Zawgyi ver
ဆောင်းရာသီမှာပထမဆုံးကျတဲ့နှင်းကို တချို့လူတွေကတော့ချစ်ကြပေမယ့် တချို့သူတွေကတော့မနှစ်မျို့ကြဘူး။ ဘာလို့ဆို တချို့လူတွေက အဲ့ဒီပထမဆုံးနှင်းကြောင့် ပျော်ရွှင်ရပေမယ့် တချို့သူတွေကတော့ အဲ့ဒီနှင်းကြောင့် အခက်တွေ့ရတယ်လေ။
မိုးရာသီရဲ့ ပထမဆုံးရွာတဲ့မိုးကလည်း ထိုနည်းလည်းကောင်းပါပဲ။ မိုးကိုမျှော်နေတဲ့ လယ်သမားတွေကိုတော့ပျော်စေနိုင်ပေမယ့် ထီးယူဖို့မေ့လာတဲ့ ကျောင်းသား၊ ရုံးသမားတွေကိုတော့အခက်တွေ့စေတယ်။
ကျွန်တော်တို့ဘဝမှာပထမဆုံးဖြစ်ပေါ်လာတဲ့ First love ဆိုတဲ့အရာကလည်း ထူးမခြားနားစွာပဲ လူသားတွေကိုအုပ်စုနှစ်စုခွဲပစ်လိုက်တယ်။ အချစ်ဦးကိုပိုင်ဆိုင်ခွင့်ရပြီး ပျော်ရွှင်ရတဲ့ အုပ်စုနဲ့ အချစ်ဦးကြောင့် ပင်ပန်းဆင်းရဲခဲ့ရတဲ့ အုပ်စု။
Kim Namjoon လို့ခေါ်တဲ့ ကျွန်တော်ကတော့ဒုတိယအုပ်စုရဲ့ Main member တစ်ယောက်ပေါ့။ အချစ်ဦးကြောင့် ပင်ပန်းခဲ့ရတယ်။ စိတ်ညစ်ခဲ့ရတယ်။ နာကျင်ခံစားခဲ့ရတယ်။
ကျွန်တော့်ဘဝရဲ့အချစ်ဦးက အထက်တန်းကျောင်းတုန်းက ကျွန်တော့်ရဲ့ Best friend ဖြစ်ခဲ့တဲ့လူသားတစ်ဦး။ သူ့ရဲ့နာမည်က Kim Seokjin တဲ့။
သူဟာ ကျွန်တော့်ဘဝရဲ့အလှပဆုံးသောလူသားတစ်ယောက် ဖြစ်ခဲ့တယ်။ ကျောင်းသွား၊ကျောင်းပြန်အချိန်တွေအပြင် ကျွန်တော့်အနားမှာအမြဲလိုလိုရှိနေတတ်တဲ့သူ့ကို ကျွန်တော်ငေးကြည့်နေခဲ့ရဖူးတယ်။
အထက်တန်းကျောင်းရဲ့ပျော်စရာကောင်းတဲ့အချိန်တွေကို ကျွန်တော်တို့နှစ်ယောက်အတူတူဖြတ်သန်းခဲ့ကြဖူးတယ်။ ကျွန်တော်တို့ထက်အဆပေါင်းများစွာပိုချမ်းသာတဲ့မိသားစုမှာပေါက်ဖွားလာတဲ့သူက ကျွန်တော့်အိမ်ကို လွတ်လပ်တယ်ဆိုပြီးပိုသဘောကျတယ်လေ။
လူချစ်လူခင်ပေါလို့သူငယ်ချင်းမရှားနိုင်တဲ့သူက ကျွန်တော့်လိုခပ်ကြောင်ကြောင်ကောင်ကိုပဲ ကန်ထရိုက်ဆွဲထားသလို ဒိုင်ခံပေါင်းသင်းတယ်။
ကျောင်းပြန်တဲ့အချိန်တွေနဲ့ ကျောင်းပိတ်ရက်တွေမှာ ကျွန်တော့်အိမ်ကို လာလေ့ရှိတယ်။ ကျောင်းစာတွေကိုအတူတူလုပ်ကြတဲ့ကျွန်တော်တို့တွေကို အနားယူတဲ့အချိန်မှာဆို ကျွန်တော့်အိမ်မှာရှိတဲ့ ဂိမ်းစက်ဟောင်းကြီးက အဖော်ပြုပေးတယ်။
YOU ARE READING
Final love (Romance Mood On)
FanficSong inspired...Baby by Justin Bieber First love အစား..Final love ကအကောင်းဆုံးဖြစ်မယ်မလား ချစ်ရသူ။