Zawgyi
စိတ်ကူးတည်ရာ ကားလျောက်မောင်းပြီး သူအိမ်ပြန်ရောက်တော့ ည၁၀နာရီ။ နောက်ကျတာကြောင့်မားမားကဆူနေသော်လည်း သူအရင်လိုချွဲနွဲမနေတော့။ လက်ရှိသူ့မှဘာအင်အားမှမကျန်တာဆိုပိုမှန်လိမ့်မည်။ ပုံမှန်ထက်ပိုတိတ်ဆိတ်နေတဲ့သူ့ပုံကြောင့်မားမားကထပ်မဆူတော့ပေ။
အပေါ်ထပ်ကအခန်းထဲရောက်တော့ သူကုတင်ပေါ်လှဲချရင်းသူ့ဖုန်းကိုယူလိုက်သည်။ ချန်းနဲ့ဘတ်ဟွန်းဆီကအပြင် အကိုတို့မားမားတို့ဆီက အနီရဲရဲcallများသာရှိသည်။ သူခက်ခက်ခဲခဲတည်ဆောက်ထားတဲ့ relationshipတစ်ခုဟာ ဒီလိုပဲအဆုံးသတ်ရတော့မှာလားလို့တွေးမိတော့ မျက်ဝန်းထောင့်ကခပ်စိုစိုဖြစ်လာသည်။
ဂျောင်ဆူးငိုတာကလွဲရင် ကျန်တဲ့ယောကျာ်းလေးများငိုပါက သူကြည့်မရအောင်အမြင်ကပ်ဖူးသည်။ ယောကျာ်းတွေက သန်မာရတယ်မလား။ တစ်နည်းအားဖြင့် ချစ်ခင်ရတဲ့သူရှေ့မှာအားကိုးခံရဖို့ မိမိသန်မာကြောင်းပြဖို့လိုအပ်ပေသည်။ သန်မာတဲ့ယောကျာ်းတွေဟာ မျက်ရည်လွယ်လွယ်မကျတက်ဟုသူယူဆထားသော်လည်း သန်မာတဲ့ယောကျာ်းတွေမှာ နူးညံ့တဲ့နှလုံးသားတစ်ခုစီတော့ပါတက်သေးတယ်ဆိုတာ သူဒီနေ့မှသတိရမိသည်။ ယောကျာ်းတွေလည်း ငိုဖို့လိုအပ်သည်ပဲ။ အထူးသဖြင့် အသက်တမျြှမတ်နိုးရတဲ့သူတွေနဲ့ ပတ်သတ်ရင်ပေါ့။
ထိုညက ညတာရှည်သလို သူ့အတွေးတွေလည်း ကျယ်ပြန့်ရှည်လျားသည်။အတွေးတွေကအကန့်အသတ်မရှိဖူးမလား။ ရှေ့ဆက်ပြီး သူဘယ်ပုံဘယ်နည်းနဲ့ ဒီလူသားနဲ့ဆက်နွယ်ရမည်နည်း။ အာရုဏ်တက်ချိန်ရောက်မှသူအိပ်ပျော်တော့သည်။
တစ်ပတ်လောက်အိမ်ထဲမှာ သူလိမ့်ပိမ့်နေလို့အပြီးမှာ သူကျောင်းကိုမသွားမဖြစ်သွားဖို့အကြောင်းဖန်လာသည်။ tutorialတွေရှိတာကြောင့် မနက်ဖြန်တော့ကျောင်းသွားရမည်။ တစ်ပတ်အတွင်း အကိုတို့၊ချန်းတို့ဆီကအပြင် သူ့ဆီကဖုန်းတွေပါဝင်လာသည်။ ကိုင်လိုက်ရမလား ချလိုက်ရမလား ဝေဝါးစွာဖြင့်သူ့ရှေ့ကဖုန်းမျက်နှာပြင်လင်းလိုက်ပေါ်လိုက်ဖြစ်နေသည်မှာ အကြိမ်ကြိမ်အခါအခါ။
YOU ARE READING
About Dear Kyung And Me
Non-Fictionချစ်ခြင်းဆိုတာလှပတာမို့ ကိုယ်တို့ပုံဖော်ခဲ့တဲ့နေ့ရက်တိုင်းဟာ တန်ဖိုးရှိတာမို့ လိပ်ပြာပြာသန့်သန့်နဲ့ဆက်ချစ်နိုင်တယ်ကလေး။ အဆွီonlyပါ