Part 1

4.5K 179 32
                                    

Zawgyi

" Joong Archen Aydin မင်း​ဆေးလိပ်​ခိုး​သောက်​ပြန်​ပြီလား "

Joong ​​ဆေးလိပ်​ကို လက်​ကြားထဲမှာညှပ်​ရင်း ​နောက်​သို့လှည့်​ကြည့်​လိုက်​​တော့ သူ့ရဲ့ချစ်​လှစွာ​သော ဆိုးတူ​ကောင်းဖက်​ သူငယ်​ချင်းကြီး Pavel

" မင်းလည်း အချိန်​ကျလို့ တက်​လာတာမလား "

Pavel က ပြုံးလိုက်​ရင်း

" ဒါ​ပေါ့ ခံတွင်းချဉ်​​နေပြီ​လေ "

Private study အတွက်​ ​ပေးထား​သောအချိန်​သည်​ သူတို့နှစ်​​ယောက်​အတွက်​က​တော့ ​ကျောင်း​ခေါင်​မိုးထပ်​မှာ ​ဆေးလိပ်​​သောက်​ချိန်​ဟုပင်​ ဆိုရမည်

ကျောင်း​ခေါင်​မိုးအ​ပေါ်ဆုံးထပ်​က​နေ ​တွေးချင်​ရာ​တွေး ​ငေးချင်​ရာ​ငေးကာ feel ​လေးနဲ့ စီးကရက်​ခဲ​နေရသည့်​ ခံစားချက်​ကို Joong သိပ်​ကြိုက်​သည်

တစ်​ခါတစ်​​လေ နိုင်​ငံခြားမှာရှိ​နေတဲ့အ​ဖေ့ကို သတိရသည်

တစ်​ခါတစ်​​လေ လူမှန်း​သိတတ်​စအရွယ်​​လောက်​က အ​ဖေနဲ့ရန်​ဖြစ်​ကာ အိမ်​ကထွက်​သွားပြီး ​ပေါ်မလာ​တော့သည့်​ အ​မေ့ကို တမ်းတမိသည်

တစ်​ခါတစ်​​လေ အထီးကျန်​တဲ့စိတ်​ကို ​ဖြေ​ဖျောက်​ရင်း ​ကောင်​မ​လေး​တွေနဲ့ ထည်​လဲတွဲသည်

တစ်​ခါတစ်​​လေ ​သွေးဆူသည့်​အချိန်​များတွင်​ ချိန်းပွဲများလည်း နွှဲဖြစ်​သည်

ဒီလိုပါပဲ ​ဆေးလိပ်​​ငွေ့​တွေလို ဘဝကို ဦးတည်​ရာမဲ့လွင့်​ရင်း ​နေ​ပျော်​သလို ဖြတ်​သန်းရင်း​ပေါ့ ...

.......................

ကျောင်းဖွင့်​တာ ဒီ​နေ့နဲ့ဆို ငါးရက်​​မြောက်​ပြီဖြစ်​သည်

Private study ချိန်​ပြီး​နောက်​ စာသင်​ချိန်​​နောက်​တစ်​ချိန်​ စ​တော့မည်​ဖြစ်​၍ Joong ​ရော Pavel ​ရော ​အောက်​ထပ်​သို့ ပြန်​ဆင်းလာကြသည်

နှစ်​​ယောက်​လုံးက စာနှင့်​ပတ်​သက်​လျှင်​ ဥာဏ်​အ​တော်​အသင့်​​ကောင်းကြသူများဖြစ်​၍ အရမ်းကြီး အသည်းအသန်​လုပ်​ကြသူများမဟုတ်​ပဲ ​​တော်​ရုံသင့်​ရုံ အလယ်​အလတ်​လမ်းစဉ်​ကိုသာ ကျင့်​သုံးကြသည်

Love of My LifeWhere stories live. Discover now