အခန်း (၁) ကြယ်ကြွေည

6.9K 218 0
                                    

Unicode

သန်းခေါင်ယံအချိန်။
ယနေ့ည meteor shower (ကြယ်မိုးရွာခြင်း) ရှိသဖြင့် ကောင်းကင်တွင် ကြယ်တို့ တဖွဲဖွဲ ကြွေကျနေသည်။

XZ, Present

ထိုအချိန်တွင် အိပ်မပျော်သေးသောသူတစ်ဦး မီးထိန်ထိန်လင်းနေသည့် အိပ်ခန်းတစ်ခုထဲမှ စာကြည့်စားပွဲတွင် ထိုင်နေသည်။ နှုတ်ခမ်းရဲရဲကြည်ကြည်လေးတွေနှင့်၊ အောက်နှုတ်ခမ်းမှာ မှဲ့နက်ကလေးနှင့်၊ ကလေးလေးလို အပြစ်ကင်းစင်ပြီး မိန်းကလေးရှုံးအောင် ချောမောလှပသော ထိုလူသားလေးမှာ ရှောင်းကျန့်ဖြစ်သည်။ အဖြူရောင် ချည်သားညဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ယုန်ဖြူလေးလို ချစ်စရာကောင်းနေပြန်သေးသည်။ သို့သော် အနီးကပ် သေသေချာချာကြည့်မည်ဆိုလျှင် ရှောင်းကျန့်မျက်နှာလေး အနည်းငယ်နွမ်းနေသည်ကို မြင်နိုင်မည်ဖြစ်သည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်လုံးအောက်တွင် အညိုရိပ်ဖျော့ဖျော့သန်းနေသည်။ မျက်သားဖြူဖြူကြည်ကြည်သည် သွေးကြောမျှင်လေးများယှက်သန်းပြီး အနီရောင်ဘက်သို့လုနေသည်။

တကယ်ဆိုလျှင် ရှောင်ကျန့်အရမ်းပင်ပန်းနေပါပြီ။ The Untamed စတင် ထုတ်လွှင့်ပြသကတည်းက သူ့အချိန်ဇယားသည် အလုပ်သစ်များနှင့် ဖိတ်ကြားထားသော ပွဲများဖြင့် ပြည့်နှက်နေသည်။ အလုပ်ကြိုးစားသူပီပီ နားရက်မယူဘဲ လုပ်နိုင်သမျှအကုန် ဆက်တိုက်လုပ်ခဲ့သည်။ ပရိတ်သတ်ကိုလည်း ချစ်ခင်မှု လေးစားမှုအမြဲ​ပြခဲ့ သည်။ Interview တိုင်းကိုလည်း ယဉ်ကျေးချိုသာ လိမ္မာပါးနပ်စွာ ဖြေခဲ့သည်။ နေ့စဉ်နေ့တိုင်းကို အပြုံးချိုချိုလေး နှုတ်ခမ်းထက််တွင် ဆင်မြန်းကာ ရိုးသားမှု ကြိုးစားမှုတို့ဖြင့် ဖြတ်သန်းနိုင်ဖို့အတွက် စိုက်ထုတ်ရသော စိတ်စွမ်းအင် ကိုယ်စွမ်းအင်မှာ နည်းနည်းနောနောမဟုတ်။ ထိုကြားထဲတွင် ယခုရက်ပိုင်း အင်တာနက်ပေါ်မှာ တိုက်ခိုက်မှုများ ကြုံခဲ့ရသေးသည်။ မည်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဖူးသော်လည်း၊ အမြဲ ချိုသာနှိမ့်ချခဲ့သော်လည်း မနာလိုသူများ၏ မလိုမုန်းထားစိတ်ဖြင့် ပုတ်ခတ်ပြောဆိုမှုကိုတော့ တစ်ချိန်မဟုတ်တစ်ချိန် ကြုံရမည်မှာ လောကဓမ္မတာပင်မဟုတ်ပါလား။

နှစ်ဘဝနှစ်ကမ္ဘာWhere stories live. Discover now