Zawgyi
ဦး
အော် ရောက်လာပြီလား
ဟုတ်
ခဏလေး မင်းနေ့လည်စာမ စားရသေးဘူးမလား ငါမှာထားတယ် စားပြီးမှ ဆက်ပြောကြတာပေါ့
ဟုတ် ဦး
ကဲ ရပြီ မင်းလည်းကြိုက်တယ်မလား
ဗျာ ဒါတွေက
အင်းလေ ဂဏန်းငံပြာရည်ချက်နဲ့ ပုစွန်သုတ်
ပြီးတော့ ရေဘ၀ဲကင်ရယ် ပြည်ကြီးငါးသုတ်ရယ်
မင်းမကြိုက်ဘူးလား
ဟို ကျွန်တော်
byun baekhyun မင်းဘဲငါကို ငါကျေနပ်အောင်လုပ်ပေးမယ်ဆို စကားမများနဲ့ ဒါတွေစား
ဟုတ်
ဦး
ဘာလည်း
ကျွန်တော်ကို ပြောစရာရှိတယ်ဆို
ဘာလည်း မင်းက စိတ်မရှည်တာလား စားလို့တောင်မပြီးသေးဘူး
မဟုတ်ပါဘူး
ring ring
အေး ပြော
ဘာ ငါအခုလာပြီ
မင်းတစ်ယောက်တည်းစားတော့ ငါအရေးကြီးကိစ္စရှိလို့ သွားတော့မယ် နောက်မှ ပြောကြတာပေါ့
ဟုတ် ဦးဟယ် လာကြပါအုံး ကောင်လေးတစ်ယောက်
လဲကျသွားလို့
ဟျောင့် မင်းဝယ်တာ များနေပြီ ပြန်ရအောင်
အေးပါကွာ ဟိုမှာ ဘာဖြစ်တာလည်း မသိဘူး
လူတွေဝိုင်းအုံးနေတာဘဲ သွားကြည့်ရအောင်
အေးဘာဖြစ်တာလည်း ခဏလောက်
ဟင် Baekhyun ya
ဆေးရုံကိုဖုန်းဆက် မြန်မြန်
အေးအေးAt hostipal
လူနာက ပင်လယ်စာတွေနဲ့ မတည့်တာကို စားထားတယ်
ဒီအပြင် သခွာသီးဖျော်ရည်ပါ သောက်ထားသေးတယ်
အခု ဗိုက်ထဲက အစာတွေကို အကုန်စုပ်ထုတ်ထားပြီးပါပြီ
ခဏနေ သက်သာမှာပါ နောက်ဆို ဒါမျိုးတွေကို မစားမိပါစေနဲ့
အသက်အန္တရာယ် စိုးရိမ်ရပါတယ်
ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ဗျာBake က ကွာ မတည့်တာ သိသိကြီးနဲ့ ဘာလို့စားရတာလည်း
သခွားသီးဆို အနံ့တောင်မခံနိုင်တဲ့သူက သခွာသီးဖျော်ရည်ပါသောက်တယ် ပြီးတော့ ပင်လယ်စာတွေပါစားတယ်ဆိုတော့ ဒါ တစ်ခုခုဘဲ
အေး နေအုံး ဒီနေ့ သူ ဦးနဲ့တွေ့မယ်လိုပြောတာမလား
အေးဟုတ်တယ် ဒါဆို တမင်သက်သက် baek မတည့်တာသိလိုများ ကျွေးလိုက်တာများလား
အေး ဖြစ်နိုင်တယ်
တောက် ဒါတော့များသွားပြီ ကွ ငါသွားတွေ့မယ်
နေပါအုံး baek ကို စောင့်ကြည့်ရအုံးမယ်
baek အခြေအနေ အဆင်ပြေပြီဆိုမှ သွားမယ် ငါလည်းလိုက်မယ်
ငါတော့ အခုသွားပြီး ဆွဲထိုးပစ်ချင်နေပြီ
စိတ်လျှော့ပါ ကွာ ငါလည်းမင်းလိုလုပ်ပစ်ချင်နေတာပါဘဲ အခုတော့ခဏလေး စိတ်လျှော့ပါကွာ
တောက် လူယုတ်မာ