မြစိမ်းရောင်တောင်ကုန်းထက် လေညှင်းသွဲ့သွဲ့ဟာ အဖြူ နဲ့အမည်း အရိပ်နှစ်ခုကိုဖြတ်သန်းတိုက်ခတ်သွားပြီး သူတို့ရဲ့ဆံနွယ်တွေကိုလွင့်မျောစေလို့ သူတို့ရဲ့ဝိဥာဉ်တွေကိုပါ မွှေနှောက်သွားဟန်ရှိတယ်။
တစ်ဦးနဲ့တစ်ဦး ငေးမောနေတဲ့ပုံရိပ်နှစ်ခုကတော့ သူတို့ရဲ့မျက်ဝန်းထဲက ဝမ်းနည်းမှုတွေကို လျှိုဝှက်ရင်း သူတို့ရဲ့နှုတ်ဖျားထက်က ဖွင့်ပြောချင်နေတဲ့စကားတွေကို ချိတ်ပိတ်ရင်း မြင့်မားတဲ့တံတိုင်းတွေလို ငြိမ်သက်စွာ ရပ်လို့....."မင်း....ဘယ်ကိုသွားမယ်ဆိုတာစဉ်းစားပြီးပြီလား"
"ဟင့်အင်း.."
သူ ခေါင်းကိုဖြည်းညှင်းလေးလံစွာခါလိုက်တယ်။ သူတကယ်မသိဘူး သူဘယ်ကိုသွားသင့်တယ် ဘာကိုလုပ်ရမယ်ဆိုတာ။ ဒီအရေးကိစ္စတွေပြီးရင် သူထွက်သွားရမယ်ဆိုတာသိပါတယ်။ လူတိုင်းသူ့နေရာနဲ့သူအခြေကျသွားခဲ့ရင်... အမှားတွေကိုအမှန်ဖြစ်အောင်ပြင်ပြီးသွားခဲ့ရင်.. ဘယ်သူ့ဆီမှာမှ သူ့အတွက်တစ်နေရာစာကျန်တော့မှာမဟုတ်ဘူးဆိုတာ။
ဒါပေမယ့် တကယ်တမ်းအားလုံးဖြစ်ပျက်ပြီးသွားတော့လည်း သူတကယ်မဆုံးဖြတ်တတ်တော့ဘူး...။"ဒါပေမယ့် လန်ကျန့်ရယ် လောကကြီးကကျယ်ပါတယ် ဒီလိုပဲကမ္ဘာအဆုံးထိခရီးသွားလို့ရတာပဲ ငါကျောချလိုက်တဲ့နေရာမှန်သမျှ အိမ်လို့မှတ်ယူလို့လည်းရတယ်လေ
ဒါဆို လန်ကျန့်..... ငါသွားတော့မယ်""အင်း.."
နောက်ဆုံးတော့လည်း လေအဝှေ့မှာကြွေလွင့်ခဲ့တဲ့ သစ်ရွက်နှစ်ရွက်လိုပါပဲ လာတဲ့ဌာနေတူပေမယ့် ပြန်တဲ့အခါကျတော့ ဦးတည်ဘက်တွေကဆန့်ကျင်ကြရတယ်လေ
တောင်တန်းတွေဟာမပြောင်းလဲဘူး
စိမ်းပြာရောင်သမုဒ္ဒရာရေတွေဟာလည်းထာဝရတည်ရှိ
နေမယ်
အဲ့လိုပဲ မင်းနဲ့ငါလည်းတစ်နေ့ပြန်ဆုံမယ်.....လန်ကျန့် နောက်တစ်ခါဆုံရင် မင်းဒီသီချင်းနာမည်ကို ကောင်းကောင်းစဉ်းစားထားရမယ်နော်တဲ့
ဝေ့ရင်း... ငါအစကတည်းကသေချာစဉ်းစားပြီးသားပါအခုတော့ပြောချင်တဲ့သူကမပြောနိုင်ခဲ့သလို ကြားစေချင်တဲ့သူကလည်းမကြားနိုင်တော့ပြီ
YOU ARE READING
shuilian de mengxiang (the untamed fanfiction)
Fanfictionဘာမှရယ်တော့မဟုတ်ပါဘူး untamedရဲ့မတင်မကျဇာတ်သိမ်းကြီးကိုရင်ခံလွန်းလို့ဖြင့် ကိုယ့်ဟာကိုယ်ဖတ်ရင်းပြန်ကြည်နူးလို့ရအောင် ကိုယ့်အတွေးလေးတွေကိုစာစီထားရုံပါပဲ အိုင်နဲ့များစိတ်ကူးတူတဲ့လူရှိရင်တော့ လမ်းကြုံခဲ့ရင်ဝင်ခံစားပေးခဲ့ကြပါလို့ ......🙏