.
.
ဆရာဝန်မလေး....
Jen ကတော့...သူမ ..နှိုက်လိုက်တဲ့..
မဲလိပ်က..မထင်မှတ်တဲ့...သူဖြစ်နေတော့....
ဘာပြောလို့ ပြောရမှန်းမသိ..
အံ့ဩမှုတွေပါတဲ့...
မျက်ဝန်းလေးတွေနဲ့..
Jisooကို ကြည့်နေမိတော့သည်။....အကြည့်ချင်းဆုံကြတာ...အချိန် မိနစ်ပိုင်းလေး ကြာသွားပြီမို့...
Jisoo ..ဘက်က စကားစလိုက်သည်။.."Doctor. .ဘာလို့အဲ့လောက်တောင် ကြည့်ရတာလဲ...Chu..အရမ်းချောနေလို့လား"
"ဘယ်သူပြောလဲ...ချောတယ်လို့ရှင်အတွေးမမှားနဲ့.."
"Doctor ဘဲစိုက်ကြည့်နေပြီတော့.."
"ရှင်..ဘာမှမပြောဘဲ နေလို့မရဘူးလား..."
"ဟုတ်ပါပြီ...မပြောနဲ့ဆိုလည်းမပြောတော့ပါဘူး...အခု Chu ကို ဘာလုပ်မှာလဲ..."
"ကျန်းမာရေး စစ်ဆေးပေးမယ်...ကျွန်မနောက်က လိုက်ခဲ့.."
"ဟုတ်...Doctor. ."
Jisoo လည်း. Jen ခေါ်ရာနောက်ကို လိုက်သွားလိုက်သည်။...
စစ်ဆေးခန်းထဲရောက်တော့...
Jen က..Jisoo ရဲ့ နှလုံးခုန်သံကို..နားကြပ်နဲ့ နားထောင်မိတော့...နားကွဲမတတ်..နားကြပ်ထဲက..ရင်ခုန်သံတွေက..ကျယ်လောင်လွန်းလှသည်။..
"ရှင်ဘာလို့...အဲ့လောက်တောင် နှလုံးခုန်ရတာလဲ..."
"ဒီအချိန်မှာ...Chu ရဲ့နှလုံးခုန်သံကို စမ်းသပ်ရင်..နားကြပ်မတပ်ဘဲနဲ့တောင်..နားထောင်လို့ရတယ် Doctor "
"ရိသဲ့သဲ့ မလုပ်နဲ့နော်..."
"Doctor. .Uniform ..လေးဝတ်ထားလိုက်ပါလား..."
"ဘာလို့လဲ..."
"Doctor ရဲ့ Sexy ကျလွန်းတဲ့ အလှတွေ ထဲမှာ Chu နှလုံးရပ်သွားလိမ့်မယ်..."
"ရှင်စကားပြောတာ...မရိုင်းနဲ့နော်.."
"Chu မရိုင်းပါဘူး..ဒီတိုင်း..Chu ရဲ့နှလုံးခုန်နှုံးကို ထပ်စမ်းသပ်ရင်
အဖြေမှန်မရနိုင်လို့ပါ.."Jisoo ပြောလိုက်တာကို Jennie က...မျက်စောင်းနဲ့ ထိုးချလိုက်ပြီး...သူ့အနားက ထွက်သွားလိုက်သည်။...
Jisoo ပြောတာလည်း မှန်ပါတယ်...jen က...အစက..စစ်ဆရာဝန်ရဲ့ Uniform ကို ၀တ်ထားပေမယ့်..ရာသီဥတုလည်းပူတာကြောင့်...Uniform ကိုချွတ်ထားလိုက်တာပါ...စမ်းသပ်ခန်းက..အရေးမကြီးတာကြောင့်...ပေါ့ပေါ့..ပါးပါး...ဖြစ်တဲ့ မီးခိုးရောင်..လည်ဟိုက် ဆွဲသား..လက်တိုကို ၀တ်ထားလိုက်မိတာ...jenရဲ့ အမှားဖြစ်သွား သလိုလို..။
YOU ARE READING
ထပ်တူညီသော...နှလုံးသား..💝
Fanfictionအချစ်မှာ...ဂုဏ်ထူး..အဆင့်..ခွဲခြားထားတာမရှိဘူး...ချစ်မိသွားရင်.... အရာအားလုံးက...တန်းတူနဲ့.. ထပ်တူကျသွားကြတာဘဲ...♡♡♡