[Zawgyi]
"Wang Yibo! "
ကလေးလက်ထဲကအချွန်ကို လုလိုက်ပြီး ကလေးရုန်းနေတာမို့ ထိသွားမည်အထင်နှင့်အော်လိုက်မိသည်
သို့ပေမဲ့ ကလေးကိုမထိပဲ သူ့လက်ကိုရှမိသွားသည်
"ဟာ xiaozhan မင်းလက်မှာ "
"ထားလိုက်အဲ့လောက်လေးနဲ့ငါမသေနိုင်ဘုး"
"ဘယ်လိုလုပ်ထားလို့ရမှာလဲ သွေးတွေထွက်နေတာကို"
"ရတယ် မင်းဘာဖြစ်တာလဲဆိုတာသာ ငါ့ကိုပြောပြ"
"မင်း……မကောင်းဘူးး xiaozhan ………ဟင့်………"
"ဟာကွာ ငိုခိုင်းတာမဟုတ်ဘူးလေကွာ မငိုပါနဲ့ကွာနော် ကိုကို့ကိုဘာဖြစ်တယ်ဆိုတာလေးပဲပြောပြပါ"
"မင်းငါ့ကိုချစ်တယ်ဆို"
"အင်းလေ"
"မင်းငါ့ကိုလက်ထပ်မယ်ဆို"
"ဒါလည်းဟုတ်တယ်လေ"
"ပြီးတော့ မင်းငါ့ကိုနမ်းတယ် ဘာလို့လဲ………ဟင့်"
"ချစ်လို့နမ်းတာပေါ့လို့"
"ဘာ! ချစ်လို့ဟုတ်လား ဒါဆို မင်းဟိုကောင်မလေးနဲ့"
"အယ် yiboကကိုကို့ကို အထင်လွဲနေတာကို အဲ့ဒါ ကောင်မလေးမဟုတ်ဘူး အခြောက်ကြီးပါကွာ ကိုကို့တို့ရုံးကပဲ သူ့မျက်စိထဲ Linerဆိုးနေရင်း ဘာဖစ်မှန်းမသိ အမှုန်ဝင်သွားလို့ ကူညီပေးနေတာ"
"ဟင်!"
"တကယ်ပါကလေးရဲ့"
"မင်းတို့နမ်းနေတယ်ထင်လို့"
"ဟားဟား လတ်စသတ်တော့ မင်းလေးကကိုကို့ကို သဝန်တိုပြီး ထွက်ပြေးသွားတာကို သွားပါပြီကွာ ကိုကိုကတော့ မင်းကိုရှာမတွေ့ဘူး ကိုကို့အမှားလို့ အထင်နဲ့ ဖုန်းကိုရိုက်ခွဲလိုက်ပြီ"
"အဲ့ဒါတွေထားလိုက်တော့ လက်ကိုဆေးထည့်မယ် လာ"
လက်လေးကိုဆွဲကာ ရုံးခန်းထဲဝင်လာပြီး အဆင့်ဆောင်ထားသည့်ဆေးသေတ္တာကိုယူကာ
ရှသွားသည့် လက်ဖမိုးလေးကို ဆေးထည့်ပေးနေသည်
YOU ARE READING
Will You Marry Me?
FanfictionWill You Marry Me မင်းအဲ့စကားအဓိပ္ပါယ်ကိုသိလား Yibo ငါသိတာပေါ့ သို့ပေမဲ့ ငါမင်းကိုမဖြေရဲဘူးXiaoZhan .....................