ခွါမဲ

1.1K 42 0
                                    

ကျုပ်တို့ရွာက ခွာမဲလို့ခေါ်တဲ့ ကရင်လေးကအခု အသက် ရှစ်နှစ်ရှိပြီ။ ဒီကောင်ခွာမဲမွေးကတည်းက သရဲမြင်ရတဲ့ကောင်ဗျ။ဒီကောင်က (၅)နှစ်သားလောက်ကတည်းကသူ့မိဘတွေကို ပြောတာဗျ။ ပထမတော့သူ့မိဘတွေက ခွာမဲပြောတာကို နားမလည်ဘူးဗျို့။ခွာမဲကလည်း သရဲဆိုတာကို မသိဘူးလေဗျာ။"အမိုး ညက ရွာထဲကို အရူးမကြီး ဝင်လာတယ်ခွေးတွေဝိုင်းဟောင်တော့မှ ထွက်ပြေးသွားကြတယ်ဗျ""ဖိုးခွား မဟုတ်ဘူး။ ဒီရွာမှာ အရူးမ မရှိဘူး။ခွေးတွေ ဟောင်တာက ဟိုးမြောက်ပိုင်းကခွေးတွေ နယ်ကျော်လာလို့ ဟောင်တာပါ။မကြောက်နဲ့ မကြောက်နဲ့""အမိုး ဖိုးခွား မကြောက်ပါဘူး ဒါပေမဲ့ ခွေးမဟုတ်ဘူးဗျအရူးမကြီး လာတာ။ ဖိုးခွါး သေသေချာချာ မြင်ရတယ်"ခွာမဲကတော့ ပြောရှာသားဗျ။ဒါပေမဲ့ သူ့မိဘတွေကမယုံကြဘူး။ဒီအကြောင်းကို သူ့အဖေ ။အမေကိုရယ်စရာလို သဘောထားပြီး လူစုံရင် ပြောပြောပြီးရယ်ကြသဗျ။ တစ်ခါကျတော့ ခွါမဲက ပြောတယ်ဗျ။"အမိုး ညကလာတဲ့ အရူးမက ကြောက်စရာကြီးဗျ။ဆံပင်ဖားလျားကြီးနဲ့ မျက်လုံးကြီးတွေက ပြူးထွက်နေတာ။ပြီးတော့ အဲဒီအရူးမကြီးက အဝတ်အစားမပါဘူး။ကိုယ်လုံးတီးကြီးဗျ။ လူတွေလို လမ်းလျှောက်တာမဟုတ်ဘူးဗျ။ ဖင်ထိုင်လျက်ကြီးသွားတာလက်နှစ်ဖက်ထောက်ပြီး ပြေးတာများ လွှတ်မြန်တာအမိုးရဲ့""ဖိုးခွါးရဲ့ အရူးမကြီးလာရင် ခွေးတွေ ဟောင်မှာပေါ့။ညက ခွေးဟောင်သံတွေ အမိုးတော့ မကြားပါလား""အမိုး ဒီရွာက ခွေးတွေက အရင်လာတဲ့ အရူးမတွေကိုပဲဟောင်ရဲတာ အမိုးရဲ့။ ညကလာတဲ့ အရူးမကြီးကိုကျတော့ကြောက်လို့ ဟောင်ဖို့နေနေသာသာ အိမ်အောက်မှာအီ။ အီနဲ့ အော်ပြီး ပုန်းနေကြတာ အမြီးတောင်မလှုပ်ရဲဘူးဗျ"ခွါမဲက အဲဒီလို မကြာမကြာ ပြောပြေညနေပေမယ့်ဘယ်သူကမှ အလေးအနက် မထားကြဘူးပေါ့ဗျာ။နောက်တော့ ခွါမဲစကားတွေက နည်းနည်းထူးဆန်းလာတယ်ဗျ။ရွာထဲမှာ လူသေသွားတဲ့အခါမျိုးမှာ အမြဲမဟုတ်ပေမဲ့တစ်ခါတစ်ခါမှာ ပြောတယ်ဗျ""အမိုးရေ ရွာမြောက်ပိုင်းက ကိုကြက်တောဆိုတဲ့လူကြီးသေသွားတာ အရူးကြီး ဖြစ်သွားတာဗျ။ညကကျုပ်တို့ဝိုင်းရှေ့ကနေ ဆံပင်ဘုတ်သိုက်ကြီးနဲ့လျှောက်သွားနေတာ ကျုပ်တွေ့တယ်။ကျုပ်တို့ဝိုင်းထဲက ခွေးတွေ ဝိုင်းဟောင်လို့ရွာနောက်ပိုင်းကို ထွက်ပြေးသွားတာဗျ"ပထမတော့ ခွာမဲပြောတဲ့ အဓိပ္ပါယ်ကို ကျုပ်တို့ရွာမှာနားမလည်ကြဘူးဗျ။ ကလေးပြောတဲ့ စကားဆိုတော့သိပ်လည်း မပျံ့နှံ့ဘူးပေါ့ဗျာ။နောက်တော့ဒီသတင်းက ကျုပ်နားထဲ ရောက်လာရောဗျာ။ကျုပ်ကတော့ ဒီသတင်းကြားကတည်းကချက်ချင်းသဘောပေါက်လာတယ်လေဗျာ။ကျုပ်က ခွာမဲကိုခေါ်ပြီး တိတ်တိတ်လေးမေးကြည့်တာဗျို့။"ခွာမဲ မင်းက ညဘက်ကို အရူးမတွေ အရူးတွေရွာထဲ ဝင်လာတာတွေ့တယ်ဆို ဟုတ်လား""ဟုတ်တယ်ဗျ ကိုကြီးတာတေရ ကျုပ် အရူးမကြီးတွေကိုမြင်ရတယ်။ ဖထီးတို့ အမိုးတို့က မမြင်ကြဘူးဗျ။အဲဒါ ဘာဖြစ်လို့တုံး ကိုကြီးတာတေ သိလား""ခွာမဲ အရူးဆိုတာ လူတိုင်း မြင်ကြတယ်။လူတိုင်းမမြင်တာက အရူးမဟုတ်လို့ပေါ့ကွ'"အရူးမဟုတ်ရင် ဘာတုံး။ ကျုပ်မြင်ပါတယ်ဆိုကိုကြီးတာတေကလည်း မယုံပြန်ဘူး''"ဟာ ယုံပါတယ် ခွာမဲရ။ ပြီးတော့ ကိုကြီးတာတေပြောပြမှာပေါ့""ကျုပ်ပြောမယ် ကိုကြီးတာတေ။ဒီရွာက လူတွေသေသွားရင် ကိုကြီးတာတေတို့ သေတဲ့လူကိုဘယ်ယူသွားတာတုံးဗျ""ဟ ခွာမဲရ သင်္ချိုင်းကုန်းကို ယူသွားပြီးသြင်္ဂ ိုဟ်ရတာပေါ့ကွ""ဘာတုံးဗျ။ အဲဒီဟာ ဘာကို ပြောတာတုံး""ဒီလိုကွာ သြင်္ဂ ိုဟ်တယ်ဆိုတာက မြေကြီးမှာ ကျင်းကြီးတူးပြီး သေတဲ့လူကို မြေကျင်းထဲထည့်ပြီး အပေါ်ကမြေကြီးတွေ အပြည့်ပြန်ဖို့ လိုက်တာပေါ့ကွ""ဟာ ဒါဆို သေတဲ့သူက ရွာကို ဘယ်လိုလုပ်ပြီးပြန်လာမှာတုံး""အေးပေါ့ကွ ခွာမဲရ။ ပြန်လာလို့ ဘယ်ရတော့မှာတုံး"ခွာမဲဆိုတဲ့ကောင်က ပုတိုတိုလေးဗျ။ကတုံးပြောင်လေးနဲ့။မျက်လုံးက ပြူးကျယ်ကျယ်လေးဗျ။ စကားပြောရင်လည်းကရင်သံဝဲဝဲလေးနဲ့ ချစ်စရာလေးပါဗျာ။ကျုပ်ပြောတာကို သေသေချာချာ နားထောင်ပြီးမှဒီကောင်က ကျုပ်မျက်နှာကို