TWO

1.2K 179 41
                                    

Poor Life
Of
Kim Nam Joon

**************************************

" မင်းကို အလုပ်ထုတ်လိုက်ပြီ! "

" ဗျာ! "

တကယ်တမ်း စိတ်မကောင်းသလို ညှိုးကျသွားသည့် မျက်နှာလေးနှင့် အံ့ဩဟန်ပြောလိုက်သော်ငြား Jimin အလွန့်အလွန်ဝမ်းသာသွားခြင်းဖြစ်ပါသည်။ဒီအလုပ်ကို ထွက်ချင်နေသည်မှာ အတော်လေးကြာပြီဖြစ်၏။ အိမ်က အကို၏ ပွစိပွစိအပြောတို့်ကို မခံလို၍သာ သူသွင်းပေးထားသော အလုပ်မို့ ကောင်းကောင်မွန်မွန် လုပ်ပေးနေရခြင်း။

ကြက်ကြော် Delivery လိုက်ပို့ပေးရတဲ့အလုပ်ကိုများ ရေးကြီးခွင်ကျယ်လုပ်ကာ ဆုံးမဩဝါဒများပေးနေသော ဤသူဋ္ဌေးကို ကြည့်မရသည့်ပြင် ဆိုင်မှာစားပွဲထိုးဆိုလည်းသူ ၊ သန့်ရှင်းရေးဆိုလည်း သူ ၊ ငွေကောင်တာထိုင်လည်းသူ ဘယ်အရာမဆို Park Jimin မပါလျှက်မပြီးတတ်။အခု အဲ့ဒီ ဆိုင်ရှင်ရဲ့တူ ပြန်ရောက်လာသောကြောင့် သူ့ကို အလုပ်မှထုတ်လိုက်ခြင်းဖြစ်သည်။

အလုပ်ထုတ်ရသည်မှာလည်း အကြောင်းရှိသည်။ သူကား ၁၀ မိနစ်မျှကြာမည့် ခရီးကို ၁နာရီလောက်ကြာအောင် ပို့ပြီး ကျန်အချိန်များ အလေ လိုက်သည်။တစ်ခါတစ်ရံ အကိုကို အလုပ်သွားမည်ဟု ဗန်းပြကာ တစ်ပတ်မှာ ငါးရက်လောက်အလုပ်က ခွင့်ယူသည်။ဆိုင်မှာလာသမျှ Customer တိုင်းနှင့်လည်း အကြောကသိပ်မတည့် ။ ဒီတော့ ကြာရင် သူ့ရဲ့ကြက်ကြော်ဆိုင်အရင်းပြုတ်ဖွယ်ရာသာ ရှိသည်။

ဒီလိုဝန်ထမ်းမျိုးမှအလုပ်မပြုတ်ရင် ဘယ်ဝန်ထမ်းပြုတ်ရမည်နည်း။တကယ်တမ်း Park Jiminတို့အလုပ်ပြုတ်ပြီဆိုတော့ လည်း ဆိုင်းမဆင့်ဘုံမဆင့်ပင်။အိမ်ကအကိုမေးရင် ဘယ်လိုပြန်ပြောရမည်လဲမသိ။ဆိုင်ရှင်က အကိုJin နှင့်ရင်းနှီးတာမို့ ဘာလို့အလုပ်ဖြုတ်တာလဲလို့ ဖုန်းလေးတစ်ချက်သာ ဆက်ပြီးမေးလိုက်ရင် အကုန်ပေါ်မှာဖြစ်ပြီး အကို့ရဲ့ ဒယ်ပြားစာမိမည်။

လွတ်လပ်ရေးလည်းဆုံးရှုံးရဦးမည်။အကိုက ကျန်သည့်အချိန်သာသဘော ကောင်းတာ။သူ့စကား နားမထောင်လျှင် လုံးဝမညှာတာတတ်။မုန့်ဖိုးလည်း ပေးမှာမဟုတ်သည့်အပြင် အိမ်ထဲကအိမ်ပြင်ပေးထွက် တော့မှာမဟုတ်။Park Jimin စိတ်ရှုပ်လာသဖြင့် ခေါင်းက ပန်းရောင်ဆံပင်များကို ဆွဲဖွရင်းကြံရာမရဖြစ်နေသည်။

dαd jєσn Where stories live. Discover now