Epi.8

4.7K 138 6
                                    

"သံယောဇဉ်နှောင်ကြိုးလေးတစ်မျှင်"

အပိုင်း(8)

ရိပေါ်တျောက် ရှောင်ကျန့်ရဲ့စာကိုဖတ်ပီးတဲ့အချိန်မှာ
လောကကြီးနဲ့ပင် ခနတာအဆက်သွယ်ပြတ်သွား
သယောင်ယောင် စာရွက်ထဲမှာရှိနေတဲ့ စာလုံးလေးတေကို လက်နဲ့ပွတ်စမ်းကြည့်နေတော့သည်
ရှောင်ကျန့်ဆိုတဲ့babyရေးထားတဲ့စာတေမှဟုတ်ရဲ့လား သူလက်ရေးလဲဖြစ်နေတာကြောင့် ရိပေါ်သက်ပြင်း
တစ်ချက်ချပီး ခနတာတိတ်ဆိတ်သွားတော့သည်။

သူမမျှော်လင့်ထားတဲ့အရာတေ အချိန်တိုလေးတွင်းမှာ ဖြစ်သွားခဲ့တာကို သူကိုယ်တိုင်ပင်မသိလိုက်ရတာ
ကို အံ့သြ၍ပင်မဆုံး။
ရှောင်ကျန့်ဆီ ဖုန်းဆက်မည်ဟု ဖုန်းကိုစာအုပ်ပုံကြား
ထဲမှာ ရှာနေတော့သည်။

"ဒီးဒီးဒီး..ဒီးဒီးဒီး..."ဟူသော ဖုန်းသံထွက်ပေါ်လာ
ခဲ့သည်။စာအုပ်ထူကြီးအောက်တွင် ပိနေသောဖုန်းကို
ယူလိုက်ပီး ဖုန်းနံပါတ်ပင်မကြည့်ဖြစ်တော့။

"ရှောင်ကျန့် ကို့ကိုအရူးလုပ်သွားတာပေါ့ ...
ကျန့်မရှိရင် ကိုဘယ်လိုလုပ်တျောက်ထဲနေနိုင်မာလဲ
အခုပြန်လာခဲ့တော့နော် ကိုလေယာဉ်ကွင်းခုလာခဲ့မယ်
ချက်ချင်းပြန်ခဲ့ပါ ခလေး... baby.. ယုန်ပေါက်လေး.
၃နှစ်သားလေး...ကိုပြောတာကြားလား..ဟဲလို..ဟဲလို"

"ဟဲလို..သား.."

"ဗျာ..??"

"သားလေး ရိပေါ် သားဖုန်းနံပါတ်တစ်ချက်ပြန်ကြည့်
လိုက်ဦး အခုဖုန်းပြောနေတာ သားမေမေလေ "

"ဗျာ..,မေမေ..မေမေလား.."
ရိပေါ်ဖုန်းနံပါတ်ပြန်ကြည့်လိုက်တော့ သူ့မေမေဖုန်းno
ဖြစ်နေတယ် ...သူ့မေမေကို ရှောင်ကျန့်အထင်နဲ့ပြော
ခဲ့မိတဲ့စကားတေပြန်ကြားယောင်ပီး ရိပေါ်မျက်နှာနီရဲ
ကာ ရှက်ပြုံးလေးတစ်ချက်ပြုံးလိုက်မိသည်။အတန်ကြာ
သူဘာမှပြန်မပြောတော့ ရိပေါ်မေမေက ချောင်းသံ
တစ်ချက်ပေးလိုက်ရသည်။

"အဟမ်း..သား.သားခုနက ပြောနေတာလေ နမယ်
ကဘယ်သူပါလိမ့် ရှောင်ကျန့်ဆိုလား babyလား
ဘဲ အဲ့တာဘယ်သူလဲသား..."

ရိပေါ်မေမေက ရိပေါ်ဖေဖနဲ့ ရန်ဖြစ်စကားများပီး  အင်္ဂလန်ကိုထွက်သွားခဲ့တာ ၁၀နှစ်နီးပါးရှိနေပီဖြစ်သည်
အင်္ဂလန်မှာစီးပွားရေးလဲအခြေတကျဖြစ်နေတဲ့အတွက်
ရိပေါ်ကို သူနဲ့အတူလာနေရန် ဖုန်းဆက်တိုင်းပြောလေ့
ရှိသည်။သားလေးတျောက်ထဲရှိနေတဲ့အတွက်ကြောင့်
သူ့သားအကြောင်းစုံစမ်းဖို့ မြန်မာပြည်ကို လူနှစ်ယောက်
သုံးယောက်လွှတ်ပီး ဘယ်အချိန်ဘာလုပ်တယ် ဘယ်သူ
နဲ့ရှိနေတယ် အသေးစိတ်ကအစသတင်းပို့ခိုင်းသည်။
ရှောင်ကျန့်ဆိုတဲ့နမယ်ကတော့ သူ့သားအကြောင်းပြော
တိုင်းမပါမဖြစ်ပါတတ်တဲ့သူပေါ့ သူနဲ့ပတ်သတ်မှုဘယ်
လိုရှိတယ် ဘယ်အဆင့်ထိရောက်နေပီ သူမသိတာ
ဘာမှကိုမရှိသလောက်ဖြစ်သည်။ရှောင်ကျန့်ဆိုတာ
ဘယ်သူလဲလို့မေးလိုက်တာကလဲ ရိပေါ်က သူ့ကို
တစ်ခါမှရှောင်ကျန့်အကြောင်းပြောမပြခဲ့ဘူး။မသိသလိုနဲ့
သူ့သားရဲ့အတွင်းစိတ်ကို လေ့လာနေတော့တာပေါ့။

You've reached the end of published parts.

⏰ Last updated: Oct 11, 2019 ⏰

Add this story to your Library to get notified about new parts!

သံယောဇဉ်နှောင်ကြိုးလေးတစ်မျှင် (complete)Where stories live. Discover now