စေ့စေ့ကြည့်ပြီးပြောတာဗျာ။"ကိုကြီးတာတေ ခင်ဗျားပြောတာ မှားတယ်ဗျ""ဟေ့ ဘာဖြစ်လို့တုံးကွ ခွာမဲရ""ကိုကြီးတာတေတို့ မြေကျင်းထဲမှာ မြှုပ်ထားတဲ့လူသေတွေက ရွာထဲကို ပြန်လာနိုင်တယ်ဗျ။ဒီအတိုင်း ပြန်လာတာတော့ မဟုတ်ဘူး။အရူးဖြစ်ပြီး ပြန်လာတာဗျ""ဟေ့ ဟုတ်လားကွ ခွာမဲရ ။ အဲဒီအရူးတွေကိုမင်းမြင်ရတယ်ပေါ့ ဟုတ်လား""ကျုပ်မြင်ရတယ် ကိုကြီးတာတေရ""ခွာမဲ မင်းကို ငါပြောမယ်။ မင်း သရဲဆိုတာ ကြားဖူးလား""ဟာ ကြားဖူးတာပေါ့ ကိုကြီးတာတေရ သရဲဆိုတာလူတွေကို လန့်သွားအောင် ချောက်တာဗျ။ကျုပ်တွေ့တာက သရဲမဟုတ်ဘူးဗျ။သူတို့က လူလိုပဲ လျှောက်သွားနေကြတာဗျ။ခွေးတွေဟောင်ရင် ကြောက်လို့ ထွက်တောင်ပြေးသေးတယ်"ကျုပ်ပြောတာကို ဒီကောင် မယုံဘူးဗျ။ဒါနဲ့ကျုပ်လည်း ဘာမှထပ်မပြောတော့ဘဲ သူပြောတဲ့အတိုင်းအရူးလို့ပဲ ထားလိုက်တော့တာပေါ့ဗျာ။ဘာလိုလိုနဲ့ ခွာမဲတောင် ရှစ်နှစ် ကိုးနှစ်အရွယ်ရောက်လာပြီဗျ။ ကျုပ်နဲ့ တွေ့ရင်တော့..."ခွာမဲ မင်း အရူးတွေ တွေ့သေးလား"လို့ ကျုပ်က မေးရင် ခွာမဲက..."ဟ တွေ့တာပေါ့ ကိုကြီးတာတေရ။ ဟိုတလောကကျုပ်ဖထီးနဲ့ ယာထဲလိုက်သွားတာ ထိန်ပင်ကြီးပေါ်မှာထိုင်နေတဲ့ အရူးမကြီးတစ်ယောက်တောင်တွေ့ခဲ့သေးတယ်ဗျ။ အရူးမကြီးက ဆံပင်ဖားလျားကြီးချပြီးတော့ ထိုင်နေတာဗျ။ ဟိုးရွာမြောက်ကထန်းပင်တွေဘက်ကို လှမ်းကြည့်နေတာ ။ဖထီးနဲ့ ကျုပ်နဲ့ အဲဒီထိန်ပင်ကြီးအောက်ကဖြတ်ပြီးလှည်းမောင်းလာတာတောင် ကျုပ်တို့လှည်းကိုငုံ့မကြည့်ဘူးဗျ""သြော်...ခွာမဲရယ်။ အဲဒီမိန်းမကြီးက ...မင်းပြောသလိုရူးနေတာဆိုတော့ သူကြည့်ချင်ရာတွေ ကြည့်နေမှာပေါ့ကွာ""ဟုတ်တယ်ဗျ ဟုတ်တယ်""ဒါနဲ့ နေဦးကွ ခွာမဲရ။ ထူးထူးခြားခြား အရူးတွေအရူးမတွေ တွေ့ရင် ကိုကြီးတာတေကို ပြောဦးနော် ခွာမဲ""ပြောမယ် ပြောမယ်"ခွာမဲက သူပြောထားတဲ့အတိုင်း ကျုပ်ကိုတကယ်ပြောတော့တာဗျို့။"ကိုကြီးတာတေ ကိုကြီးတာတေ"ကျုပ်က ဝိုင်းဝမှာ အမေ့ကိုကူပြီး မြေပဲတွေ လှမ်းနေတာဗျ။ဝိုင်းဝကနေ ကျုပ်ကို လှမ်းခေါ်တာ ဘယ်သူတုံးလို့ကျုပ်လှည့်ကြည့်လိုက်တယ်။အမေတောင် ကျုပ်လိုပဲ လှည့်ကြည့်နေတာ ခွာမဲဗျ။ဝိုင်းဝမှ မတ်တတ်ရပ်ပြီး ကျုပ်ကို ကြည့်နေတာ ခွာမဲဗျ။"ဟဲ့ တာတေ။ ဒါ ဘယ်သူ့ကလေးတုံး နင့်ကို သိနေပါလား""တောင်ပိုင်းက စောသာအေးလေးပါဗျ""သြော် ...ကရင်မသား ခွာမဲလေးလား""ဟုတ်တယ် ဟုတ်တယ် ခွာမဲ လာလေကွာ ဝင်ခဲ့ ဝင်ခဲ့"ခွာမဲက လမ်းလျှောက်ရင် ခြေထောက်ကလေး နည်းနည်းခွင်တယ်ဗျ။ ဘောင်းဘီပွပွကြီး ဝတ်ထားပြီး ခြေထောက်ခွင်တင်။ ခွင်တင်နဲ့ ခွာမဲ ဝိုင်းထဲဝင်လာရောဗျ။"ဟဲ့ ခွာမဲ နင့်အမေ ကရင်မ နေကောင်းလား""ကောင်းတယ်ဗျ အရီးရဲ့ ဒီနေ့ ဖထီးနဲ့ ယာထဲလိုက်သွားတယ်""သြော် အေး အေး။ ခဏနေဦးနော် ။အရီးအိမ်ပေါ်မှာငှက်ပျောသီး သွားယူလိုက်ဦးမယ် ။ ဘန့်ဘွေးကုန်းကပုမ လာရောင်းလို့ ဝယ်ထားလိုက်တာ လွှတ်ချိုတာ"အမေက ပြောရင်း အိမ်ပေါ်ကို တက်ပြီး ခွာမဲစားဖို့ငှက်ပျောသီး သွားယူတယ်။"ခွာမဲ မင်းက ငါ့ဆီကို လာလည်တာလားကွမင်းက ငါ့ဆီကို တစ်ခါမှ လာမလည်ဖူးတော့ကိုကြီးတာတေကအံ့သြသွားတာ ခွာမဲရ""ကျုပ် ကိုကြီးတာတေကို ပြောစရာရှိလို့ဗျ။ကိုကြီးတာတေက ကျုပ်ကို ပြောထားတယ်မို့လားထူးခြားတဲ့ အရူးမတွေ အရူးတွေ တွေ့ရင်ပြောပါလို့လေ"ခွာမဲက ကရင်သံဝဲဝဲနဲ့ ကျုပ်ကို ပြောတာဗျ"အေးလေ ကိုကြီးတာတေ ခွာမဲကို ပြောထားတယ်လေ"ကျုပ်က ခွာမဲပြောတဲ့စကားကို ခေါင်းညိတ်ပြပြီးပြန်ဖြေလိုက်တာဗျ။"ကျုပ် အဲဒီကိစ္စ လာတာဗျ""ဟေ ဟုတ်လားကွ ခွာမဲရ။ မင်း ခုတလောထူးထူးခြားခြား အရူး တွေ့လို့လား"အမေ လာပေးတဲ့ ရခိုင်ငှက်ပျောသီးတွေကိုလှမ်းယူပြီး ခွာမဲက ချက်ချင်းခွစားတာဗျ။ခွာမဲတို့ ကရင်တွေက ရိုးသားပွင့်လင်းတယ်ဆိုတာကျုပ် သိပြီးသားပါဗျာ။ဟန်ဆောင်ပန်ဆောင်ဘယ်တော့မှ မလုပ်ကြဘူးဗျ။ငှက်ပျောသီးကို ပလုတ်ပလောင်း စားရင်းကနေခွာမဲက ကျုပ်ကို ပြောတယ်။"ကိုကြီးတာတေ ဟိုတလောက မီးတွင်းမှာသေသွားတဲ့ အနောက်ပိုင်းက