Unicode Ver

249 23 4
                                    


တိကျသေချာသည့် အချိန်ကာလပိုင်းတစ်ခုအတောအတွင်းမှာ Markတစ်ယောက် အမြဲမိန်းမောကာစိတ်လှုပ်ရှားနေတက်သည်။သူ အနှစ်သက်ဆုံးကာလ...နွေဦးရာသီ။နွေဦးတမန်တော်တစ်ယောက်အနေဖြင့် ပန်းပွင့်လေးတွေဖူးပွင့်လာသည်ကို နှစ်သက်ခြင်းနှင့် ဝတ်ရည်စုပ်လိပ်ပြာလေးတွေ အလုပ်များနေသည်ကို စောင့်ကြည့်ရင်းအပန်းပြေသည်မှာ သိပ်သေချာလွန်းမကသေချာသည့် ဖြစ်ရိုးဖြစ်စဉ်ပင်။ထိုကဲ့သို့သူက သူဆင်းကြည့်လိုက်တဲ့အခါ နှင်းတွေအောက်သုံးပေနီးပါးမျှ နစ်မြုပ်နေတဲ့ဥယျာဉ်လေးကိုတွေ့ချိန် ဒေါသဘယ်လောက်ထွက်လိမ့်မလဲစဉ်းစားသာကြည့်သင့်သည်။

ဘယ်သူ့လက်ချက်လဲ Mark ဒက်ထိသိသည်။

"Lee Taeyong! "

အဆုတ်ထဲရှိသမျှလေကုန် အော်ဟစ်လိုက်သည်။

သူကျောဖက်ခြမ်းမှာ ပုံရိပ်သဏ္ဍာန်တစ်ခုပေါ်မလာခင် ရုတ်တရက်တိုက်ခိုက်လာသည်လေအေးများ..။ငယ်ရွယ်ရွယ်ဆောင်းတမန်တော်အမျိုးသားနှင့် မျက်နှာချင်းဆိုင်ရန် Mark ကိုယ်ကိုလှည့်လိုက်သည်။

ကြီးမားလှသည့်အပြာရောင်မျက်အိမ်တွေ...၊ Mark၏နှင်းဆီရောင်မို့်မို့နှင့်ယှဉ်လျှင် ဖျော့တော့တော့ပါးပြင်တွေပိုင်ဆိုင်သည့်သူဟာ အရောင်ပျော့ပျော့နှုတ်ခမ်းမှာ ရိသဲ့သဲ့အပြုံးကိုဆင်မြန်းလျက်။

"ဘာဖြစ်လို့လဲ?ကိုယ့်နာမည်ကိုထပ်အော်မခေါ်တော့ဘူးလား အချစ်ကလေး"

သူ့ရဲ သွေးနားထင်ရောက်အပြုံးဟာ Markရင်ထဲစိတ်ပျက်မှုတစ်စုံတစ်ခု ဖြစ်စေသည်။

လွန်ခဲ့တဲ့တစ်လက ဆောင်းတမန်တော်သူ့အိမ်ကိုပထမဆုံး ရောက်လာသည်အချိန်ကို အခုထိမှတ်မိနေသေးသည်။ပြတင်းဘောင်ပေါ်ထိုင်ရင်း ကြက်သီးထဖွယ်တစ်ထွေးတွေချည်း ထိုင်ပြောနေခဲ့သည့် ပုဂ္ဂိုလ်။

အနှီးပုဂ္ဂိုလ်ဟာ အင်မတန်ခန့်ငြားကြည့်ကောင်းသည်ကို Markဝန်ခံပေမယ့် စိတ်နောက်ကျိလာစေသည်မို့ အိမ်ကနေနှင်ထုတ်ပစ်ခဲ့သည်။သို့ပေမယ့်ထိုအခါသည်လည်း ဆောင်းတမန်တော်ကို နောက်ဆုံးတွေ့ခဲ့ရခြင်းမဟုတ်။ အတိအကျဆိုလျှင်မှားသည်။ Taeyong,ဟာရက်သတ္တပတ်တိုင်းလိုလိုပင် Mark ကိုပိုးပန်းကျီစယ်ဖို့ ဒါမှမဟုတ် ပြဿနာမွှေရှာဖို့ ရောက်လာတက်သည်။ ဘယ်နည်းနှင့်ပဲဖြစ်ဖြစ် Mark စိတ်အနှောက်အယှက်ဖြစ်ရခြင်းနှင့် အဆုံးသတ်သည်ချည်း။

Roses and Frostbites 🌹❄Where stories live. Discover now