အပိုင်း(၃)

10 2 0
                                    

"သော် ပြောတော့ နောက်ရက်မှပြန်လာဖြစ်မယ်ဆို
အခုကဘယ်လိုဖြစ်လို့လဲ ? "

ကျွန်တော် သော်ရဲ့ ခါးသွယ်လေးတွေကိုဖက်ရင်းနဲ့မေးလိုက်မိတယ် သော်ရဲ့ လက်ဖဝါးနုနုက ကျွန်တော့ရဲ့ ပါးကိုအုပ်ကိုင်လိုက်ပြီး

"Darling ကိုတွေ့ချင်လို့လေ ပြီးတော့ Darling အံသြသွားအောင် သော်က ဒီလိုလုပ်လိုက်တာ Darlingအံ့သြသွားတယ်မလား? "

အဲ့အပြောတွေက ကျွန်တော့အတွက်မထူးဆန်းတော့ပါ သော်က နိုင်ငံခြားမှာ ဆေးအရောင်းအ၀ယ် ၊
လက်နက်အရောင်းအ၀ယ်လုပ်တယ် လုပ်ငန်းတွေပြီးသွားရင် ကျိကျိတက် ချမ်းသာတဲ့ ဘဲကြီးတွေန
ဲ့တွဲတယ် သူပျင်းလာပြီဆိုမှ သူ့ရဲ့မွေးရပ်မြေ
ကျွန်တော်ရှိရာ မြန်မာနိုင်ငံကို သူပြန်လာတယ်

"အဟက် "

ကျွန်တော် မဲပြုံးပြုံးလိုက်ပြီး လှောင်ရယ်လိုက်သည်
ဟုတ်ပါတယ်လေ သော်က ကျွန်တော့ကိုပဲချစ်တာ
ဆိုတော့ ဟာသပဲ

ကျွန်တော်တို့ Dancing foor ဘက်ကို ထွက်လာခဲ့ကြသည် မြူးကြွလွန်းတဲ့တီးလုံးတွေနဲ့အပြိုင်
ကခုန်လိုက်တယ် သော် ရဲ့ ဆေးဆိုးပန်းရိုက်
မျက်နှာ ခါးသွယ်သွယ် သိပ်ကို လှရက်လွန်း
လှပါသည် ဘယ်သူမှမယှဉ်နိုင်ကြဘူး သော်က
ကျွန်တော့ကိုချစ်တယ် ကျွန်တော်ကတော့သော်ကိုမချစ်ဘူး မိဘချင်းသဘောတူထားတော့ တချိန်မှာ
လက်ထပ်ရမယ် ဆိုတာလည်း သိနေပါတယ်
ရုတ်တရက် ကျွန်တော့မျက်လုံးထဲမှာပေါ်လာတဲ့ ဟို
ကောင်လေး

မနက်တိုင်း ကျွန်တော်ကျောင်းအလာကို စောင့်မျှော်
နေတက်တဲ့ ကောင်လေး~~      စာသင်ချိန်
ကျွန်တော့ ဘေးနားမှာ ထိုင်ပြီး ကျွန်တော့ကို
မျက်စိဒေါက်ထောက်ကြည့်နေတက်သော
ကောင်လေး~~

ချစ်မိပါတယ် ကောင်လေး~~
မြတ်နိုးမိပါတယ် ကောင်လေး~~
တန်ဖိုးထားမိပါတယ် ကောင်လေး~~
ပိုင်ဆိုင်ချစ်မိပါတယ် ကောင်လေး~~
ဒါပေမယ့် ကိုယ်တို့က မဖြစ်နိုင်ဘူး ကလေးငယ်
ဒါပေမယ့် တစ်ချိန်တော့ ကိုယ် ကြိုးစားကြည့်ပါမယ်။

******************************
ညဘက်အိမ်ခြေတိတ်ဆိတ်နေချိန်တွင်
ကားတစ်စီးက မဟော်တို့အိမ်ရောက်ချလာတယ်

💐H E A T H E R💐Where stories live. Discover now