One shot

1K 115 9
                                    


[ Zawgyi version ]






🍁 အချစ်​က အကုန်​လုံး တစ်​ပုံစံတည်းပဲ

မင်းကို​တော့ မတူညီပဲ ခြားနား​စေချင်​ခဲ့​ပေမဲ့လည်း​ပေါ့ 🍁





" ဒီ​နေ့ ​ကျောင်းသား​ဟောင်း​တွေ့ဆုံပွဲသွားကြမယ်​မလား "

ခါတိုင်းလိုပဲ အလုပ်​များတဲ့ တနင်္ဂ​နွေ​နေ့ ၊

အင်္ကျီအ​ပေါ်ထပ်​ရှပ်​ကို ဖြည်းညင်းစွာ ဆွဲချွတ်​​နေတဲ့ ဆယ်​ဟွန်းက ကုတင်​​ပေါ်မှာ ကားယားကြီးအိပ်​​နေတဲ့ ဘတ်​ဟျွန်းရဲ့ စကားသံ​နောက်​မှာ ချက်​ချင်း ငြိမ်​သက်​သွားတယ်​ ၊ ဒါ​ပေမဲ့ ခနတာအတွင်းမှာပဲ သူ့ရဲ့ အမူအယာကို ထိန်းလိုက်​ရင်း အ​ပေါ်ဝတ်​ကို ​ခေါက်​ပြီး သူ့​ရှေ့က ဗီရိုထဲကို ထည့်​လိုက်​တယ်​ ၊  ဘတ်​ဟျွန်းက​တော့ သူ့စကားကို အ​ဖြေရဖို့ ဆိုဖာ​ပေါ်မှာ ဖုန်းသုံး​နေကြတဲ့ ဂျွန်​​မြောင်​နဲ့ မင်​​ဆော့ကို ​ဝေ့ကြည့်​တယ်​၊

" ငါက​တော့ မဖြစ်​မ​နေကို သွားမယ်​ ၊
ရီရှင်းနဲ့ ​တွေ့ချင်​လှပြီ "

ပထမဦးဆုံးအ​နေနဲ့ သူ့ IG က​နေ follower အ​ရေအတွက်​ကို ​စေ့စပ်​စွာ စစ်​​​ဆေးနေတဲ့ ဂျွန်​​မြောင်​က အူမြူးစွာ စကားဝိုင်းထဲဝင်​လာတယ်​ ၊ အဲ့တာကို ဘတ်​ဟျွန်းက " ဒီအစ်​ကိုက တကယ့်​ကို ​ပျော်​​နေတာပဲ" ဆိုတဲ့အ​တွေးနဲ့အတူ ​မေး​ထောက်​ပြီးပြုံးကြည့်​တယ်​..၊ ​နောက်​​တော့ သူ့အကြည့်​က ဆယ်​ဟွန်းဆီ ပြန်​​ရောက်​သွားတယ်​ ၊

" ဆယ်​ဟွန်းက​ရော..? "

" ကျွန်​​တော်​က.. ညဆိုင်းရှိတာမို့ 
နောက်​ကျမယ်​ထင်​တယ်​ "

" ရပါတယ်​ ငါတို့က မိုးလင်းထိ ​သောက်​မှာ ၊
ကြိုက်​တဲ့အချိန်​လာလို့ရတာပဲ "

ဂျွန်​​မြောင်​ရဲ့ ​ပေါင်​​ပေါ်လှဲအိပ်​​နေတဲ့ မင်​​ဆော့က "မင်း မလာလို့ မဖြစ်​ဘူး​နော်​" ဆိုတဲ့ စကားကို ​လေးနက်​တဲ့ အသံနဲ့ အပိုထပ်​​ဆောင်း​ပြောလိုက်​​တော့ သူ့ရဲ့ နှစ်​တိုင်း​ရှောင်​လွှဲ​နေကျ ဆင်​​ခြေ​တွေက အသုံးမဝင်​​နိုင်​​တော့ဘူး ဆိုတာကို ဆယ်​ဟွန်း သိလိုက်​တယ်​ ၊

I Maple You [ Zawgyi × Uni ]Where stories live. Discover now