်တို့ရဲ့ ဘုမသိဘမသိ ကသီကအောက် အခြေအနေကြောင့် တစ်ကြောင်း ။ ရီပေါ်နဲ့ အခင်ဆုံး အရင်းနှီးဆုံးဖြစ်တာက ။ ရှောင်ကျန့်မှာ မိမိနဲ့သာ သိထားတဲ့ လူသစ်တစ်ယောက်လဲ ဖြစ်တာကြောင့် ယခုလို ကြားညှပ်နေရခြင်းပင်။
ရှောင်ကျန့် ဆရာကြီးရဲ့ စကားကို သေချာနားထောင်နေပေမယ့် ဘာကြောင့်မှန်းမသိ ပူအိုက်လာလေခြင်း။ နဂိုက ချွေးထွက်သန်ပြီး အပူကြောက်တဲ့သူမို့
ယခုလို လူအုပ်ကြီးထဲ အပူအောင်းနေရသည်မှာ ကီးသိပ်မကိုက်လှ။
ဒါကြောင့် အပြင်ခဏလောက်ထွက်နေဖို့ ဆုံးဖြတ်လိုက်တယ်။" ယွီပင်း ငါ အပြင်ခဏလောက် ထွက်လိုက်အုန်းမယ် "
ယွီပင်းက အသာခေါင်းငြိမ့်ပြတော့ ရှောင်ကျန့် အမြန် အပြင်ထွက်လာလိုက်တယ်။
သူ အပြင်ထွက်လာပြီး သိပ်မကြာခင်မှာ တစ်စုံတစ်ဉီးကလဲ အနောက်က လိုက်ထွက်လာလေသည်။ဟောခန်းထဲမှ ယွီပင်းကတော့
"ရီပေါ် ဘယ်ရောက်သွားတာလဲ "
တွေးရင်းသာ ကျန်ရစ်ခဲ့လေသည်။
ရှောင်ကျန့် အပြင်ဘက်ကို ထွက်လာပြီး လေသာဆောင်ပေါ်တက်ကာ အိုက်စပ်နေတဲ့ စိတ်ကို ဖြေဖျောက်နေချိန်ဝယ်
လူတစ်ဦးမှ သူ့အနားအား ကပ်လာပြီး ခါးကို ဖက်လေသည်။ခါးကို လာထိတဲ့ လက်တစ်စုံကြောင့် ရှောင်ကျန့်ကိုယ်မှာ တွန့်ခနဲဖြစ်သွားပြီး
သူ့ခါးကို ဖက်ထားတဲ့ လက်တစ်စုံကို ပုတ်ချကာ လှည့်ကြည့်ဖို့ကြိုးစားလေသည်။
သို့ပေမယ့် ထိုလူမှာ ရှောင်ကျန့်ထက် အားအနည်းငယ်သန်တာကြောင့် ရုန်းမရသည့်အပြင် တင်းကျပ်စွာ ဖက်လာပြန်လေသည်။

YOU ARE READING
ကျတော်ရဲ့ ပဲ့ကိုင်ရှင်
Randomထိန်းသိမ်းရခက်တဲ့ ကောင်လေးရဲ့ ရင်ခွင်ထဲကို Ge ဆိုတဲ့ ဖြစ်တည်မှုကြီး ဝင်ရောက်လာတဲ့ အခါ ယခု Fic မှာ yibo ဘက်မှ ခံစားကာ ရေးသားခြင်းဖြစ်ပါသဖြင့် zhan ge ဘက်မှ ပေါ့သွားမူများ ရှိနိုင်ပါကြောင်း ပြောကြားအပ်ပါသည်။