ONE

2.4K 183 19
                                    

Boring Life
Of
Jeon Jung Kook

************************************

နိုင်ငံ၏ လိုအပ်ချက်များထဲမှ အလွန်အရေးကြီးသော ပညာရေး နှင့်ပက်သတ်၍ ပုဂ္ဂလိက သင်တန်းကျောင်း များစွာပိုင်ဆိုင်သည့်ကြီးမားသော လုပ်ငန်းကြီး တစ်ခုကို ဦးစီးထားသူသည် ပျမ်းမျှအားဖြင့် အသက် ၂၅ ကျော်သာ ရှိသေးသည်ဟု ဆိုကြ၏။ GOLDEN 97 Group သည် နိုင်ငံအတွင်း အလွန်လူသိများသော ကောင်းပေ့ ဟူသည့် အထက်တန်းကျောင်းများစွာကို တည်ထောင်ထားသော Group ဖြစ်သည်။

ထို Group ကို ဦးစီးသူမှာ တစ်မိုးအောက် Jeon Jung Kook ဖြစ်ပြီး လောက၌ အထီးအကျန်ဆုံး လူသားဖြစ်၏။ အချိန်ကိုက်ဟုပဲ ဆိုရမည်လား ၁၉ နှစ်အရွယ်သူ့အား လုပ်ငန်းကိစ္စများ ရှေ့နေရှေ့ရပ် စာချုပ်စာတမ်းများနှင့်တကွ လွှဲပြောင်းပြီးချိန်တွင် မိဘများကား အက်စီးဒန့်ဖြစ်၍ ဆုံးပါးသွားရှာ၏။

ထို့ကြောင့် ဤလောကတွင် ၁၉ နှစ်ကစလို့ Jeon Jung Kook အတွက် အားကိုးရာမှာ သူကိုယ်တိုင်သာ ရှိတော့၏။ သူ၏ ဘဝသည် အလွန်ပျင်းရိဖွယ်ကောင်း၏။ အလုပ် ၊ အလုပ်နှင့် အလုပ်သာ ထပ်ခါတလဲလဲ ဖြစ်နေလေတော့၏။ သူ့အားကြည့်ကာ သနားနေမိသော ကုမ္ပဏီမှ သူငယ်ချင်း တဖြစ်လဲ ရှေ့နေ Nam Joon ၏ အကြံပေးကောင်းမှုကြောင့် သူ့ဘဝထဲမှာ ကလေး တစ်ယောက် ရောက်လာခဲ့တော့သည်။တကယ့် ကလေးတော့မဟုတ်ပေမယ့်ပေါ့။

ယနေ့လည်း ကျန်နေ့များလို Jeon သည် မနက် ၅နာရီ အိပ်ယာမှငေါက်ခနဲထ ထိုင်မည်။ အဘိုးအိုလေးလို မျက်နှာအားပွတ်သပ်ရင်း ဘေးရှိ (တန်ဖိုးကြီးပေးဝယ်ထားရသော) ခြကိုက်နေသည့်သစ်သား စားပွဲလေး ပေါ်မှ ကိုင်းမဲမဲထူထူနှင့် လေးထောင့်မျက်မှန်ကို ယူတပ်ရင်း ထမြည်လာသော နှိုးစက်ကို ပိတ်၏။

ပြီးဖြည်းညှင်းစွာထရင်း အိမ်စီးဖိနပ်ကိုစီးကာ ရေချိုးခန်းထဲ ဝင်သည်။ ဘေစင်ရှေ့ရောက်သော် မှိတ်ထားသော မျက်စိအစုံကိုဖွင့်ရင်း သွားပွတ်တံကိုယူကာ သွားတိုက်ဆေးကို ဖြည်းဖြည်း ထည့်သည်သူ့အကျင့်ကမှန်ကိုဇိမ်ခံကြည့်မနေတတ်ခြင်းပင်။ ကိုယ့်မျက်နှာကိုယ် ကြည့်နေပါကလည်း ဘာမှထူးခြားလာမည်မဟုတ်ဟု ယူဆထားသောကြောင့်။

dαd jєσn Where stories live. Discover now