/ Unicode/
"Yahh Kang Minhee မညစ်နဲ့ကွာ..!"
"ဟားဟား...ငါဘယ်မှာညစ်လို့လဲ ?"
ကျောင်းကန်တင်းမှာ မျက်နှာချင်းဆိုင်ထိုင်နေရင်းဖုန်းတစ်လုံးစီနှင့် ဂိမ်းဆော့နေကြသည့် နှစ်ယောက်။Junho က လက်တစ်ကမ်းအကွာမှာတင်တဟီးဟီးတဟားဟားရယ်နေရင်း ပယ်ပယ်နယ်နယ်ညစ်နေသည့်(ဒါကတော့ Eunsang အထင်ပါ ) Kang Minhee ကို စားပွဲကိုကျော်ကာ တဖုန်းဖုန်းရိုက်နေသည်။အဲ့ဒီ Kang Minheeဆိုတဲ့ကောင်က တကယ်ကံကောင်းတာနော်။Cha Junho က Eunsang ကိုတော့ အခုထိစကားတစ်ခွန်းပင်ပြည့်အောင်မပြောဖူးပေမယ့် Kang Minhee နဲ့တော့ တစ်နေကုန်ရိုက်လားပုတ်လား အရမ်းလုပ်သည်။
"Yahh!နာတယ်ဟ မရိုက်နဲ့တော့..!!"
"မင်းငါ့ကိုသက်သက်ညစ်နေတာလေ ဘယ်နှပွဲတောင်ရှိပြီလဲ?"
Minhee ကမရိုက်ရန်ပြောလည်း Junho ကရိုက်မြဲ။Minhee ၏တဟားဟားရယ်သံကြီးကြောင့် Eunsang မျက်မှောင်ကြုတ်မိသည်။ ရယ်သံကြီးက ခေါင်းကိုက်ချင်စရာ Junho ဘယ်လိုများနားထောင်နိုင်တာလဲ?
"ကြည့်မနေနဲ့ ငါစားတာနဲ့ မင်းထမင်းပန်းကန်လည်းကုန်တော့မယ်."
ဆောင့်ဆောင့်အောင့်အောင့်ပြောလိုက်သံကိုကြားမှ Eunsang ခေါင်းက မျက်နှာချင်းဆိုင်တွင်ရှိသော Dongpyo ဆီလည်လာတော့သည်။
"ဘာတွေဒီလောက်ကြည့် မင်းမှာလည်းတော်တော်ဖြစ်နော်.."
Dongpyo က သူ့ထမင်းပန်းကန်ထဲကနေ ကြက်ဥလိပ်တစ်ဖတ်ကို လျှစ်ကနဲ ယူလိုက်ပြန်သည်။ပြီးတော့ တူနှစ်ချောင်းကိုအသံမြည်အောင်ဆော့နေရင်းကနေ နှုတ်ခမ်းကိုစူကာပြောလာပြန်သည်။
"ကြောင်မနေနဲ့. မင်းအဲ့လိုပဲကြည့်နေ ..မင့်ကောင်လေးက ဟိုခေါင်းဖြူနောက်ပါသွားတော့မှာ."
Dongpyo ကတော့ ထုံးစံအတိုင်း အားနာစိတ်တစ်စက်လေးတောင်မရှိ ပြောချင်ရာပြောချသွားသည်။ရင်ထဲတွင် ပူလာရသည်က Lee Eunsang ။ဘယ်လိုလုပ်မလဲ သူ့ကောင်လေး က Son Dongpyo ပြောသလို ဟိုခေါင်းဖြူကောင်နောက်ပါသွားရင် သူတော့ရင်ကွဲပါပြီ။

CZYTASZ
my rosemaries and thymes / junsang
Fanfictioneunsang thinks junho is cute. EUNSANG x JUNHO Language- Myanmar/completed