မရွှေစိန်ကိုသိတယ်မို့လားဗျ""ဟာ မသိဘဲနေမလား ခွာမဲရ။ထနောင်းကုန်းတစ်ရွာလုံးကိုငါသိတာပေါ့""အဲဒါ မရွှေစိန် သေတုန်းက မြေကျင်းတူးပြီးမြှုပ်တဲ့လူတွေအထဲမှာ ကိုကြီးတာတေပါလား""ဟ ခွာမဲရ။ကိုကြီးတာတေက ဦးဆောင်ပြီးလုပ်တာပဲလေကွာ""ဒါဆိုရင်တော့ သွားပြီဗျ""ဟေ...ဘာဖြစ်လို့တုံး ခွာမဲရ""ကိုကြီးတာတေတို့ မြေကျင်းပြန်ဖုံးတာမလုံလို့ ဖြစ်မှာပေါ့ဗျ""ဟေ...ဟုတ်လား ခွာမဲ။ ဘာဖြစ်လို့တုံးကွ'"ဘာဖြစ်ရမှာတုံးဗျ ကိုကြီးတာတေရ။သေသွားတဲ့မရွှေစိန်ကြီး ရွာထဲကို ပြန်ရောက်လာလို့ပေါ့ဗျ""ဟေ...ဟုတ်လားကွ""ဟုတ်ပါ့ဗျာ တစ်ကိုယ်လုံး ဆနွင်းတွေ ဝါထိန်လို့""ဟာ ဟုတ်လား ခွာမဲရ မရွှေစိန် သူလည်းရူးနေတာပဲလားကွ""ရူးနေတာပေါ့ဗျ ။ဆံပင်ကြီးဖားလျားချလို့ဗျာ။နေဦးဗျ။ကျုပ်ပြောဦးမယ်။မရွှေစိန်က ရွာထဲကိုသူတစ်ယောက်တည်းလာတာ မဟုတ်ဘူး ကိုကြီးတာတေရဲ့""ဟေ ဟုတ်လား သူနဲ့အတူတူ တခြားဘယ်သူ ပါလာလို့တုံးကွ""အရူးမကြီးတစ်ယောက် ပါလာတယ်ဗျ။အဲဒီအရူးမကြီးကလွှတ်ကြောက်စရာကောင်းတာဗျ။ ဆံပင်ဖားလျားကြီးနဲ့မျက်လုံးပြူးပြူးကြီးဗျ။ သူမျက်လုံးကြီးတွေကလည်းနီရဲနေတာ ကိုကြီးတာတေရ။ မတ်တတ်ရပ်ပြီးမသွားနိုင်ဘူးဗျ။ ဒူးကြီးနှစ်လုံးထောင်ပြီး လက်နှစ်ဖက်ထောက်သွားတာဗျ။ပြီးတော့ အဝတ်အစားလည်းမပါဘူးဗျ။အဲဒီအရူးမကြီးက သစ်ပင်တက်တာတော်တော်ကျွမ်းကျင်တာဗျ။သစ်ပင်ပေါ်ကိုတက်ရင်ကုန်းကုန်းကြီးတက်သွားတာ လှစ်ကနဲ လှစ်ကနဲနေတာ။ပြန်ဆင်းရင်လည်း ဇောက်ထိုးကြီး ဆင်းလာတာဗျို့။မြန်ချက်တော့ဗျာ""အဲဒီသရဲမ။အဲ...အရူးမကြီးက မရွှေစိန်နဲ့လိုက်လာတာလား""ဟုတ်တယ်ဗျ မရွှေစိန်နောက်က လိုက်လာတာသစ်ပင်အမြင့်ကြီးတွေတွေ့ရင် လှစ်ကနဲ လှစ်ကနဲတက်လိုက် ပြန်ဆင်းလိုက် လုပ်နေတာဗျ""မင်း ဘယ်တုန်းက တွေ့တာတုံး ခွာမဲ""ကျုပ်တွေ့တာ နှစ်ည ရှိပြီဗျ ဒီညလည်းလာဦးမယ်ထင်တယ်"ခွာမဲ ပြောတာကို ကျုပ်ခေါင်းညိတ်လိုက်တယ်။ပြီးတော့ စဉ်းစားတယ်။ချက်ချင်းသဘောပေါက်သွားတယ်။မရွှေစိန်က