"ချန်ယောလ် ငါတို့ဒီမှာ "
ကန်တင်းထဲကိုဝင်ပြီး ဟိုရှာဒီရှာလုပ်နေတဲ့ ချန်ယောလ်ကို အလွယ်တကူမြင်ရအောင် ဘတ်ခ်ဟွန်းလက်လှမ်းပြပြီး အော်လိုက်သည်။
ဆူညံ့နေသောသူတို့ဝိုင်းကို ဘေးနားကဂျူနီယာဝိုင်းက ကလေးတွေက လှမ်းကြည့်နေပေမဲ့ ကျောင်းပါးဝနေတဲ့ သူတို့လိုတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားတွေက အထွေအထူးဂရုစိုက်မနေတော့။
စီနီယာဆိုပြီးဟိတ်ဟန်လည်းမထုတ်ချင်တော့ နဲနဲလောက်ကြာရင် သူတို့ဗရုတ်ကြမှန်းသိကြမည်ဖြစ်သောကြောင့် အထူးတလည်တည်ငြိမ်ပြမနေတော့ပေ။
"ဂျောင်ဆူးရော"
ဖင်နဲ့ထိုင်ခုံနဲ့မထိရသေး မျောက်အိုမျက်နှာနှင့် သူ့ရည်းစားကိုလာမေးနေသော ချန်ယောလ်။
"ခါတိုင်းလည်းမင်းတို့လင်လင်နှစ်ယောက် တူတူလာနေကြတာကို အခုမှငါတို့ကိုလာမေးတော့ ငါတို့ကဘယ်လိုလုပ်သိမှာလဲ။"
"မင်းတို့ကလူဆုံတက်ဆုံဖြစ်နေတော့ ဂျောင်ဆူးများရောက်နေပြီလားလို့ပေါ့ ကျစ် ဘယ်မှာသွားရှာရမှာလည်းကွာ"
ချန်ယောလ်က စိတ်ရှုပ်စွာဖြင့် ဆံပင်တွေကို လက်နဲ့ထိုးဖွရင်း ချန်းရှေ့ကအအေးပုလင်းကိုလှမ်းယူပြီး သောက်လိုက်သည်။
"ဟိတ်ကောင် အဲ့ဒါငါ့ဟာလေ"
"မင်းကလည်းကွာ ယောင်သွားလို့ပါ ဒါလေးသောက်တာကို ဘာဖြစ်တာလဲ"
"အပိုတွေပြောမနေနဲ့ ပတ်ချန်ယောလ် မင်းအဲ့လိုလုပ်ပြီးညာညာသောက်နေတာ မသိဘူးများထင်နေလား။ တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် ငါတို့ဆီကတော့ရရင်ရသလို အကုန်ဂုန်းဆင်းပြီး ရည်းစားရှေ့ကြ သကြားဖေဖေကြီးစတိုင်နဲ့ လိုချင်တါမှန်သမျှအကုန်ဝယ်ပေး အကုန်ဝယ်ကျွေးနဲ့။ မိဘရှေ့ကြသေတော့မယ်ပုံစံနဲ့ ကားတွေအတင်းတောင်း။ ရည်းစားရှေ့ကြ အိမ်ကပဲအတင်းဝယ်ပေးသလိုနဲ့ ထည်လဲစီးပြ။ ဟိုကသူ့အကြောင်းမသိတာလည်း မဟုတ်။ ဒါတောင်ငယ်ငယ်တည်းကခင်လာပြီး ရည်းစားဖြစ်ကြလို့ ။ တက္ကသိုလ်ရောက်မှသိပြီးတွဲဖြစ်ကြရင် ဘယ်လောက်တောင်သောက်ပိုလုပ်လိုက်မလဲ။"
YOU ARE READING
About Dear Kyung And Me
Non-Fictionချစ်ခြင်းဆိုတာလှပတာမို့ ကိုယ်တို့ပုံဖော်ခဲ့တဲ့နေ့ရက်တိုင်းဟာ တန်ဖိုးရှိတာမို့ လိပ်ပြာပြာသန့်သန့်နဲ့ဆက်ချစ်နိုင်တယ်ကလေး။ အဆွီonlyပါ