Love is now or never
" အခုမချစ်ရင်နောက်ကျသွားလိမ့်မယ် Chaeng"
▪
Chaeyoung အမြဲထိုင်နေတတ်တဲ့
ကော်ဖီဆိုင်ရဲ့အရှေ့မှာ Lisa အမြဲရှိနေတတ်သည်။
အမြဲလိုငေးကြည့်နေတတ်ပေမယ့် အထဲဝင်ပြီးတွေ့ဆုံစကားပြောဖို့ Lisa မတွေးမိ။.
မျက်မှန်ဝိုင်းဝိုင်းလေးအောက်က မျက်ဝန်းနက်နက်လေးတွေကို
Lisa စွဲလမ်းခဲ့ရတာ နှစ်ဝက်လောက်ရှိနေပြီ။အထက်တန်းနောက်ဆုံးနှစ်ကိုတက်ရောက်
နေရခြင်းဖြစ်သောကြောင့် အသက်အားဖြင့်
နှစ်ယောက်လုံး 16 နှစ်ကျော်ကျော်သာ။D ခန်းရဲ့ အရှေ့ဆုံးခုံမှာထိုင်သော Chaeyoung ကို နောက်ဆုံးခုံမှာ
ထိုင်တတ်သော Lisa ကငေးကြည့်တတ်တာ
အတန်းချိန်အားလုံးနီးပါး။ တစ်ချက် တစ်ချက်
Chaeyoung နောက်လှည့်ကြည့်တဲ့အခါတွေ
မှာ Lisa ရူးမတက်ခံစားခဲ့ရတာမျိုး။
သူ့ကိုကြည့်တာမဟုတ်ပေမယ့်ပေါ့လေ။
တိတ်တခိုးတွယ်တာစွဲလမ်းရသူတွေရဲ့
စိတ်ကြီးဝင်မှုဆိုရင် Lisa ဟာ Chaeyoung
တစ်ချက်လှည့်ကြည့်ရုံမျှဖြင့်အရာရာပေးဆပ်ဖို့အသင့်။" Lisa ခုနက တီချယ်ပြောတာပြန်ပြောပေးပါ "
ငေးမောရင်းတစ်ချက်ငိုက်သွားတဲ့ Lisa ကို
ဆရာမမေးလိုက်ခြင်းပါ။" ဟုတ် ဈေးကွက်စီးပွားရေးအကြောင်း...."
သင်နေတာ သချာင်္ဆိုရင် ဖြေလိုက်မိတာ Eco။
ရယ်သံတွေဖုံးလွှမ်းသွားတဲ့အခန်းထဲမှာ
သူ့ရဲ့ Chaeng ရဲ့ခပ်ပြုံးပြုံးလေးမျက်နှာလေး
ပါဝင်ခဲ့တာကြောင့် အခန်းရှေ့ထွက်ရပ်ခြင်း
ပြစ်ဒဏ်က သူအတွက်ပျော်ရွှင်မှုတစ်ခုလိုပါပဲ။နေ့လည်အတန်းချိန်တွေပြီးလို့နားချိန်ရောက်ပြီဆို
Chaeyoung သူမအဆောင်ကိုပြန်ကာ
နေ့လည်စာပြန်စားတတ်သည်။ ကန်တင်းမှာသာ
နေ့လည်စာစားတတ်တဲ့ Lisa ဟာ သူတို့အဆောင်ရဲ့လှေကားမှာအမြဲရှိနေတတ်သည်။
Chaeyoung ပြန်အလာကိုစောင့်နေတာပါပဲ။မိန်းကလေးဆန်စွာသိပ်ကိုချစ်ဖို့ကောင်းတဲ့
မိန်းကလေးက နေပူဒဏ်ကိုထီးလေးနဲ့ကာကွယ်
တတ်လေရဲ့။ Lisa ဖြစ်ချင်ခဲ့တာကလေ
Superman လည်းမဟုတ်ဘူး။
Batmen လည်းမဟုတ်ခဲ့။
Chaeyoung အမြဲဆောင်းတတ်တဲ့
ပန်းရောင်ခေါက်ထီးလေးတစ်ချောင်းသာဖြစ်သည်။
YOU ARE READING
Now or Never
Fanfictionကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ မင်းလိုမိန်းကလေးကသိပ်ကိုရှားတယ် ကိုယ်အလိုအပ်ဆုံးကမင်းဆိုရင်လေ မင်းအလိုအပ်ဆုံးက ကိုယ်ပဲ ဖြစ်နေရမယ်.... #Chaelisa