မီးတွင်းမှာ သေတာဆိုတော့ကလေးကျန်ရစ်ခဲ့တယ်ဗျ။သူ့ကလေးကို သူ့ဆီခေါ်ချင်လို့ လာလာကြည့်နေတာဖြစ်မယ်ဗျ။အဲဒါကို တစ္ဆေဘဝမှာတွေ့တဲ့သရဲမကြီးတစ်ယောက်က မရွှေစိန်ကို ကူညီဖို့လိုက်လာတာ ဖြစ်မယ်ဗျ။ကလေးရဲ့ ဝိညာဉ်ကို မရွှေစိန်ကရအောင်မနှုတ်တတ်ရင်တောင် သူနဲ့ပါလာတဲ့သစ်ပင်ပေါ်ကနေ ဇောက်ထိုးဆင်းနိုငတဲ့ သရဲမကြီးကတော့ကလေးဝိညာဉ်ကိုရအောင် နှုတ်နိုင်မှာဗျ။ခွာမဲက ကျုပ်နဲ့ စကားပြောပြီး ခြေထောက်ခွင်ခွင်လေးနဲ့ပြန်သွားတယ်။ ညဆယ့်တစ်နာရီမှာရွာထဲက ခွေးသံတွေကြားရောဗျ။ကျုပ်လည်း မျက်ကွင်းဆေးကွင်းပြီး ရွာထဲကိုထွက်ခဲ့တယ်။ ဆေးလွတ်အိတ်ကိုတော့လွယ်လို့ပေါ့ဗျ။ကျုပ်က မရွှေစိန်တို့ ဝိုင်းဘက်ကို ထွက်လာတယ်။မရွှေစိန်တို့ဝိုင်းနဲ့မျက်နှာချင်းဆိုင်က ဘိုးတင်ရွှေတို့ဝိုင်းထဲကဝင်ပြီး အခြေအနေကို စောင့်ကြည့်နေလိုက်တယ်။"ဝူး...ဝူး..ဝူး...ဝူး"ဟော ခွေးတွေ အူပြီဗျို့။ဟော ဟော ခွာမဲပြောတဲ့သရဲမကြီးဗျိုဖ့။ဆံပင်ဖားလျားနဲ့ ကိုယ်လုံးတီးကြီးဗျာ။မတ်တတ်ရပ်သွားတာမဟုတ်ဘူးဗျ။မျောက်တွေမြေကြီးမှာ ခုန်ခုန်သွားသလိုသွားတာဗျ။မြန်လိုက်တာမှ ရိပ်ကနဲ ရိပ်ကနဲ နေတာဗျ။ဟာ သူ့နောက် ခပ်လှမ်းလှမ်းမှာ မရွှေစိန်ဗျ။ဆနွင်းရောင်ဝါဝါကြီးဗျို့။အံ့ရောဗျာ။ ခွာမဲဆိုတဲ့ကလေးက ဒီသရဲတွေကို ဒီအတိုင်း မြင်နေရတာဗျ။သရဲကို သရဲမှန်း မသိဘဲ အရူးချည်း ပြောနေတာဗျို့။ဟော မရွှေစိန်ရော သရဲမကြီးရော။မရွှေစိန်တို့ အိမ်ရှေ့မှာရပ်ပြီးအိမ်ကို စိုက်ကြည့်နေတဲ့ပုံပဲဗျ။ကျုပ်စိုးရိမ်သွားတာအိမ်ထဲမှာရှိတဲ့ မရွှေစိန်ရဲ့ ကလေးအတွက် ကျုပ်တော်တော်ကို စိုးရိမ်သွားတာဗျို့။ကျုပ် ဘာလုပ်ရင်ကောင်းမလဲလို့ တွေးနေမိတယ်။ညနှစ်နာရီလောက်ရှိတော့ သရဲမကြီးရောမရွှေစိန်ရော ပြန်ထွက်သွားကြရောဗျ။ကလေးတော့ဘာမှမဖြစ်လောက်ဘူး ထင်ရတာပဲဗျ။အဲဒီည အိမ်ရောက်တော့ ကျုပ် အိပ်ရာမဝင်ခင် မဖဲဝါကျုပ်ကို ပေးထားတဲ့ ကိုယ်ခွဲရုပ်ကို