တခါ တခါ စကားလုံးတွေ ပျောက်ဆုံးတယ် ခင်ဗျားဟာ ဘာလေးနဲ့ တူမှန်းကိုမသိဘူးရယ်
ကိုယ့်စိတ်အခြေအနေ အတတ်အကျဟာ
ခင်ဗျားနဲ့ ဆိုင်တယ် ...
ဘယ်လိုဆိုင်တာလဲလို့ မေးရင် ကိုယ်မဖြေတတ်ဘူး... Bro.ခင်ဗျားအပြုံးက ကိုယ့်တစ်ကမ္ဘာလုံးကို ဖုံးကွယ်ပစ်နိုင်ပါရဲ့...
တခြား ဘာတွေဖွဲ့နွဲ့ပြောနိုင်အုံးမလဲ
ကိုယ်မှာတော့ ကမ်းကုန်ပဲ...ဘယ်လိုမျိုးလဲဆိုရင်
ကိုယ့်အရာရာကို အလဲအထပ်လုပ်
ဘယ်တော့မှ မဖြူစင်ချင်တော့တာမျိုး...
ခင်ဗျားက ဘယ်လိုလားပဲနော်...အမြဲလိုလိုပါပဲ စကားလုံးတွေ ပျောက်ဆုံးတယ်
Bro က ကိုယ့်အတွက် ဘယ်လိုဖြစ်တည်မှူလဲ ဆိုတာမျိုးကို ပြောရတော့မယ် ဆိုရင်ပေါ့...How?