Part-2

1.4K 111 16
                                    

Zawgyi

ထိုအချိန်​မှစ၍ Joong Archen ဆို​သော လူဆိုး​ကောင်​သည်​ ​တွေ့ရာ​နေရာတွင် Nine အား အ​နှောင့်​အယှက်​​ပေးသည်

လက်​ရုံးချင်းယှဉ်​ရ​အောင်​လည်း မမျှတာတစ်​​ကြောင်း ထိုလူဆိုး​ကောင်​နဲ့ ပြိုင်​မဖြစ်​ချင်​တာကတစ်​​ကြောင်း Nine တတ်​နိုင်​သမျှ သည်းခံသည်

Nine စာအုပ်​​တွေသယ်​လာရင်​ သူက​ခြေထိုးတာမျိုး

သူ့​နောက်​တန်းနှစ်​ခုံ​ကျော်​​နေရာမှာရှိ​နေ​သော ထိုသူသည်​ သူ့​နောက်​ကတစ်​​ယောက်​နှင့်​​နေရာလဲကာ ​ပြောင်းထိုင်​ပြီး သူ့အင်္ကျီ​နောက်​​ကျောတွင်​ ​ဘောပင်​နှင့်​​လျှောက်​​ရေး​လျှောက်​ခြစ်​တာမျိုး

လမ်းမှာဖြတ်​သွားဖြတ်​လာ​တွေ့ရင်​ ​ဆေးလိပ်​​ငွေ့​တွေနဲ့ မျက်​နှာကိုမှုတ်​လိုက်​တာမျိုးစသဖြင့်​ ထိုသူသည်​ Nine ကို မျိုးစုံစိတ်​မတို တို​အောင်​ အ​နှောင့်​အယှက်​​ပေးသည်

Nine တတ်​နိုင်​သမျှ စိတ်​ထိန်း၍ တုံ့ပြန်​မိသည်​က မျက်​​စောင်းထိုး၍ ​တောက်​တစ်​ချက်​​ခေါက်​ရုံသာရှိသည်

သူ့​ဘေးမှာထိုင်​​သော Earth ကိုယ်​တိုင်​က 'မင်းသူနဲ့ပြိုင်​မဖြစ်​နဲ့ လျစ်​လျူရှုထားလိုက်​ သူတို့ကဇရှိတယ်​ ကြာရင်​မင်းပဲနာလိမ့်​မယ်​´ ဟုဆိုသဖြင့်​ Nine ဥပက္ခာပြုဖို့သာ ကြိုးစားမိသည်

သို့​ပေမဲ့ ကံကြမ္မာက သူနဲ့ Nine ကို ဘယ်​လို​တွေရှုပ်​​ထွေး​အောင်​ ချည်​​နှောင်​ထားချင်​လဲမသိ

ထို​နေ့က Nine ​ကျောင်းတွင်​ဂျူတီကျ၍ ​နောက်​ကျမှ ပြန်​ဖြစ်​ခဲ့သည်

အနည်းငယ်​​မှောင်​​နေ​သော လမ်းကြားတစ်​ခု​ရှေ့မှအဖြတ်

" မင်းတို့​တွေ အများနဲ့တစ်​​ယောက်​ မိန်းမလို မိန်းမရလုပ်​တာ မရှက်​ကြဘူးလား ​အေး ​ဇရှိရင်​ ငါ့ကိုလွှတ်​​ပေးလိုက်​ မင်းတို့တစ်​​ယောက်​ချင်းစီနဲ့ ယှဉ်​မယ်​ "

Nine ထိုအသံကို ရင်းနှီး​နေ၍ ကြည့်​လိုက်​မိ​တော့ ဟိုလူဆိုး​ကောင်

Love of My LifeWhere stories live. Discover now