ကိုင်ပြီးမဖဲဝါကိုပင့်တယ်။"သင်္ချိုင်းရှင်မ မဖဲဝါခင်ဗျာ ကျုပ်တို့ ထနောင်းကုန်းမှာမကြာခင်က မရွှေစိန်ဆိုတဲ့ မိန်းမတစ်ယောက်ကလေးမီးဖွားရင်း မီးတွင်းမှာ သေသွားတယ်ဗျ။အခု အဲဒီမရွှေစိန် သရဲမနဲ့ ကြောက်စရာကောင်းတဲ့အခြားသရဲမကြီးတစ်ယောက် ညတိုင်းကျုပ်တို့ရွာထဲကိုဝင်လာပြီးမရွှေစိန်ရဲ့ု့ကလေးကိုဝိညာဉ်နှုတ်ဖို့ လုပ်နေလို့ဗျ။အဲဒီကိစ္စကို မဖဲဝါ ကူညီပါ။ကလေးအတွက်ကျုပ်စိတ်ထဲမှာ အတော်ကို စိုးရိမ်နေလို့ပါ"အိပ်ပျော်သွားတာနဲ့ ကျုပ်အိပ်မက်မက်တော့တာပဲဗျို့။လေတွေ တဝီးဝီးတိုက်နေတဲ့ကြားမှာ အရွက်ကလေးတစ်ရွက်တောင်မှ မလှုပ်တဲ့ ဆယ့်နှစ်ရာသီ အဝါပင်ကြီးရဲ့အောက်မှာ မဖဲဝါရပ်နေတယ်။ကျုပ်ကို အိပ်မက်ပေးတိုင်း မဖဲဝါက ကျုပ်နဲ့ရွယ်တူကောင်မလေးပုံစံ ဖန်ဆင်းပြီး ပြနေကျဗျ။ဆယ့်နှစ်ရာသီပင်မှာ အပွင့်ဝါတွေကလည်းပင်လုံးပွင့်နေလိုက်တာ ထိန်လို့ပါပဲဗျ။မဖဲဝါရဲ့နားအပေါ်မှာလည်းဆယ့်နှစ်ရာသီအခါပွင့်လေးတစ်ပွင့် ပန်လို့ဗျ။"တာတေ ရွှေစိန်က ကလေးကိုရအောင်ခေါ်ဖို့လုပ်နေတာ။သူ့မှာ အဲဒီအစွမ်းမရှိဘူးဟဲ့။ဒါကြောင့်မီးလောင်ကုန်းသင်္ချိုင်းထဲက ဘန့်ဘွေးပင်သရဲမကိုအကူအညီတောင်းတာ။ဒါပေမဲ့ အိမ်ထဲကို သူတို့ဝင်လို့မရသေးဘူး။ ဝင်လို့ရသွားတာနဲ့ ကလေးကိုဝိညာဉ်နှုတ်လိမ့်မယ်။ နင်သွားပြီး အိမ်ကိုစည်းသေသေချာချာ ချထားလိုက်။မနက်ဖြန်ညကျရင် ဒီကောင်မတွေကို ငါ ရွာပြင်ကလှမ်းခေါ်ပြီး ကောင်းကောင်း ဆုံးမလိုက်မယ်"အိပ်မက်လည်းဆုံး ကျုပ်လည်းနိုး မိုးလည်းလင်းတာပါပဲဗျ။ကျုပ် မရွှေစိန်တို့အိမ်ကိုသွားပြီးသူ့ယောင်္ကျား ကိုမှိန်ကို အကျိုးအကြောင်း ပြောပြလိုက်တယ်။ကိုမှိန်ဆိုတာ ကျုပ်ပြောတာကို ကြားတော့ ငိုလိုက်တာဗျာ။"ဖြစ်မှဖြစ်ရလေ ရွှေစိန်ရယ် ငါ ဘာလုပ်ရမှာတုံး တာတေရယ်""မရွှေစိန်အတွက် ဆွမ်းထပ်သွပ်ဗျ။ကလေးအတွက်တော့ ကိုကြီးမှိန် မစိုးရိမ်နဲ့ ။ဒီည မဖဲဝါ ကိုယ်တိုင် လိပ်ပြာခွဲပေးလိမ့်မယ့်"ကျုပ်က သစ်စုန်းဆေးတောင့်ကိုအပ်ကလေးနဲ့ ခြစ်ပြီး ရေပုံးထဲမှာ ဖျော်လိုက်တယ်။ပြီးတော့ ခွက်ကလေးနဲ့ဆေးတော်ရည်ကိုခပ်ပြီး ဝိုင်းကို စည်းချလိုက်တယ်။အိမ်ကိုလည်း စည်းချတယ်။အဲဒီညတော့ ကျုပ် ကိုမှိန်တို့အိမ်ထဲကပဲဝင်ပြီးတော့ စောင့်ကြည့်တာပေါ့ဗျာ။ညသန်းခေါင်ကျော်တော့လာတာပဲဗျို့။ခွေးတွေလည်း အူလိုက်တာမပြောနဲ့တော့ဗျာ။"ဝူး ဝူး ဝူး ဝူး"ဟော...ရောက်လာကြပြီဗျို့။မျောက်လို ခုန်ခုန်သွားတဲ့ သရဲမကြီးရောတစ်ကိုယ်လုံး ဆနွင်းလို ဝါထိန်သွားတဲ့ သရဲမ မရွှေစိန်ရောဝိုင်းရှေ့မှာ ရပ်ပြီး အိမ်ကို ကြည့်နေကြတာဗျ။ကျုပ်က ဆေးလွယ်အိတ်ထဲကမဖဲဝါရဲ့ကိုယ်ပွားရုပ်ကလေးကို ထုတ်ယူပြီးမဖဲဝါကို ပင့်လိုက်တယ်။"သင်္ချိုင်းရှင်မကြီးဗျာ သရဲမ မရွှေစိန်နဲ့ ဟိုသရဲမကြီးရောက်နေပါပြီဗျ။ ထနောင်းကုန်းက ကျုပ်တာတေအကြောင်းကြားပါတယ်ဗျာ"ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့မဖဲဝါရဲ့ကိုယ်ပွါးရုပ်ကလေးကဆတ်ကနဲ တုန်ခါသွားတယ်ဗျ။"အီး အီး အီး အား အား အီး အီး အား"ဟော မဖဲဝါရဲ့အသံကြီးဗျ။ရွာပြင်က ကြားရတာဗျ။ဟာ သရဲမကြီး ချာကနဲ လှည့်ပြီးပြေးပြီဗျို့။ဟော ဟော သရဲမ မရွှေစိန်လည်း လိုက်သွားပြီဗျ။"အီး အီး အီ အား အား အား"ဟာ မဖဲဝါလည်း ရွာပြင်က အော်ခေါ်နေပြီဗျို့။သွားပြီဗျို့။သွားပြီ။သွားပြီ။ကလေးအတွက်တော့လုံးဝစိတ်ချရသွားပြီပေါ့ဗျာ။ခဏနေတော့ ကလေးကို ရင်ခွင်ထဲမှာပွေ့ထားပြီး မအိပ်နိုင်အောင်ဖြစ်နေတဲ့ ကိုမှိန်ကကျုပ်ကို မေးတယ်ဗျ။"တာတေ ဘယ်လိုတုံး ညီလေးရဲ့""ကိုကြီးမှိန်ရေ သွားပြီဗျ။ မဖဲဝါကြီး ခေါ်သွားပြီကလေးကို လိပ်ပြာခွဲပေးလိုက်ပြီ။မရွှေစိန်အတွက်သာအလှူအတန်းလုပ်ပြီ အမျှဝေလိုက်ပေတော့ဗျာ"တစ်ညလုံး မအိပ်ခဲ့ရတော့ အိမ်ရောက်တာနဲ့ကျုပ်လည်း အိပ်တော့တာပေါ့ဗျ။အိပ်မပျော်ခင်မှာမွေးကတည်းက သရဲမြင်တဲ့ ခွာမဲဆိုတဲ့ ကောင်လေးကိုသတိရလိုက်သေးတယ်ဗျ။ပြီးပါပြီ

တာတေဇာတ်လမ်းများWo Geschichten leben. Entdecke jetzt