ဘယ်လိုဖြစ်တာလဲဆိုတော့

96 12 0
                                    


အဲနေ့ ညက အဖြစ်အပျက်တွေ ငါကောင်းကောင်း မှတ်မိနေတယ်။ တခြား အကြောင်းအရာ တွေတော့ ဝေဝေဝါးဝါး ဖြစ်နေပါပြီ။ ဒါကြောင့် အဆက်အစပ်ရှိအောင် ပြောဖို့ တော်တော် ခက်တယ်။ ငါဘာလို့ လန်ဒန် သွားတယ် ဆိုတာရော၊ ဘာလို့ ဒီလောက် နောက်ကျမှ ပြန်ဖြစ်လဲ ဆိုတာပါ မမှတ်မိ တော့ဘူး။ ငါ လန်ဒန် ကို ခါတိုင်းလိုပဲ သွားတာနေမှာပေါ့။ ဒါပေမယ့် ဒီမြို့လေးရဲ့ ဘူတာမှာ ငါဆင်းလိုက်တော့ အရင်လို မဟုတ်ပဲ တိတ်ဆိတ် ရှင်းလင်းနေတယ်။


ငါရထား ပလက်ဖောင်း အတိုင်း လျှောက်လာရင်း နာရီကို လှမ်းမော့ကြည့်လိုက်တော့ ည ၁၁နာရီခွဲပြီ ဆိုတာတော့ ကောင်းကောင်း မှန်မိတယ်။ သန်းခေါင်မတိုင် အိမ်ပြန်ရောက် ပါ့မလားလို့ စဉ်းစားမိတာကို လဲ မှတ်မိသေးတယ်။ နောက် အရောင်တွေ ဖိတ်ဖိတ်တောက်ပြီး ရှေ့မီးတွေ ဖွင့်ထားတဲ့ ကားတစင်းက ငါ့ကို စောင့်နေတာလဲ မှတ်မိတယ်။ ကားက အဲ့နေ့ကမှ လာပို့ထားတဲ့ ငါ့ကား အသစ်လေး။ ငါ့ကား ဒရိုင်ဘာကို ကားသစ်က ဘယ်လိုလဲ မေးလိုက်တော့ သူက အတော်ကောင်းတယ်လို့ ဖြေတာလဲ မှတ်မိသေးတယ်။


"ငါမောင်း ကြည့်ဦးမယ်။" လို့ပြောပြီး ကားမောင်းတဲ့ နေရာမှာ ဝင်ထိုင်လိုက်တယ်။

"ဂီယာတွေက မတူဘူးနော်။ ကျနော်ပဲ မောင်းတာ ကောင်းမယ်နဲ့ တူတယ် ဆရာ" လို့ ဒရိုင်ဘာက ပြောတယ်။"မဟုတ်ဘူး။ ငါမောင်းကြည့်ချင်သေးတယ်" လို့ ငါက ပြောလိုက်တယ်။ဒါနဲ့ပဲ ငါတို့ အိမ်အပြန် ငါးမိုင်ခရီးကို စလိုက်တယ်။


ငါ့ကား အဟောင်းနဲ့ မောင်းရတာ သိပ်တော့ မတူဘူး။ ဒါပေမယ့် သိပ်ကြီးကွာတာလဲ မဟုတ်တော့ မကြာခင် ငါတတ်သွားမှာပါလို့ ထင်လိုက်တယ်။ ညအမှောင်ကြီးမှာ စနစ်အသစ် တခုကို စ,သင်ပြီး မောင်းတာကတော့ ငါမိုက်တာပေါ့၊ ဘာမှ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် မိုက်မိုက်ကန်းကန်း လုပ်တဲ့လူတွေက အများကြီး၊ ပြီးတော့ ဘာမှ ဖြစ်တာလဲ မဟုတ်ဘူး။ တောင်ကုန်းတခု နားရောက်တဲ့ အထိ ငါမောင်းတာ ဖြူးနေတာပဲ။ ဒီတောင်ကုန်းက အင်္ဂလန်မှာ ကားမောင်းလို့ အဆိုးဆုံးတွေက တခု၊ လမ်းက တမိုင်ခွဲလောက် ရှည်တယ်။ တော်တော်လေး ကွေ့ရခက်တဲ့ လမ်းချိုး သုံးခု ရှိတယ်။ ငါခြံဝက အဲ့လမ်း အဆုံးမှာပေါ့။

ဘယ်လိုဖြစ်တာလဲဆိုတော့Where stories live. Discover now