အပိုင်း(၁)

26 2 0
                                    

"ကျွန်တော် ခင်ဗျားကို မချစ်ဘူးလို့ ပြောပြီးပြီလေ"
"မင်းမချစ်ပေမယ့် ငါ့မင်းကိုချစ်တယ်ကွာ"
ရုတ်တရက်.....
မဟော် ဟီသာရဲ့ ပါးနှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ ကိုင်လိုက်သည် သူဟီသာ့ ရဲ့ နုတ်ခမ်းလေးတွေကိုနမ်းဖို့ သူ့မျက်နှာကိုရှေ့တိုးလိုက်သည် ဟီသာ
သူ့ရဲ့ လက်နှစ်ဖက်နဲ့ မဟော် ကိုတွန်းလိုက်သည်
မဟော် ကြမ်းပြင် မှာ ဖင်ထိုင်ရက် ပြုတ်ကျသွားသည်
ဟီသာ မဟော် ကို လက်ညိုးထိုးပြီး....
"ငါမင်းကို စောက်ရမ်းမုန်းတယ် မဟော်တေဇာ
မင်းငါ့ကိုသေလောက်အောင်ချစ်လေ ငါကသေလောက်အောင်မုန်းလေပဲ မင်း ရဲ့နှလုံးသားထဲ မင်းရဲ့
ဦးနှောက်ထဲနစ် နေအောင်မှတ်ထားရမှာက မင်းကိုသေလောက်အောက် ချစ်ခဲ့တဲ့ ဟီသာမိုးမြင့်က သေသွားပြီ ဆိုတာပဲ အခု မင်းမြင်နေရတာက မင်းကိုသေလောက်အောက် စောက်ရမ်းမုန်းတဲ့ ဟီသာမိုးမြင့် ပဲ"
မဟော် လဲကျသွားတဲ့နေရာမှာပဲ ဒူးထောက်နေမိ
သည် သူ့ရဲ့ အတွေးတွေက အရင် အချိန်တွေဆီသို့.......
×××××××××××××××××××××××××
အထက်တန်းကျောင်းလေးတစ်ကျောင်း
ကလောင် ကလောင် ကလောင်
ကျောင်းတက်ခေါင်းလောင်းထိုးသံ

ဟီသာတစ်ယောက် ကျောင်းခန်းထဲမှာ ဂနာမငြိမ်ဖြစ်နေလေသည် ထိုအချိန်တွင်......
" ဟီသာ ဘာဖြစ်နေတာလဲ မင်းလင် လာမှာပါကွ
မင်း လူကအမြဲတမ်းနောက်ကျနေတာကို ငြိမ်ငြိမ်နေစမ်းကွာ"

စိုင်းမာန်ပြောလိုက်တဲ့စကားကို အိမ်စာရေးနေတဲ့
ဖူးသော် ကထောက်ခံလိုက်သည်။

" ဟုတ်ပါ့ ဖြစ်နေလိုက်တာ တော်တော် ချစ်နေတယ်ပေါ့ ဟိုကနင့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ကိုမထင်တာ "
ဟီသာ ဖူးသော်ရဲ့ ပုခုံးကိုခပ်ဖွဖွ လေးရိုက်လိုက်ပြီး..

"နင်ကလည်းဟာ ဒါကတော့ ငါကချစ်တာကိုဟ"
ဟီသာ တစ်ယောက် ရှက်နေလေပြီ ....
"ဟွန့် ပြောကိုမပြောချင်ဘူး အုကဲကောင်
ပိုကိုပိုတယ်"

ဖူးသော် အမြင်ကပ်ကပ်နဲ့ပြောလိုက်တော့....

