FAR

3.8K 183 23
                                    

'ဆရာ ခုဘဲဆေးတွေရောက်လာနေပြီလို့ သတင်းပို့တယ်....'

သောက်လက်စဆေးလိပ်ကို ဆေးလိပ်ခံခွက်ထဲငြိမ်းလိုက်တယ်....

'ဘယ်ရောက်နေပြီတဲ့လဲ.....'

'နယ်စပ်ကိုတော့ဖြတ်ကျော်လာနိုင်ခဲ့ပြီဆရာ ခုဟိုက်ဝေးလမ်းမကြီးအဟောင်းဘက်ကနေသယ်လာနေပြီ  နောက်မိနစ်နစ်ဆယ်ဆို ရောက်ပြီ ဆရာ.....'

ခေါင်းတချက်ငြိမ့်ပြီး လက်ခါပြလိုက်သည်.....
ဆုံလည်ထိုင်ခုံပေါ်ထိုင်ရင်း ခုနာမီးသေနေတဲ့ဆေးလိပ်ကိုမီးပြန်ညှိရင်း...
ဆေးလိပ်အရသာကိုခံစားကြည့်လိုက်တယ်.....
ကောင်းတယ် ဆေးခြောက်လေးနဲ့သာဆို နိဗ္ဗာန်ကိုမခေါ်ဘဲရောက်နေပြီ....
တချက်ပြုံးရင် အငွေ့တွေကို မူတ်ထုတ်လိုက်တယ်....
.
.
.
ဖင်ဆီခံထိရောက်လာတော့မယ့်မီးစကို ခွက်ထဲလှမ်းထည့်ပြီးချေလိုက်တယ်....
အနောက်တိုင်းအကျီကို သေသေသပ်သပ်ဆွဲဆန့်လိုက်သည် အပိုလိုမရှိချောမောဆဲဖြစ်တဲ့ ကိုယ့်ပုံကိုယ် ရုပ်လုံးပေါ်မှန်ထဲကြည့်ကြီး တချက်ပြုံးလိုက်သည် ပေါ်လာတဲ့ပါးချိုင့်ကြီးကတော့ထင်းကနဲ.....
ကဲ ခုကိုယ့်သားသမီးတွေ သွားကြည့်ဖို့အချိန်ရပြီမလား.....
.
.
.
ဒီတံခါးရဲ့နောက်မှာ ကိုယ့်သားသမီးတွေရောက်နေပြီဆိုတဲ့အတွေးနဲ့တယ် ပီတိတွေဖြာနေပြီ...
တံခါးမလျောက်ခင် ဖြတ်လျောက်လာတဲ့လမ်းမှာအကုန်လုံးကရိုသေကျိုးနွံစွာ ခါးညွှတ်နူတ်ဆက်ကြသည်....
မျက်စောင်းဘက်ကလူက ကိုယ့်အားမော့ကြည့်နေသည်မြင်ရတော့ စိတ်ထဲတမျိုးဖြစ်သွားတယ်....
လှမ်းနေတဲ့ခြေလှမ်းကိုရပ်ပြီး မျက်စောင်ထိုးကထိုလူဆီဘက်ခြေလှမ်းလိုက်သည်....
ချက်ချင်းတုန်တက်သွားတာမြင်ရတော့ အပြုံးတခုချိတ်ဆွဲလိုက်သည်....

'နာမည်ဘလိုခေါ်လဲ.....'

ဩရှရှအသံကလွဲ အပ်ကျသံတောင်ထိုနားတဝိူက်မကြားရတော့ချေ....

'မေးနေတယ်လေ မင်းနာမည်ဘလိုခေါ်လဲ.....'

တဖက်ကလူက ထစ်ထစ်ငေါ့ငေါ့နဲ့.....

'ပတ်   အီဒို......'

နာမည်ပြောပြီး ချက်ချင်းဒူထောက်ချလိုက်တာမြင်တော့ မျက်လုံးပြူးပြလိုက်သည် အံဩချင်စရာကောင်းအောင် ဟန်ဆောင်လိုက်သည်.....

FARWhere stories live. Discover now