"ဘာ နင်နော် နင်ကမှ ငှက်ပျောတုံးဖတ်သေမဲ့ Fa မကြီး ငါ့မှာငါချစ်တဲ့လူရှိတယ်ဟဲ့ ပြီးတော့
သူကလည်း ငါ့ကိုရှအောင်လုပ်မှာမဟုတ်ဘူးဟဲ့
နင်သာ အဆင်ငမ်းလိုက် ရှလိုက်တာနဲ့ ရှရာဗလဗွ
နဲ့ Faမကြီးလေ"

ဟီသာ ဖူးသော်ကို စပ်စပ်ထိမခံ ပြန်ပြောနေတော့
သည်။

" အမလေး အုကဲလို့ ပြောတာမှားလို့လား
အုကဲလေးရဲ့ "

"ဘာ နင်နော် သွားတော့ဟာ နင့်ခုံမှာထိုင်နေလိုက်တော့ မဟုတ်ရင် ငါနင့်ရဲ့ အရပ်ကိုပုအောက်လုပ်မိတော့မယ် သွားဟာ"

ဟီသာနဲ့ ဖူးသော်တို့ စကားများရန်ဖြစ်နေတာကို
ပြေလည်အောင်မလုပ်ပဲ ဗိုက်နှိပ်ရီနေတဲ့လူကတော့
စိုင်းမာန်မာန ပါပဲ

ကျောင်းတက်ပြီး ၁၅မိနစ်လောက်အကြာ...
မဟော်တေဇော ရောက်လာပါပြီ

"ဆရာမ ၀င်ခွင့်ပြုပါ "

သြရှလှတဲ့စကားသံအဆုံး စာလိုက်ရေးနေတဲ့
ကျောင်းသားတွေရဲ့ မျက်လုံးနဲ့ အတန်းပိုင် ဆရာမရဲ့
မျက်လုံးတို့က မဟော် ဆီရောက်သွားခဲ့ပါသည်။
ဟုတ်ပါသည် မဟော်က တစ်ကျောင်းလုံးရဲ့ Kingပါ သူ့ကိုကြိုက်တဲ့လူအများကြီးပါပဲ သူကဘယ်သူနဲ့မှ စကားမပြောပါဘူး ဟီသာတို့အဖွဲ့နဲ့လွဲလို့ပေါ့
ဟီသာတို့နဲ့ မဟော် တို့ကငယ်ငယ်လေးကတည်းက ပေါင်းခဲ့တဲ့ငယ်ပေါင်းကြီးဖော်တွေပါ။
ဟီသာတို့သူငယ်ချင်း၎ယောက်ထဲမှာ မဟော်ကအတည်ငြိမ်ဆုံးပါ ကျန်တဲ့၃ယာက်က တခြားသူတွနဲ့စကားပြောလိုက် ရယ်မော နောက်ပြောင်လိုက်နဲ့ပါ။
မဟ်ာရဲ့ မျက်ခုံး မျက်လုံး နှာတံ နဲ့ နုတ်ခမ်းကို
ဟီသာအကြိုက်ဆုံးပါ အဲ့တာတွေကြောင့် မဟော်က
ယောကျာ်းပီသသည် ဆိုတာကို ဖော်ပြနေတာပါ
ဟီသာကတော့ ပိုးဟပ်ဖြူ လေးပေါ့ စိုင်းမာန်လည်း
မဟော် လိုပါပဲ ဒါပေမယ့် စိုင်းမာန်ရဲ့ အသားအရည်ကအရမ်းဖြူ တယ် ကိုရီးယားမင်းသားလိုပဲ
မဟော်က အနောက်နိုင်ငံသားလိုပဲ
သူတို့၂ယောက်လုံးက Seme ပီသတယ်
ကျွန်တော် ကတော့ ဖူးသော် ပြောသလို Uke ပိသတယ်ပေါ့ဗျာ....

"အဟန့်"

ကျွန်တော့ရဲ့ဘေးက မဟော် ချောင်းဟန့်လိုက်တဲ့ အသံပါ ကျွန်တော်သူ့ကိုကြည့်မိတော့ သူက...

"မင်း ဘယ်တွေကြည့်နေတာလဲ စာက မင်းရှ့မှာ
ငါ့မျက်နှာမှာစာမရှိဘူး "

ကျွန်တော် မျက်စိအစုံပြူးသွားရသည် ကျွန်တော့သူ့ကိုကြည့်နေတာ သူသိသွားတာလား
ဟီသာရဲ့ ပါးနှစ်ဖက် ပန်းရောင်သန်းသွားရသည်။

💐💐💐💐💐💐💐💐💐💐💐

ပထမဆုံးရေးတဲ့ Fic လေးမို့ ဝေဖန်ပေးချင်ပါတယ်။

💐H E A T H E R💐Where stories live. Discover now